Innwa-Ads-Banner-1-1170X200

ဗီလာနဲ့ အမ်မရီတို့ရဲ့ လာရာနဲ့လားရာ

ဗီလာနဲ့ အူနိုင်း အမ်မရီတို့ရဲ့ ပေါင်းစပ်မှုက တကယ့်ကို ကောင်းမွန်စွာ ဓါတ်ပြုသွားခဲ့တယ်ဆိုတာ ပြီးခဲ့တဲ့ ရာသီက သိသာထင်ရှားတဲ့ရလဒ်ပါပဲ။ ဗီလာလို ဇယားအလည်ပိုင်းလောက်မှာ အချိန်ကုန် နေတဲ့အသင်းတစ်သင်းကို ထိပ်ဆုံး ၄ သင်းထဲ ဝင်လာစေပြီး ချန်ပီယံလိဂ်ကိုတောင် ခေါ်သွားပေး ခဲ့ပါတယ်။ အခုအချိန်မှာ ဗီလာပရိသတ်တွေဟာ အမ်မရီကို အရမ်းထောက်ခံနေကြတာလည်း မ ဆန်းသလို သူ့အပေါ်မှာ အများကြီးမျှော်လင့်နေကြတာလည်း ဖြစ်သင့်ပါတယ်။

ဂျရတ်ကိုင်တွယ်နေတဲ့ အသင်းကို ၂၀၂၂ နိုဝင်ဘာလထဲမှာ လွှဲပြောင်းယူခဲ့တာဖြစ်ပြီး အပြောင်းအလဲ တွေ လုပ်ဖို့ကြိုးစားရင်း အဲဒီရာသီကတော့ အချိန်ကုန်သွားခဲ့ပါတယ်။ အသင်းကလည်း အဆင့် ၇ မှာ ပဲ ပြီးဆုံးသွားခဲ့တာပါ။

အဲဒီနောက် ရာသီသစ်မှာ တိုင်လီမန်း၊ ပေါလ်တောရက်စ်၊ မူဆာ ဒိုင်ယာဘီတို့ကို ခေါ်ယူခဲ့သလို ဂါလာ တာစာရေးက ဇာနီယိုလို နဲ့ ဘာစီလိုနာက လင်ဂလက်တို့ကို အငှားခေါ်ယူခဲ့ပါတယ်။ ထွက်ခွင့်ပြု လိုက်တဲ့ကစားသမားတွေလည်း အများကြီးပါပဲ။ ဂျရတ်နဲ့မတူဘဲ ဘောလုံးကို ပိုကိုင်ကစားဖို့၊ ကစား ကွက်ပိုတည်ဆောက်ဖို့၊ နောက်ကလိုက် တုံ့ပြန်မှုဆန်တဲ့ ကစားပုံထက် ရှေ့က ဦးဆောင်ကစားတဲ့ ကစားကွက်မျိုးကို ဖန်တီးလာခဲ့ပြီး အိုလီ ဝက်ကင်းရဲ့ ထွန်းတောက်လာမှုနဲ့အတူ အဆင့် ၄ အထိ ရောက်ရှိလာနိုင်ခဲ့တာပါ။ ကွန်းဖရန့်လိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ တက်ခဲ့ပါတယ်။

မတ်တန်း၊ အမာဒူ အိုနာနာစတဲ့ ကစားသမားတွေကို ခေါ်ယူထားပြီး ဒေါက်ကလပ် လူးဝစ္စလို အဓိ ကကစားသမားကိုတော့ ဆုံးရှုံးထားရပါတယ်။ မူဆာ ဒိုင်ယာဘီလည်း အယ်အီတီဟတ်ကိုရောက် သွားခဲ့ပါပြီ။ ဒါပေမဲ့ လက်ရှိရာသီအခုချိန်ထိ ဗီလာဟာ အဆင့် ၄ နေရာမှာ ရှိနေသေးပြီး ပြီးခဲ့တဲ့ ရာသီကလိုပဲ အဆင့် ၄ အတွင်းဝင်နိုင်ခဲ့ရင်၊ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး နောက် ထပ်အဆင့်တစ်ခုခုကိုသာ ရောက်နိုင်ခဲ့ရင်ကို ဒါဟာ သူတို့အတွက် တိုးတက်မှုလို့ ယူဆလို့ရပါတယ်။ တောင့်တင်းတဲ့အသင်းလတ်တစ်သင်းကနေ အသင်းကြီးတစ်သင်းအဖြစ် အသွင်ကူးပြောင်းနိုင်ဖို့ဆို ရင် အမ်မရီအနေနဲ့အနည်းဆုံး ၅ ရာသီလောက်တော့ တော်တော်ကြီးလုပ်နိုင်မှ ဖြစ်မှာပါ။

