Innwa-Ads-Banner-1-1170X200

“Semenyo ဆိုတာ လီဗာပူး အားကစားဒါရိုက်တာ Richard Huges ရဲ့ လက်ရာ”

ဘောလုံးလောကမှာ ဒါရိုက်တာ (သို့) မန်နေဂျာတိုင်းမှာ ကိုယ်တိုင်ယုံကြည်တဲ့ ကစားသမားရှိပါတယ်။ Liverpoolရဲ့ စပိုတ်တင်းဒါရိုက်တာ Richard Hughes အတွက်ကတော့ အဲဒီကစားသမားဟာ Antoine Semenyo ပဲဖြစ်နေနိုင်ပါတယ်။

Bournemouth မှာ Semenyo ရဲ့ ဒီရာသီ တိုးတက်မှုကတော့ ဩချလောက်စရာပါ။သူဟာ ဂိုးတွေပဲသွင်းနေတာမဟုတ်ပါဘူး။. ပွဲရလဒ်ကိုပါ ပြောင်းလဲပစ်နေတယ်။ သူဟာ ကြိုးစားရုံသာကစားတတ်တဲ့ကစားသမားထက်ပိုတယ်ဆိုတာကို အပတ်တိုင်း သက်သေထူနေပါတယ်။ သူဟာ ပြီးပြည့်စုံတဲ့ Premier League တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနေပြီ – မြန်ဆန်တယ်၊ အင်အားပြည့်နေတယ်၊ ခြေနှစ်ဖက်စလုံးသုံးနိုင်တယ်၊ လုံးဝကြောက်ရွံ့တတ်သူမဟုတ်ဘူး။

Hughes က Bournemouth မှာရှိနေတုန်းက Bristol City ကနေ Semenyo ကို ခေါ်ယူလာတဲ့ အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်။ ခုထက်ထိ သူဟာ အဲဒီဂါနာ တိုက်စစ်မှူးကို “ ကြမ်းတမ်းတဲ့ ကစားဟန်နဲ့ ရှားပါးတဲ့ တိုက်စစ်မှူး” လို့ Hugesကထောက်ခံခဲ့တယ် – ခေတ်သစ်ဘောလုံးမှာ ရှားပါးတဲ့ ပေါင်းစပ်မှုတစ်ခုပါပဲ။ အခုချိန်မှာ Hughes က Liverpool ရဲ့ ဒါရိုက်တာခုံမှာ ထိုင်နေပေမယ့် ဆက်လက်စောင့်ကြည့်နေတာတွေကမှေးမှိန်သွားခြင်းမရှိပါဘူး။

ကလပ်နဲ့အနီးစပ်ဆုံးသူတွေရဲ့အဆိုအရ Hughes ဟာ အစည်းအဝေးတွေမှာ Semenyo ကို အလွန်ချီးကျူးပြောဆိုခဲ့တယ် – သူ့ကို လိဂ်ရဲ့ undervalued လုပ်ခံထားရဆုံး striker တွေထဲက တစ်ယောက်လို့ ဆိုခဲ့တယ်။ သူရဲ့ဂိုးတွေကြောင့်သာမကပဲ… သူကိုယ်စားပြုတဲ့ အရာတွေကြောင့်ပါ – ဘယ်တော့မှ မခိုကပ်ဘူး။ စွမ်းအင်အပြည့်နဲ့ကစားတယ်။ ပွဲစကနေ ပွဲသိမ်းဝီစီသံအထိ ရှိသမျှပေးဆပ်တတ်တဲ့ ကစားသမားတစ်ယောက်ပါ။

Semenyo ဟာ Bournemouth ရဲ့ ဂိုးသွင်းအင်ဂျင်တစ်လုံးဖြစ်လာပြီ။ ဒီရာသီမှာ သူဟာ (၆)ဂိုးသွင်းပြီး အသံပြစ်ပြီးဖြစ်တယ် – Bournemouth ရဲ့ စုစုပေါင်းဂိုး ၇၀%မှာ တိုက်ရိုက်ပါဝင်ခဲ့တာပါ။ ဒါက သာမန်မဟုတ်ပါဘူး။ ကမ္ဘာ့အဆင့်စွမ်းဆောင်ရည်ပါပဲ။

သူဟာ ဘယ်၊ညာနှစ်ဖက်စလုံးနဲ့ ဂိုးသွင်းခဲ့တယ်၊ကျဉ်းမြောင်းတဲ့ထောင့်တွေကနေ မဟုတ်ရင်
Rocket ခပ်ဝေးဝေးကနေ သွင်းတယ်။ Fulham ကိုအနိုင်ယူခဲ့တဲ့ သူ့ရဲ့တစ်ကိုယ်တော်ဂိုးဟာ – ခံစစ်
နှစ်ယောက် နောက်ကောက်ကျန်ရစ်ခဲ့ရတယ်။ ဒါဟာ သူဘယ်လိုကစားသမားဆိုတာကို အကောင်းဆုံးပြောပြနေတာပါပဲ။- သတ္တိ၊ ဟန်ချက်ညီမှု၊ ပေါက်ကွဲစွမ်းအားတို့ရဲ့ ပြယုဂ်လည်းဖြစ်တယ်။

