ပွဲက စပြီးမကြာသေးခင်မှာပဲ Liverpool အတွက်ကပ်ဆိုက်ခဲ့တယ်။စက္ကန့် ၆၀ အတွင်းမှာပဲ — Amad Diallo ရဲ့ မြန်ဆန်တဲ့ပြေးမှု၊ ပါးနပ်တဲ့ ဖြတ်ပြေးမှု၊ ပြီးတော့ ၁မိနစ်ကျော်ကျော်မှာတင် Bryan Mbeumo ကသွင်းလိုက်တယ်။ စက္ကန့် ၈၀အတွင်းManchester United က ၁-၀ နဲ့ ဦးဆောင်သွားတယ်။
Liverpool ကစားသမားတွေကို ကြက်သေ သောစေသွားသလိုပဲ။ သူတို့တွေ ပွဲစဖို့ အရှိန်ယူနေတုန်းမှာပဲ United ရဲ့ အင်္ကျီတွေက သူတို့က်ို ဝန်ထုပ်ဝန်းပ်ိုးပေးလိုက်နိုင်ခဲ့တယ်။ Anfield က ဆိတ်ငြိမ်သွားခဲ့တယ်။Rúben Amorim ရဲ့ United အတွက်ကတော့ ဒါဟာ ခုမှအောင်မြင်မှုအစ – စိတ်ထက်သန်မှုယုံကြည်မှုပြည့်ဝမှု နဲ့ ကြမ်းကြုတ်တဲ့နိုင်ပွဲလဲဖြစ်တယ်။ Arne Slot ရဲ့ Liverpool အတွက်ကတော့ သူတို့မျှော်လင့်မထားတဲ့ အိပ်မက်ဆိုးဖြစ်ခဲ့တယ်။
အစောပိုင်းဂိုးကြောင့် ပွဲစဉ်က နည်းဗျူဟာဆိုင်ရာ တိုက်ပွဲတစ်ခုဖြစ်လာတယ်။Liverpool က ဘောလုံးကို ချုပ်ကိုင်ထားနိုင်တယ် ။ပင်လယ်လှိုင်းလို တစ်လှိုင်းပြီး တစ်လှိုင်း ဒါပေမယ့် ဂိုးသွင်းဖို့လမ်းကြောင်းမရှိခဲ့ဘူး။
Mohamed Salah အဆိုးဆုံးပဲ။ တကယ် line up အောက်မှရတော့မယ်။ ဆာလာမရှိတဲ့အချိန်ကို ဦးတည်ပြီး တည်ဆောက်မယ်ဆို ဆာလာကို ထုတ်ရဲရမယ်။ Dominik Szoboszlai ရဲ့ ပေးပို့မှုတွေကို United ရဲ့ ခံစစ်က အတိအကျဖတ်နိုင်ခဲ့တယ်။ Liverpool ရဲ့ ထိုးဖောက်မှုတိုင်း Maguire and De Light တို့က ဦးဆောင်ပြီး၊ ရှင်းလင်းခဲ့ကြတယ်။
ဒါပေမယ့်လည်း၊ အခွင့်အရေးတွေက ရောက်လာခဲ့တယ်။Cody Gakpo က တိုင်ထိခဲ့တယ်။
နောက်တစ်ကြိမ် ထပ်ထိခဲ့တယ်။နောက်ထပ်တစ်ကြိမ်။သုံးကြိမ်တိုင်တိုင် ဂိုးကသူ့ကို ငြင်းပယ်ခဲ့တယ် Liverpool ရဲ့ ညအတွက် ကြမ်းတမ်းတဲ့ ပုံရိပ်တစ်ခုပါပဲ။
ဒါပေမယ့် Liverpool က Anfield မှာ အလွယ်တကူ အရှုံးပေးလေ့မရှိဘူး။ ၇၈ မိနစ်မှာ၊ ဂိုးရမယ့်အခိုက်အတန့်က နောက်ဆုံးရောက်လာခဲ့တယ်။ လူစားဝင်Federico Chiesa က ညာဘက်ကနေ မြန်မြန်ဆန်ဆန်ပြေးဝင်လာတယ်၊ အနိမ့်ဘောပေးလိုက်တယ်၊ ပြီးတော့ Gakpo တိုင်ပဲထိခဲ့သူက ဝင်ရောက်ပြီး သွင်းလိုက်နိိုင်တယ်။ Anfield ပေါက်ကွဲသွားတယ်။ ယုံကြည်မှုက ပြန်ရောက်လာတယ်။ မိနစ်အနည်းငယ်ကြာတဲ့အထိ ဒါဟာ Man Utdအတွက် အိမ်မက်ဆိုးပဲ။ – Liverpool က တရစပ်ဖိတယ်၊ United က ခံနေရတယ်၊ အရှိန်က ပြောင်းလဲနေတယ်။ ဒါပေမယ့် ဘောလုံးဟာ နတ်ကြီးတယ်ဆိုတာ လူတိုင်းသိတယ်။
၈၄ မိနစ်။ Bruno Fernandes မတင်ပေးလိုက်တယ်။ အဲဒီမှာပဲ – လူတိုင်းထက်မြင့်နေတဲ့ Harry Maguire ခေါင်းတိုက်ဂိုးသွင်းန်ိုင်ခဲ့ပြီ။အရင်က ပရိတ်သတ်တွေရဲ့ ကဲ့ရဲ့သံ၊ သံသယ၊ ပယ်ထားခံရတဲ့ ကစားသမားဟာ အခုတော့ တစ်စုံတစ်ခုစွဲကိုင်ထားသလို ယုံကြည်မှုမြင့်မားနေခဲ့တယ်။ Anfield ဟာ ရုတ်ချည်းအေးခဲသွားတယ်။
Liverpool က အဆုံးထိ တိုက်ခိုက်ခဲ့တယ် ကန်တင်မှုတွေ၊ ထိုးဖောက်မှုတွေနဲ့ ဝင်ရောက်ခဲ့တယ်။ ဒါပေမယ့် သရေကျသွားမယ့်ဂိုး မရခဲ့ဘူး။ နောက်ဆုံးဝီစီ မှုတ်လိုက်တယ်၊ ရမှတ်ဘုတ်ပေါ်က က်ိန်းဂဏန်းဇာတ်လမ်းကို ပြောပြနေတယ်- Liverpool 1 – 2 Manchester United.