အမ်မရီက သူ့ကစားကွက်ကို ခင်းကျင်းရင် ၄-၄-၂ လို ပုံစံမျိုးပဲ ခင်းကျင်းထားပေမဲ့ ပွဲအတွင်းမှာတော့ ၄-၂-၂-၂ ဖြစ်သွားပါတယ်။ အဓိကအားဖြင့်တော့ ကွင်းလယ်မှာ Box Position ဖန်တီးနိုင်ဖို့ပါ။ ကစား ကွက်ကို နောက်တန်းကနေ စတည်တာက သူ့ရဲ့ စိတ်ကြိုက်ဖြစ်ပြီး အဲဒီလို စတည်တဲ့အခါ နောက်ခံ လူ ၄ ယောက်နဲ့ ဂိုးသမားအပြင် ကွင်းလယ်လူ ၂ ယောက်ကပါ ဆင်းလာတွဲကစားတဲ့အခါ ဘယ်ခြမ်း ဗဟိုခံစစ်မှူး+ဘယ်စွန်ခံစစ်ကစားသမား+ကွင်းလယ်ကစားသမား ဒီလို တြိဂံတစ်ခု၊ ညာခြမ်းဗဟိုခံ စစ်မှူး+ညာစွန်ခံစစ်ကစားသမား+ကွင်းလယ်ကစားသမား ဒီလို တြိဂံတစ်ခုဖြစ်ပေါ်လာပြီး ဂိုးသမား နဲ့ စိတ်တိုင်းကျတွဲကစားရင်း ဘောလုံးကို ကိုယ့်ကွင်းဘက်မှာ ကြာကြာထိန်းထားရင်း ကစားကွက် တည်နေဖို့ လုံလောက်တဲ့ လူအင်အားကို ဖန်တီးထားနိုင်ပါတယ်။

အဲဒီအချိန်မှာ တောင်ပံမှာနေရာယူထားတဲ့ ကစားသမားတွေက အတွင်းကို ဝင်လာပြီး နေရာယူက စားရတာ သူ့ရဲ့စနစ်ပါ။ နီးနီးကပ်ကပ်တော့ နေရာယူထားကြတာမဟုတ်ပေမဲ့ ကွင်းလယ်လူ ၂ ယောက်နဲ့တွဲလိုက်မယ်ဆိုရင်တော့ သူ လိုချင်နေတဲ့ Box Position ကို ရပါပြီ။ သူက ကိုယ်ဘက်ခြမ်း မှာ ဘောလုံးကို ကြာကြာကိုင်ထားပြီး ပြိုင်ဖက်ကစားသမားတွေ ကိုယ့်ဘက်ထိ လိုက်ပါတက်ကစား လာအောင် ခေါ်ယူတဲ့ ပုံစံကို သုံးပါတယ်။ ဒါမှ သူလိုချင်တဲ့ နေရာလွတ်တွေကို ဖန်တီးနိုင်မှာပါ။

နောက်တန်းမှာ နောက်ခံလူ ၄ ယောက်၊ ကွင်းလယ်လူ ၂ ယောက် အပြင် ဂိုးသမားနဲ့ ပထမအဆင့် ကစားကွက်တည်ကစားနေတဲ့အချိန် ပြိုင်ဖက်က ဖိအားပေးဖို့ တက်လာတဲ့အခါ အတွင်းကို တောင် ပံကစားသမားတွေက နေရာဝင်ယူလိုက်တာကြောင့် ကွင်းလယ်က နေရာလွတ်ကြီးဟာ သူတို့အ တွက်ဖြစ်သွားပါတော့တယ်။ အဲဒီနေရာလွတ်ကြီးမှာ ဘောလုံးကိုင်ကစားတဲ့ ကစားသမားတွေက သူ့ အတွက်တော့ အရေးကြီးပါတယ်။

