အချို့ လေယာဉ်ခရီးစဉ်တွေ ဘယ်တော့မှ ဆိုက်ရောက်လာခြင်း မရှိခဲ့ပါဘူး။ အသင်းတစ်
သင်းလုံး ပျံသန်းထွက်ခွါသွားပြီး ကောင်းကင်က သူတို့ကို အပြီးအပိုင် သိမ်းပိုက်သွားခဲ့ပါတယ်။
လူတွေက ဒါကို “Football’s Bermuda Triangle” လို့ခေါ်ကြတယ်။ မိနစ်ပိုင်းအတွင်း အသင်းတစ်သင်းလုံး၊ အိပ်မက်တစ်ခုလုံး ပျောက်ကွယ်သွားတဲ့ ဖြစ်ရပ်ဆိုး လေးခုအကြောင်းပါ။
၁၉၄၉ ခုနှစ် မေလ ၄ ရက်။
Torino – အီတလီနိုင်ငံရဲ့ သက်တမ်းရင့် လျှမ်းလျှမ်းတောက်ခဲ့တဲ့ အသင်းဟောင်းကြီး။ Lisbon ကနေ ပြန်လာတယ်။ ငါးနှစ်ဆက်တိုက် ချန်ပီယံ။ Turin မြို့ပေါ်မှာ မြူထူထပ်နေတယ်။ လေယာဉ်မှူးက မြူကိုရှောင်မောင်းရင်းဆီဝင်ဖြည့်ဖို့ Supergaကို ဆင်းဖို့လုပ်တယ်။ လေယာဉ်ဟာ Superga တောင်ပေါ်က ဘုရားကျောင်းနံရံကို တစ်နာရီ မိုင် ၁၁၀ နဲ့ တိုက်မိပြီး အပိုင်းပိုင်း ပြိုကွဲသွားတယ်။ လိုက်ပါလာသူ ၃၁ ယောက်စလုံး ချက်ချင်း သေဆုံးခဲ့တယ်။ကစားသမား ၁၈ ယောက်။ အီတလီ လက်ရွေးစင် ၁၀ ယောက်ပါတယ်။ Captain Valentino Mazzola လက်ထဲမှာ Portugal က လဲလှယ်ခဲ့တဲ့ အလံလေးလက်မှာဆုတ်ကိုင်ထားဆဲ။ နှစ်စဉ် မေလ ၄ ရက်နေ့မှာ Torino ပရိသတ်တွေ အဲဒီတောင်ပေါ်ကို တက်ပြီး ဝမ်းနည်းအောက်မေ့ဖွယ်အထိမ်းမှတ်လုပ်ကြတယ်။
၁၉၅၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်၊ Munich။
Manchester United ရဲ့ Busby Babes လို့ခေါ်ကြတဲ့ လူငယ်ကြယ်ပွင့်တွေ Belgrade ကနေ ပြန်လာတယ်။ ဆီဖြည့်ဖို့ Munich မှာ ဆိုက်တယ်။လေယာဉ်ပြေးလမ်းမှာ နှင်းတွေ စိုစွတ်နေတယ်။ ၂ကြိမ်ဆက်တိုက်ပျံဖို့ကြ်ိုးစားတယ်။ တတိယအကြိမ် ပျံတက်ချိန် လေယာဉ်ဟာ မြေပြင်ကနေ မထွက်နိုင်တော့ဘူး။ လေယာဉ်ပြေးလမ်းကိုကာထားတဲ့ ခြံစည်းရိုးကို ဖြတ်ပြီး အိမ်တစ်လုံးကို တိုက်မိတယ်။ လေယာဉ် ပေါက်ကွဲထွက်သွားခဲ့တယ်။
၂၃ ယောက် သေဆုံးခဲ့တယ်။ ကစားသမား ၈ ယောက်။ Duncan Edwards ဆိုတဲ့ ၂၁ နှစ်သားဟာ ဆေးရုံမှာ နှစ်ပတ်ကြာနေခဲ့ရပြီးသေမင်းကိုရုနမနိုင်ခဲ့ဘူး။ Bobby Charlton ဟာ သွေးတွေနဲ့ အပျက်အစီးထဲက ထွက်လာခဲ့တယ်။ ဆယ်နှစ်အကြာမှာ European Cup ချန်ပီယံဖြစ်တဲ့အချိန် သူ ငိုခဲ့တယ် အပျက်အစီးထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေအတွက်ပါ။
