Premier League ရာသီတိုင်းမှာ underdog အသင်းကနေ အမြဲရေပန်းစားလေ့ရှိတဲ့ underrated နာမည်တစ်ခုရှိပါတယ် ။ သတင်းခေါင်းစဉ်တွေအားလုံးကို သူနာမည်က နေရာမယူနိုင်ပေမယ့် သူ့ရဲ့သက်ရောက်မှုက သူ့အသင်းရဲ့ Rhythm စည်းချက်ကို တိတ်တဆိတ် ဟန်ချက်ညိအောင် ညှိပေးနေသူဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ အဲဒီနာမည်က… Josh Cullen ပါ။
ဟုတ်ပါတယ် – Declan Rice မဟုတ်၊ Martin Odegaard မဟုတ်၊ Rodri လည်းမဟုတ် – Burnley ရဲ့ ကွင်းလယ်ကစားသမား Cullen ပါ။ နာမည်ကြီး football website တစ်ခုဖြစ်တဲ့ The Score System အရ လက်ရှိမှာ Premier League ရဲ့ အလယ်တန်းကစားသမားတွေထဲမှာ ထိပ်ဆုံးကနေရာမှာရှိနေသူပါ။ ဇယားအောက်ခြေနားမှာ ရုန်းကန်နေရတဲ့ အသင်းတစ်သင်းက ကစားသမားတစ်ယောက်… ဒါပေမယ့် လိဂ်ရဲ့ အကောင်းဆုံးတစ်ယောက်လို စွမ်းဆောင်နေသူပါ။ဒါဟာ ဘောလုံးမှာအမြဲတမ်း ထိပ်တန်းကစားသမားတွေရဲ့ အကြောင်းပဲမဟုတ်ဘူးဆိုတာကို သတိရစေခဲ့ပါတယ်။ ဒါ
The score system ဟာ ကွင်းလယ်ကစားသမားတစ်ယောက်ကို တိုက်စစ်လိုက်ပါနှုန်းကနေ ခံစစ်ပါဝင်မှုနှုန်းအထိ ကိန်းဂဏန်းအပြည့်အစုံအပေါ် အခြေခံပြီး အရာအားလုံးကို တိုင်းတာပါတယ်။ ကစားသမားတွေကို နောက်ဆုံးFinal Zone ထဲကိုပေးပို့မှုနှုန်း၊ အခွင့်အရေးဖန်တီးမှု၊ ဘောလုံးထိချက်တွေအထိ တိုင်းတာ နှိုင်းယှဉ်ပါတယ်။ အဲဒီရှု့ထောက်ကနေကြည့်ရင် Josh Cullen ဟာ ပွဲကိုအလှည့်ပြောင်းဖြစ်စေတဲ့ အခိုက်တန့်တွေကိုဖန်တီးနေသူမဟုတ်ပေမဲ့ သူရဲ့ ဘောလုံးထိန်းချုပ်
မှု အပိုင်းကတော့ သိသိသာသာ သာလွန်နေခဲ့တယ်။
သူဟာ တစ်ပွဲလုံးပျှမ်းမျှ ဘောလုံးထိန်းချုပ်နိုင်စွမ်း ၇၃%*နဲ့ Premier League အလယ်တန်းကစားသမားအားလုံးရဲ့ အထက်မှာရှိနေပါတယ်။ Progress Pass အောင်မြင်မှုနှုန်းမှာ ထိပ်ဆုံး ၅ယောက်အတွင်းမှာရှိပါတယ်။ Final Zoneထဲကို တစ်ပွဲပျှမ်းမျှ ၉ကြိမ် ထိ ပေးပို့ထားနိုင်တယ်။ မိနစ် ၉၀ ကို ၀.၃ကြိမ်ထိ through ball ပေးပို့မှုနဲ့ တိုက်စစ်FinalZoneထဲမှာ ဘောလုံးလက်ခံတဲ့အရေတွက် ၁၀ ကြိမ်ထိ ရှိတယ်။
Burnley လို ပွဲစဉ်အများစုမှာ ဖိအားအောက်ရောက်နေရတဲ့ အသင်းတစ်သင်းအတွက်ကတော့ ဒါဟာ အံ့သြစရာပါပဲ။ ဆိုလိုတာက Cullen ဟာ ရုန်းကန်ကျော်လွှားနေရတာသာမကပဲ ကစားဟန်ကိုညွှန်ကြားနေတာ၊ ဘောလုံးလမ်းကြောင်းရှာပေးနေတာပါ။
သူ့နောက်ကနေ ဒုတိယလိုက်နေသူက Arsenal ရဲ့ ကပ္ပတိန် Martin Odegaard ဖြစ်ပြီး တစ်ပွဲလုံးပျှမ်းမျှ ဘောလုံးထိန်းချုပ်နိုင်စွမ်း၇၂% ထိရရှိပါတယ်။ သူ့အတွက်တော့ ဒဏ်ရာရလိုက် ကစားလိုက်ဖြစ်နေ ရာသီဖြစ်ပေမယ့် အကောင်းဆုံးမှတ်တမ်းကိုပိုင်ဆိုင်ထားနိုင်ဆဲဖြစ်ပါတယ်။ ဒဏ်ရာတွေက သူ့ရဲ့Rhythm စည်းချက်ကိုပျက်စေတယ် – ဒါပေမယ့် သူကွင်းထဲရောက်လာချိန်မှာတော့ Arsenal ဟာ ခြားနားစွာ ရွေ့လျားတယ်။ သူဟာ ပွဲစဉ်တစ်ခုကို ပင်နယ်တီ ဧရိယာထဲ အောင်မြင်တဲ့ပေးပို့မှု **၄ကြိမ်ထိရှိတယ်။ နောက်ဆုံးFinal Zoneထဲကို ပေပို့မှု ၈ကြိမ် ပျမ်းမျှရှိပါတယ်။ ဒီကိန်းဂဏန်းတွေကပဲ Odegaard ဟာ ကြံ့ခိုင်မှုအပြည့်အဝမရှိရင်တောင် လိဂ်ရဲ့ ဖန်တီးမှုအားကောင်းသူတွေထဲက တစ်ယောက်ဖြစ်နေရတဲ့ အကြောင်းရင်းကို ပြနေပါတယ်။