နေရာလွတ်ထဲမှာ တောင်ပံကစားသမားတွေ အတွင်းဝင် နေရာယူတာကို ပြိုင်ဖက်ရဲ့ နောက်ခံအစွန် လူတွေက တုံ့ပြန်ပြီး လိုက်ဝင်လာမယ်ဆိုရင် လွတ်သွားတဲ့ တိုက်စစ်အစွန်ခြမ်းတွေကို အိုလီဝက်ကင် က ထွက်ကစားပြီး ဘောလုံးလက်ခံယူဖို့ ကြိုးစားရင်း ချိုးဝင်ကန်သွင်းတာဖြစ်စေ၊ ပြန်ချိုးချတာဖြစ် စေ ကောင်းကောင်းလုပ်ပေးနိုင်ပါတယ်။ ဆိုတော့ အဲဒီလို နောက်ခံအစွန်လူတွေ တက်လာရင်းလည်း သူ့အကြိုက်ပါပဲ။

နောက်ခံလူတွေက သူ့ထောင်ချောက်ကို မြင်လို့ ကွင်းလယ်မှာ ဝင်နေရာယူနေတဲ့ ဗီလာတောင်ပံ ကစားသမားတွေကို တက်ဖိအားမပေးဘူးဆိုရင် သူက အဲဒီမှာ သူ့တိုက်စစ်ကစားကွက်ကို စပြီး တည်ဆောက်ပါတယ်။ အဲဒီအခါမှာတော့ ဒီနေ့ခေတ် မော်ဒန်နည်းပြအားလုံးသုံးနေတဲ့ ၃-၂-၅ ကို သုံးပြီး တိုက်စစ်ကို ဖိအားပေးတော့တာပါ။ အဲဒီလို အခါတွေမှာ ဘေးလိုင်းတွေနား တိုက်စစ်ကစား သမားတွေက ချဲ့နေရာယူသလို လွတ်သွားတဲ့ ကြားနေရာတွေကို တိုးဝင်တိုက်ခိုက်ဖို့အတွက် ကစား သမားတွေလည်း အဆင်သင့်ရှိနေမှာပါ။

အဲဒီလို ၅ ယောက် တိုက်စစ်ပုံစံမှာ လှည့်ပတ်တိုက်စစ်ဆင်နေတဲ့အချိန် ကွင်းလယ်ကစားသမား ၂ ယောက်က နီးနီးကပ်ကပ်နေပြီး ဖိအားပေးထားမှာဖြစ်ပါတယ်။ ဆိုတော့ တိုက်စစ်ကစားသမားတွေ နဲ့ရော သူတို့အချင်းချင်းရော ပိုတွဲကစားနိုင်ပြီး အူနိုင်း အမ်မရီစိတ်ကြိုက် အလည်ကနေ ထိုးဖောက် တဲ့ပုံစံကို အသက်သွင်းနိုင်ပါတယ်။

ဒါကို ပြိုင်ဖက်က မြင်တဲ့အခါ အဲဒီကွင်းလည်နေရာကို ထိန်းချုပ်ဖို့အတွက် ကစားသမားတွေက ဗဟို မှာ သွားစုပြီး တုံ့ပြန်လာရင်လည်း သူ့ရဲ့ အစွန်က ကစားသမားတွေက တစ်ဦးချင်းရော တွဲလုံးတွေနဲ့ ရော ထိုးဖောက်ဦးမှာဖြစ်ပါတယ်။ ဆိုတော့ ဒါက အူနိုင်း အမ်မရီ လက်ရှိသုံးစွဲနေတဲ့ စနစ်ပါပဲ။

သူ့ထက်ပို အားကောင်းတဲ့အသင်းကြီးတွေနဲ့ ကစားသမားအင်အားပိုကောင်းတဲ့အသင်းတွေနဲ့ဆိုရင် တော့ သူတို့ ရလဒ်ကောင်းရဖို့ ကြိုးစားရဦးမှာဖြစ်ပေမဲ့ သူတို့လို အဆင့်တူ အသင်းတွေ၊ အသင်း လတ်တွေချင်းဆိုရင်တော့ အူနိုင်း အမ်မရီရဲ့ အသင်းက ပိုသာတဲ့အသင်းတစ်သင်းအဖြစ်နဲ့ အသာစီး ရယူနိုင်ပါတယ်။

ဒီရာသီရော အမ်မရီနဲ့ ဗီလာတို့ ဘာတွေလုပ်ပြဦးမလဲ စောင့်ကြည့်ရမှာပါ။