Innwa-Ads-Banner-1-1170X200

ဘာစီလိုနာရဲ့ သမိုင်းသစ်

ဘာစီလိုနာက တံခါးတွေ ပွင့်လာခဲ့ပြီ။ Camp Nou ကွင်းကြီးကိုရက်ပေါင်း ကိုးရာ့ကိုးဆယ့်ကိုးရက်ကြာ ပိတ်ပြီးမှ ပြန်လည်ဖွင့်လှစ်လိုက်တာပါ။ တစ်ချိန်က ဘာစီလိုနာသားတွေရဲ့ ဘုရားကျောင်းတစ်ခုလိုခံစားရတဲ့ ဒီကွင်းကြီးဟာ အခုတော့ အဝတ်အစားချွတ်ထားသလို မပြည့်စုံမစုံဖြစ်နေသေးပြီး ကျန်သုံးဖက်က သံမဏိနဲ့ ကွန်ကရစ်တွေရဲ့ အရိုးစုတစ်ခုပဲ။ ကရိန်းတွေက အလယ်ဗလာထိုင်ခုံတွေအပေါ်မှာ လက်တွေ့မြှောက်ထားသလို ရပ်နေတယ်။ ဒါပေမဲ့ ပထမဆုံးအကြိမ်ပရိသတ်တွေ ပြန်ပြီခြေချလိုက်တဲ့အချိန်မှာ အရာအာလုံးဟာ အရင်တိုင်းပဲ။

စနေညက လူပေါင်းလေးသောင်းငါးထောင်ရဲ့ အသံတွေက ကွင်းအပြည့်ဆူညံနေတယ်။ သူတို့တစ်ယောက်ချင်းစီဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုထဲ ပြန်ဝင်လာကြပြီဆိုတာ သိတယ်။ ကွင်းလယ်မှာ ကလပ်ကအသက်အကြီဆုံး အဖွဲ့ဝင်နှစ်ယောက် ဖြစ်တဲ့ Juan Canela Salamero နဲ့ Jordi Penas i Iberriကို ဘီးတပ်ကုလားထိုင်နဲ့ ခေါ်ဆောင်လာတယ်။ Juan က အသကခကိုးဆယ်ကျော်ပြီ၊ ၁၉၅၇ ခုနှစ် ဒီကွင်းကြီး ပထမဆုံးဆောက်ဖွင့်တဲ့နေ့က မူလလက်မှတ်ကို ကိုင်ထားတယ်။ သူက ဘောလုံးကို ချပြီး အပြုံးတစ်ခုနဲ့ ရှေ့ကို ပုတ်ပေးလိုက်တယ်။

မနက်ခင်းကပဲ ရောင်းထားတဲ့ ဒစ်ဂျစ်တယ်လက်မှတ်တစ်ထောင်က ဖုန်းမှာ ဖြတ်ပြတယ်။ ဈေးက ယူရို ၅၈၈အထိရလိုက်တယ်။ စက္ကူလက်မှတ်တွေမရှိတော့ဘူး။ ကမ္ဘာကြီးဟာ ရှေ့ဆက်ခဲ့ပြီ။ ဒါပေမဲ့ ခံစားချက်ကတော့ မပြောင်းဘူး။ ပြီးတော့ အသင်းတွေ ထွက်လာတယ်။ဧည့်သည် Athletic Clubက ပရိတ်သတ်တွေကလဲလုံးဝအပြည့်။ ဘာကြောင့်လဲဆိုတော့ သူတို့ Camp Nouကွင်းမှာ အနိုင်မရတာ အခု သုံးဆယ့်တစ်ကြိမ်ရှိပြီ။ အဲ့ဒီညမှာလဲ အဆိုးရွားစံချိန်ကို မဖြိုဖျက်လိုက်နိုင်ဘူး။ Barcelona က ပွဲစကတည်းက ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်တယ်။ သူတို့လိုချင်တာက သုံးမှတ်ထက် ပိုတယ်။ သူတို့အိမ်သူတို့ ပြန်လာပြီဆိုတာကို ပြချင်လို့ပါ။

Robert Lewandowski က ပထမဂိုး၊ Fermín López က ဒုတိယ၊ ပြီးတော့ လူတိုင်းလိုချင်နေတဲ့အခိုက်အတန့် ရောက်လာတယ်။ Lamine Yamalရဲ့ အခိုက်တန့်ပါ။ Barcelona နောက်ဆုံး Champions League ချန်ပီယံဖြစ်ခဲ့တဲ့ နွေရာသီမှာ မွေးဖွားခဲ့တဲ့ကောင်လေးဟာ ညာတောင်ပံကနေ ခံစစ်သုံးယောက်ကို ဆွဲခေါ်တယ်။ ဖန်တီးမှုချက်ချင်းလုပ်ပြလိုက်တယ်။ ၄-၀ ဖြစ်သွားခဲ့ပြီ။ ခေတ်သစ်ကို ထမ်းပိုးရမယ့် ကောင်လေးက ဂိုးဖန်တီးပေးခဲ့တာ၊ ကွင်းကြီးတစ်ခုလုံး ရယ်မောသံနဲ့ လက်ခုပ်သံတွေ ပေါက်ကွဲသွားတယ်။ ဒါဟာ အတိတ်ကBarcelona က အနာဂတ်ကို ဂါရဝပြုနေခဲ့တာပါ။