ဒါပေမယ့် Cullen ရဲ့ သာလွန်မှုက ဟန်ချက်ညီမှုကနေ လာပါတယ် – သူ့ရဲ့ ခံစစ်ကိန်းဂဏန်းတွေဟာ သူ့ရဲ့တိုက်စစ်ပံ့ပိုးမှုနဲ့ ကိုက်ညီနေတယ်။ သူဟာ မိနစ် ၉၀ တိုင်း ဘောလုံးတားဆီးဖြတ်ယူနိုင်မှု ၁.၅ ကြိမ်နဲ့ ဘောလုံးရှင်းလင်းမှု ၃ ကြိမ်
နီးပါး ပျမ်းမျှရှိပါတယ် ။ Low Blockကနေအမြဲကာကွယ်ကစားနေရတဲ့ အသင်းတစ်သင်းမှာ ဒီကိန်းဂဏန်းတွေဟာ အဓိကကျလာခဲ့ရပါတယ်။ ဒီရောနှောမှု – တည်ဆောက်ပုံနဲ့ စွမ်းရည် ကပဲ သူ့ကို Special ဖြစ်စေတာပါ။
သူတို့နောက်မှာတော့ Nottingham Forest က Elliot Anderson က တတိယနေရာမှာရှိပြီး Liverpool က Ryan Gravenberch နဲ့ ရမှတ်တူပါတယ်။ နှစ်ယောက်စလုံးက လူငယ်တွေဖြစ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ အသစ်တွေကို ဖောက်ထွက်နေကြသူတွေပါ။
ပြီးတော့ Declan Rice က ထိပ်ဆုံးငါးယောက်ထဲမှာ ပါဝင်လာပါတယ်။ ဒါဟာ အရမ်းထူးခြားတဲ့ကိစ္စတော့မဟုတ်ပါဘူး။Final Third Zoneထဲကို တိုက်ရိုက်ပေးပို့မှု တစ်ပွဲပျှမ်းမျှ ၄ကြိမ်ရှိပြီး တိုက်စစ်ခံစစ်ကို ချိတ်ဆက်
ပြောင်းလဲတဲ့ ပေးပို့မှုတွေမှာ ၈၃% အောင်မြင်မှုရှိပါတယ်။ Rice ဟာ ဒီတစ်ကြိမ်မှာ ဇယားရဲ့ထိပ်ဆုံးမှာ မရှိပေမယ့် သူ့ရဲ့ခြေစွမ်းကတော့ အမြဲတည်ငြိမ်လျက်ပါပဲ။ Arsenal ရဲ့ ချန်ပီယံဆုအတွက် ပြိုအခြေခံအုတ်မြစ်ပါပဲ။
ဒီတော့ Cullen ဟာ ဒီကြယ်ပွင့်အားလုံးထက်အပေါ်မှာရှိနေတာကို ပိုပြီးအထင်ကြီးစရာကောင်းစေတဲ့အရာက ဘာလဲ။ သူဟာ ကမ္ဘာ့အဆင့်မီ အသင်းဖော်တွေမရှိဘဲ၊ အသင်းကဘောလုံးပိုင်ဆိုင်မှုမရှိဘဲ၊ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ကစားနေတာပါ။ သူထိသမျှဘောလုံးထိချက်တိုင်းဟာ ဖိအားအောက်မှာပါ။
ဒါပေမယ့်လည်း တစ်ပွဲပြီးတစ်ပွဲ ဒေတာတွေကပြောနေတာက သူဟာ အခြားလူတွေထက်ပိုပြီး ကောင်းကောင်းလုပ်နေတယ်ဆိုတာပါပဲ။ Josh Cullen ဟာ လူအများစုလျစ်လျူရှုထားတဲ့ နေရာလွတ်တွေကိုမြင်တယ်၊ ရည်ရွယ်ချက်ရှိရှိ ဘောလုံးကိုအသုံးချနိုင်တယ်။
ဒီတော့ ကျွန်တော်တို့ အောက်တိုဘာလထဲကို ဝင်ရောက်လာတဲ့ Premier League ရဲ့ အကောင်းဆုံးအလယ်တန်းကစားသမားဟာ ဖလားစိန်ခေါ်သူဝအသင်းရဲ့ ကပ္ပတိန်တန်းတည်းမဝတ်ထားသလို Anfield မီးရောင်ထဲမှာလည်း လှည့်လှည့်မနေပါဘူး။ကျွန်တော်တို့ အလယ်တန်းကစားသမားတွေအကြောင်းပြောတဲ့အခါ သတင်းခေါင်းစဉ်တွေရဲ့အလွန်ကို ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေတောက်ပမှုဟာ ပုန်းကွယ်နေလို့ပါ။ ပြီးတော့ လက်ရှိအချိန်မှာ အဲဒီတောက်ပမှုရဲ့ နာမည်က… Josh Cullen ပါ။