United အတွက်ကတော့ ဒါဟာ သမိုင်းဝင်အချိန်ဖြစ်တယ် — သူတို့ရဲ့ ကိုးနှစ်အတွင်း Anfield မှာ ပထမဆုံးအနိုင်ရခြင်းပါ။ Liverpool အတွက်ကတော့ ဒါဟာ ပြိုင်ပွဲအားလုံးမှာ စတုတ္ထမြောက် ဆက်တိုက်ရှုံးနိမ့်ခြင်းပဲ။
Amorim ရဲ့ အသင်းသားတွေက အသစ်ပြန်မွေးဖွားလာတဲ့အသင်းလို အောင်ပွဲခံကြတယ်။
Arne Slot ရဲ့ အသင်းက ခေါင်းငုံ့ပြီး ထွက်သွားတယ်၊ မေးခွန်းတွေက လေထဲမှာ ကျန်ရစ်နေခဲ့တယ်။
ဒါက သုံးမှတ်အကြောင်းသက်သက် မဟုတ်ခဲ့ဘူး။ ဒါက ပင်ကိုယ်လက္ခဏာအကြောင်းပါ။
Manchester United အတွက်၊ ဒီအနိုင်ရမှုက ရှေ့ဆက်ဖို့ အရမ်းကောင်းတဲ့ရလဒ်ပါ။ ယုံကြည်မှုဟာ သမိုင်းကို အနိုင်ရသေးတယ်ဆိုတဲ့ အထောက်အထားပါ။ Harry Maguire အတွက်ကတော့ ဒါက အထူးခြားဆုံးပဲ။သူရဲ့ လှောင်ပြောင်ခံရမှုတွေကို အမှတ်တရကောင်းအဖြစ် ပြောင်းလဲလိုက်တဲ့ညပါ။
Liverpool အတွက်ကတော့ ဒါက သတိပေးချက်တစ်ခုပါ။ အကောင်းဆုံးစနစ်တွေ၊AI တွေတောင် ဘောလုံးရဲ့ သက်တမ်းအရင့်ဆုံး မှော်ဆန်မှုတွေ၊ စိတ်ဓာတ်၊ အရှိန်အဟုန်၊ လူသားရဲ့စိတ်ဆန္ဒ ရဲ့ ကစားပွဲတွေကို ကြိုတင်ခန့်မှန်းလို့မရဘူးဆိုတာပါ။
မနက်ခင်းရဲ့ အေးစက်တဲ့ အလင်းရောင်ထဲမှာ၊ ရလဒ်က ၁-၂ လို့ဖတ်ရမယ်။ဒါပေမယ့် ဒါကိုကြည့်ရှုခဲ့သူတွေအတွက်ကတော့ ဒါက ရမှတ်ကြောင်းတစ်ခုထက် ပိုပါတယ်။ဒါက ပြန်လည်ရှင်သန်ခြင်း၊ ဇာတ်လမ်းတစ်ပုဒ်ပါ ။
Anfield ကို ဆိတ်ဆိတ်ငြိမ်သွားစေပြီး Old Trafford ကို နောက်ထပ်တစ်ကြိမ် နိုးကြားစေခဲ့တဲ့ ဇာတ်လမ်းပေါ့။
Manchester United က Anfield ကို ဆိတ်ဆိတ်ငြိမ်သွားစေခဲ့တယ်။ဘောလုံးမှာ၊ ဇာတ်လမ်းအချို့ကို အောင်မြင်မှုနဲ့ ရေးကြတယ်၊ အခြားဇာတ်လမ်းတွေကျတော့ နာကျင်မှုနဲ့ပေါ့။တစ်ခါတလေကျရင်… ကစားသမားတစ်ယောက်ဟာ မိနစ် ၉၀ အတွင်းမှာ နှစ်မျိုးလုံးလုပ်ပြနိုင်ခဲ့တယ်။
အောက်တိုဘာ ၁၉၊ ၂၀၂၅ — AnfieldLiverpool နဲ့ Manchester United တို့ရင်ဆိုင်ခြင်းပေါ့။ အင်္ဂလန်ဘောလုံးမှာ သက်တမ်းအရင့်ဆုံးပြိုင်ဘက် နောက်ဆုံးမှာတော့ ကိုးနှစ်အတွင်း ပထမဆုံးအကြိမ်၊ Manchester United က Merseyside မှာ အနိုင်ရသွားတယ်။ဒါက Harry Maguire’s redemption night ပါ။