၁၉၉၃ ခုနှစ် ဧပြီလ ၂၇ ရက်၊ ညအချိန်၊ Atlantic သမုဒ္ဒရာ အထက်မှာနောက်ထပ်ဖြစ်ရပ်ဆိုးတစ်ခုရှိခဲ့သေးတယ်။ Zambia ရဲ့ ရွှေရောင်မျိုးဆက် တစ်ခုလုံး World Cup ခြေစစ်ပွဲဆီ ပျံသန်းနေတယ်။ Gabon မှာ ဆီဖြည့်တယ်။
ထွက်ခွာပြီး မိနစ်ပိုင်းအတွင်း ဘယ်ဘက်အင်ဂျင်မီးလောင်တယ်။ ကြောက်အားလန့်အားနဲ့လေယာဉ်မှူးက မှားပြီး ညာဘက်အင်ဂျင်ကို ပိတ်လိုက်တယ်။ လေယာဉ်ဟာ ပင်လယ်ထဲ ကျသွားတယ်။ လေယာဉ်ပေါ်မှာပါလာတဲ့ အယောက်၃၀လုံးသေဆုံးခဲ့တယ်။ ကစားသမား ၁၈ ယောက်၊ နည်းပြအဖွဲ့တခုလုံး ပျောက်သွားပြီး အစနတောင်ပြန်မရခဲ့ဘူး။ Captain Kalusha Bwalya က ဥရောပကနေ သီးသန့်လာနေတာ ကြောင့်လေယာဉ်ပေါ်မှာ မပါခဲ့ဘူး။ သတင်းကြားပြီး လေဆိပ်ကြမ်းပြင်မှာ အော်ငိုခဲ့တယ်။ ၁၉ နှစ်အကြာမှာ Zambia ဟာ Africa Cup of Nations ချန်ပီယံဖြစ်ခဲ့တယ်။ အဲဒီနေ့က ကစားသမားတွေ ပျောက်ဆုံးခဲ့တဲ့ မြို့ထဲမှာပဲပေါ့။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်၊ Colombia တောင်တန်းတွေမှာဖြစ်ပျက်ခဲ့တာတစ်ခုရှိတယ်။ Chapecoense – ဘယ်သူမှ မသိတဲ့ အသင်းလေး ဟာ အသင်းသမိုင်းရဲ့ အမြင့်ဆုံး ပွဲဆီ ပျံသန်းနေတယ်။ လေဆန်မှုမရှိအောင် ဆီဖြည့်ခဲ့တယ်။ Medellín ကို မိုင် ၂၀ လောက်အလိုမှာလျှပ်စစ်စနစ် ပြတ်တောက်သွားတယ်။ လေယာဉ်ဟာ တောင်ပေါ်မှာ ပြုတ်ကျတယ်။ ခရီးသည် ၇၇ ယောက်ထဲက ၇၁ ယောက် သေဆုံးခဲ့တယ်။ ကစားသမား ၁၉ ယောက်၊ နည်းပြ၊ အသင်းဥက္ကဋ္ဌပါပါသွားတယ်။ အသင်းတခုလုံး နီးပါး ပျောက်သွားခဲ့တာပါ။အသက်ရှင်ခဲ့တဲ့ ကစားသမား သုံးယောက်ထဲက တစ်ယောက်ခြေထောက်ဆုံးရှုံးခဲ့ရတယ်။ တစ်ယောက်က အခုထိ ကစားနေဆဲပါ။
Superga။
Munich။
Gabon ကမ်းလွန် Atlantic ပင်လယ်။
Medellín အပြင်ဘက် Cerro Gordo တောင်။
လေယာဉ်လေးစင်း။
အိမ်ပြန်မရောက်ခဲ့တဲ့ အသင်းလေးသင်း။
ဒီသမိုင်းတွေဟာ ဘောလုံးလောကရဲ့ဖြစ်ရပ်ဆိုးသမိုင်းတွေပါ။ ဖြစ်ရပ်လေးခုလုံးမှာ ထူးထူးခြားခြား တစ်ထောက်နားပြီး ဆီဝင်ဖြည့်တဲ့ ဖြစ်စဉ်လေးခုက တိုက်ဆိုင်နေခဲ့တယ်။ ဒါကြောင့် ဘောလုံးခရီးစဉ် လေကြောင်းလိုင်းတော်တော်များများဟာ ဆီဝင်ဖြည့်တဲ့ အလုပ်ကို ၂၀၁၆ခုနှစ်ထဲက ရှောင်လာကြတယ်။ ဒါကြောင့် ဒီဖြစ်ရပ်က်ို Football’s Bermuda Triangle” ဆိုပြီးလဲ ခေါ်ဝေါ်ခဲ့ကြတာပါ။