Innwa-Ads-Banner-1-1170X200

အသင်းကြီးတွေ အနိုင်ရ ခြေစွမ်းပြခဲ့ကြတဲ့ ချန်ပီယံလိဂ်ညချမ်း

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမနေ့ပွဲစဉ်တွေမှာတော့ ရီးရဲ၊ အာဆင်နယ်၊ ဗီလာ တို့လို အသင်းကြီးတွေက ကိုယ်စီ အနိုင်ပွဲတွေ ရခဲ့ကြပါတယ်။ ဒေါမွန်အသင်းကတော့ လိုင်လီကို အိမ်ကွင်းမှာ သရေသာရအောင် ကန်နိုင်ခဲ့တာ တွေ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ဂျူဗီအသင်းကို ကျော်ဖြတ်လာနိုင်ခဲ့တဲ့ PSV အသင်းကို အဝေးကွင်းမှာ အိုဒီဂတ် ၂ဂိုး၊ တင်းဘား၊ ဝမ်နရီ၊ ထရော့ဆတ်၊ မာရီနို၊ ကာလာဖီအိုရီတိုရဲ့ သွင်းဂိုးတွေနဲ့ 7-1 ဆိုတဲ့ ရလဒ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နောက်တဆင့်မှာ ခုံနေရာဦးထားနိုင်ခဲ့ပါပြီ။

ရီးရဲအသင်းကလည်း မဟာပြိုင်ဘက် အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ ရိုဒရိုင်ဂို၊ ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၁ ရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် တီကိုအသင်းကလည်း အဲဗရက်ဇ်ရဲ့ သွင်းဂိုး ၁ ဂိုး ပြန်လည်ရရှိထားတာကြောင့် ကံသေကံမ ပြောမရတဲ့ အနေအထားတစ်ခုလို ဆိုရပါမယ်။

ဗီလာကတော့ အဝေးကွင်းမှာ ကလပ်ဘရုချ်ကို ၁-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗီလာအတွက်သွင်းဂိုးတွေကိုတော့ ဘိုင်လေနဲ့ အဆန်စီယိုတို့ကသွင်းယူပေးခဲ့ပြီး အိမ်ရှင်အသင်းရဲ့ မီခီးလီကလည်း OG တစ်ဂိုးလက်ဆောင်ပေးလိုက်ပါသေးတယ်။

ဒေါမွန်ကတော့ အဒီယီမီရဲ့ ၂၂မှာ သွင်းတဲ့ဂိုးနဲ့  ဦးဆောင်နိုင်ခဲ့ပေမယ့် လိုင်လီက ဟယ်ရက်ဆန်က ချေပဂိုးပြန်သွင်းသွားလို အိမ်ကွင်းမှာ ၁-၁ သာရခဲ့ပါတယ်။ အဝေးကွင်းမှာ ရုန်းကန်ရမယ့် အနေအထားပါ။

နောက်ပွဲစဉ်မှာတော့

PSG-လီပါပူး

ဘိုင်ယန်မြူးနစ်-လေဗာကူဆန်

ဖီယင်နု-အင်တာ

ဘင်ဖီကာ-ဘာကာ စတဲ့ ပွဲကောင်းတွေရှိနေသေးလို ဆက်လက်စောင့်ကြည့်ကြပါဦးစို့