ဒါပေမယ့် ကိန်းဂဏန်းတွေရဲ့အလွန်မှာ Semenyo ကို ထူးခြားစေခဲ့တဲ့ အခြားအရာတစ်ခုရှိပါသေးတယ် – သူ့ရဲ့စိတ်ဓာတ်ပါ။ သူ ပွဲချ်ိန်တစ်ချိန်လုံးပြေးနေတာ မရပ်ဘူး။ ယုံကြည်နေတာကို မရပ်ဘူး။ Bournemouth အခက်တွေ့နေတဲ့အချိန်၊ အော်ဟစ်ကြိမ်းမောင်းနေတာ၊ အသင်းဖော်တွေကို တွန်းအားပေးနေတာ သူပဲဖြစ်တယ်။ သူဟာ အခွင့်အရေးဆိုတာ ကြိုးစားယူရတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုသိတဲ့သူတစ်ယောက်လို ကစားတယ်။

ဘက်စုံအသုံးတည့်တဲ့ ကစားသမားတွေကို တန်ဖိုးထားတဲ့ Hughes အတွက်တော့ Semenyo ဟာ အတော်လေး ကောင်းမွန်တဲ့ ခေတ်သစ်တိုက်စစ်မှူးတစ်ယောက်ပါပဲ။ သူဟာ ဘယ်ညာတောင်ပံမှာရော အလယ်မှာပါ ကစားနိုင်တယ်၊ Control နေရာယူပြီးကစားနိုင်သလို ဘောလုံးကိုလည်းထိန်းနိုင်တယ်၊ ပြီးတော့ ခံစစ်မှာလည်း ပံ့ပိုးပေးနိုင်တယ်။ Hughes က သူ့ကိုကြည့်ပြီး “ ငါတို့ အနီရောင်ဝတ်စုံထဲမှာ လိုအပ်နေတဲ့ ကစားသမားမျိုးပဲ” လို့ တွေးနေမယ်ဆိုတာ သင် မြင်ယောင်ကြည့်လို့ရပါတယ်။

-တကယ်တမ်းကျတော့ သူ့ကို Liverpool ကိုခေါ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ Bournemouth က သူတို့မှာဘာရှိတယ်ဆိုတာ အတိအကျသိကြတယ်။ သတင်းတွေအရ ပေါင်(၇၀)သန်းကျော်လောက် တန်ဖိုးသတ်မှတ်ထားတယ်လို့ဆိုတယ် – နှစ်နှစ်အတွင်း သူဘယ်လောက်တိုးတက်လာသလဲဆိုတာကို ပြနေတဲ့ ငွေပမာဏပါ။ ဒါပေမယ့် Hughes က တကယ်လိုချင်ရင်၊ သူဟာ အခြားသူတွေထက် ဒီကစားသမားအကြောင်းကို ပိုပြီးသိနှင့်ပြီးသားဖြစ်နေမှာပါ။ Semenyo ရဲ့ အားသာချက်တွေ၊ သူ့ရဲ့ပင်ကိုယ်စရိုက်၊ သူကစားဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင်အမျိုးအစားကို သူသိနေမှာပါ။

ဒါကြောင့်ပဲ ဒီဆက်စပ်မှုလေးက ထူးခြားတယ်လို့ ခံစားရတာ။ ဒါဟာ ရိုးရိုးအပြောင်းရွှေ့ကောလဟလတစ်ခုထက်ပိုပါတယ် – ဒါဟာ ဘောလုံးဒဿနအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ဆက်သွယ်မှုတစ်ခုပါ။

-Bournemouth ဆက်တက်နေပြီး Semenyo ဆက်လက်တောက်ပနေသရွေ့ “ Semenyo by Hughes” ရဲ့ ဇာတ်လမ်းဟာ Premier League ရာသီရဲ့ အဓိပ္ပာယ်အရှိဆုံး ဇာတ်လမ်းတွေထဲက တစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ အရင်က သူ့ကိုရှာဖွေတွေ့ရှိခဲ့တဲ့ ဒါရိုက်တာ၊ အခုတော့ Anfield ကနေ သူ့ကိုကြည့်နေတယ်။ ပြီးတော့နီးစပ်ရာ အနာဂတ်မှာ၊ အဲဒီလမ်းကြောင်းနှစ်ခုဟာ ထပ်တွေ့ဆုံကြဦးမလား?