Hansi Flick က တိတ်တဆိတ် အပြုံးမျိုးနဲ့ ရပ်နေတယ်။ တစ်ချိန်က ဒီကွင်းရဲ့ စျေးပေါတဲ့ ထိုင်ခုံမှာ ထိုင်ပြီး ဒီနေရာကို အိပ်မက်မက်ခဲ့ဖူးတဲ့လူရဲ့ အပြုံးပါ။ အဲ့ဒီညက ပွဲထွက်ကစားသမားတွေထဲ ကငါးယောက်ဟာ Camp Nouမှာ တစ်မိနစ်မှ မကစားဖူးသေးဘူး။ Lamine က တစ်ခါကစားဖူးတယ်။ အသက် ၁၅ နှစ်တုန်းကဖြစ်မယ်ထင်တယ်။ ခုနစ်မိနစ်ပဲရှိလောက်မယ်လို့ သူပြောပြခဲ့တယ်။ ဒါကြောက့် အဲဒီညက သူ့ရဲ့ တကယ့်ပွဲဦးထွက်ပဲ။ Flick က ရိုးရိုးရှင်းရှင်း ပြောတယ်၊ “ပြန်လာရတာ တကယ်ကို ကောင်းတဲ့ ခံစားချက်ပဲ”။ သူ ထပ်ပြောစရာ မလိုတော့ဘူး။ “ပြန်” ဆိုတဲ့ စကားလုံးက ဒီညရဲ့ စကားလုံးပဲ။

ကွင်းအပြင်က Les Corts ရပ်ကွက်ကြီး ထပ်မံအသက်ဝင်လာတယ်။ အရင်အတိုင်း ဘားတွေ၊ ဘီယာနဲ့ patatas bravas တွေကြားထဲ ငြင်းခုန်သံတွေပြန်လည်ဆူညံလာခဲ့ပြီ၊ ဆေးရုံမီးဖွားခန်းနဲ့ သုသာန်ကြား—အသက်နဲ့ သေခြင်းက ကွင်းကြီးကို အမြဲကြည့်နေသလို—အခု နံရံတွေအတွင်း အသက်ရှင်လှုပ်ရှားမှု ပြန်ရောက်လာပြီ။

Kubala နဲ့ Cruyff ရုပ်ထုတွေက ဂိုဒေါင်ထဲမှာ ပလတ်စတစ်ထုပ်နဲ့ ထုပ်ထားဆဲပါ။ Messi က လွန်ခဲ့တဲ့ နှစ်ပတ်က Camp Nouကိုတစ်ယောက်တည်း လာကြည့်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီညမှာတော့ လူငယ်ကစားသမားသစ်တွေက မြက်ခင်းကို ပိုင်စိုးထားလိုက်ပြီ။ အတိတ်က Camp Nouရဲ့ ဝိညာဉ်ကြီးက သူတို့ကို တစ်ခါမှ မထွက်ခွာသွားသလို ပတ်ချည်ထားတယ်။ကွင်းခေါင်မိုးက မပြီးသေးဘူး။ တစ်နေ့မှာ ဒီနေရာဟာ ဥရောပမှာ အကြီးဆုံး ကလပ်ကွင်းဖြစ်လာမယ်၊ ထိုင်ခုံ တစ်သိန်းငါးထောင်နဲ့ တောက်ပတဲ့ အမိုးအောက်မှာပါ။ ဒါပေမဲ့ အခုချိန်မှာတော့ ကွင်းတစ်ခြမ်း၊ အတိတ်မှတ်ဉာဏ်တစ်ဝက်၊ အသစ်အစပြုမှု တစ်ဝက်နဲ့ အတိအကျ မှန်နေသလို ခံစားရတယ်။ လူ လေးသောင်းငါးထောင်ဟာ အလွန်ရှည်လျားမယ့် စာအုပ်ရဲ့ ပထမစာမျက်နှာကို လှန်လိုက်ပြီဆိုတာ သိလျက် ထွက်သွားကြတယ်။
Camp Nou ဟာ မပြီးသေးဘူး။ ဒါပေမဲ့ Barcelona ရဲ့ နောက်ထပ်အခန်းဆက်အသစ်
ကတော့ စတင်လိုက်ပြီးဖြစ်ပါတယ်။