ခရစ္စမတ်နေ့မတိုင်ခင်မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်တွေထပ်မံကစားရဦးမှာဖြစ်ပါတယ်။ Arsenal အသင်းဟာ နောက်ဆုံး လေးနှစ်အတွင်း တတိယအကြိမ်အနေနဲ့ ခရစ္စမတ်နေ့မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေပြီးအခြားတစ်ဖက်မှာတော့ Erling Haaland ဟာ ပရီမီးယားလိဂ်သမိုင်းမှာ Cristiano Ronaldo ကို ကျော်နိုင်တော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒါ့အပြင် ဂ်ိုးဖန်တီးရှင် Bruno Fernandes ကလည်း သမိုင်းစာမျက်နှာသစ်တစ်ခု ရေးထိုးနိုင်လိုက်ပါတယ်။ ဘယ်အချက်တွေက Game Week 17 ကို စိတ်ဝင်စားဖွယ်ဖြစ်စေမလဲ ဆိုတာကြည့်လိုက်ကြရအောင်။
Newcastle ရဲ့ ပြိုင်ပွဲစုံ Hattrick
Newcastle အသင်းဟာ ပြိုင်ပွဲစုံ Chelsea ကို သုံးပွဲ ဆက်တိုက်အနိုင်ရရှိဖို့ ၁၉၁၃-၁၄ ရာသီအပြီး ပထမဆုံးအကြိမ် အခွင့်အရေး ရရှိထားပါတယ်။ လိဂ်ပွဲတွေ ပြန်စတင်ချိန် St James’ Park မှာ Chelsea ကို ဧည့်ခံကစားရမှာဖြစ်ပြီး၊ ပြိုင်ပွဲစုံမှာ သုံးပွဲဆက်တိုက်အနိုင်ရနိုင်ဖို့ ရည်မှန်းထားတာပါ။ ဒီပွဲစဉ်ဟာ နှစ်ပေါင်း ၁၀၀ ကျော်ကြာ မရရှိခဲ့တဲ့ မှတ်တမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ Chelsea အသင်းကတော့ သူတို့မလိုချင်တဲ့ ရလဒ်တစ်ခုနဲ့ ရင်ဆိုင်ရနိုင်ပြီး စနေနေ့ပွဲမှာ ဂိုးမသွင်းနိုင်ရင် Newcastle နဲ့ တွေ့တိုင်း ၃ပွဲဆက်ဂိုးမရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားမှာပါ။
Wolves အတွက် မပြည့်စုံတဲ့ ၁၀ ပွဲ
Wolves အသင်းဟာ ဆိုရင်တော့ တစ်ရာသီတည်းမှာ ပရီးမီးယာလိဂ် ၁၀ပွဲ ဆက်တိုက် ရှုံးနိမ့်တဲ့ စံချိန်ကို ရှောင်ရှားဖို့ မျှော်လင့်နေမှာပါ။ တကယ်လို့များသာ ရှုံးခဲ့ရင် ပရီးမီးယားလိဂ် သမိုင်းမှာ ၁၀ပွဲဆက်တိုက်ရှုံးတဲ့ စတုတ္ထမြောက်အသင်းဖြစ်လာမှာပဲဖြစ်ပါတယ်။ Wolves အသင်းဟာ ပြီးခဲ့တဲ့ပွဲတုန်းက Arsenal ကို နောက်ဆုံးမိနစ်မှာ ရှုံးနိမ့်မှုကြောင့် ရှုံးပွဲ ဆက်၉ ပွဲ အထိ ရောက်ရှိသွားပါပြီ ။ ဒါဟာ သူတို့ရဲ့ လိဂ်သမိုင်းမှာ အရှည်ကြာဆုံး ရှုံးပွဲ စီးရီးပဲဖြစ်ပါတယ်။အရင်က Norwich City (၂၀၁၉-၂၀ မှာ ၁၀ ပွဲ)၊ Aston Villa (၂၀၁၅-၁၆ မှာ ၁၁ ပွဲ) နဲ့ Sunderland (၂၀၀၂-၀၃ မှာ ၁၅ ပွဲ) တို့ရှိခဲ့တာပါ။
Haaland ဟာ Ronaldo ရဲ့ ခြေရာပေါ် ရောက်လာပြီလား
Erling Haaland သာ ဂိုး တစ်ဂိုး ထပ်သွင်းနိုင်ရင် Cristiano Ronaldo ရဲ့ ပရီးမီးယားလိဂ် ဂိုးအရေအတွက်နဲ့ တူညီသွားမှာဖြစ်ပြီး၊ နှစ်ဂိုး သွင်းလိုက်ရင်တော့ ဒီစံချိန်ကို ဖြတ်ကျော်သွားမှာပါ။ West Ham ဟာ Manchester City နဲ့ Erling Haaland အတွက် အကြိုက်ဆုံး ပြိုင်ဘက် ဖြစ်ပြီး City ဟာ West Ham နဲ့ ပရီးမီးယားလိဂ်ပွဲ နောက်ဆုံး ၁၉ ပွဲမှာ ရှုံးပွဲ မရှိဘဲ၊ ၁၆ ပွဲ အနိုင်ရခဲ့ပါတယ်။ Haaland ကတော့ Westhamနဲ့တွေ့တဲ့ နောက်ဆုံး၆ ပွဲလုံးမှာ လိဂ်ဂိုး ၉ ဂိုး သွင်းထားပြီး၊ ပြီးခဲ့တဲ့ ရာသီ နှစ်ပွဲစလုံးမှာ ၅ ဂိုး ရခဲ့ပါတယ်။
Sunderland ရဲ့ အကောင်းဆုံးပုံစံ
Sunderlandသာ ဒီအပတ်ထပ်ပြီးအနိုင်ရရင်တော့ ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲ ကစားပြီး အမှတ်အများဆုံး ရရှိတဲ့ တန်းတက်အသင်း ဖြစ်လာမှာပါ။ အဲဒါက ၂၀၀၀-၀၁ ရာသီ Ipswich Town (၃၀ မှတ်) ပြီးနောက် ပထမဆုံး အသင်း ဖြစ်လာပါလိမ့်မယ်။ Sunderland ဟာ ခါးသီးတဲ့ပြိုင်ဘက် Newcastle ကို ၁-၀ အနိုင်ရခဲ့ပြီး အဆင့် ၈ နေရာကို တက်ရောက်ခဲ့ပါတယ်။ ထိပ်ဆုံး ၄ နေရာနဲ့ဆို ၂ မှတ်ပဲ ကွာဟပါတော့တယ်။ Brighton ကို အဝေးကွင်းမှာ နိုင်ခဲ့ရင် ၁၇ ပွဲမှာ ရမှတ် ၂၉ မှတ် ရရှိမှာဖြစ်ပြီး၊ တန်းတက်လာတံ့အသင်းတွေထဲ ပရီးမီးယားလိဂ်မှာ အမှတ်အများဆုံး ဖြစ်လာမှာပါ။
Clarets ရဲ့ အကျပ်အတည်း
Burnley ဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အကြာဆုံး ရှုံးပွဲစီးရီးကို ရောက်ရှိနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ ဆက်တိုက် ၇ ပွဲ ရှုံးထားပြီး၊ Wolves နဲ့ အတူ တန်းဆင်းဖို့ ဆိုင်းပြင်နေတာပါ။ တောင်ပိုင်း ကမ်းခြေ မှာ Bournemouth ကို ရှုံးနိမ့်ရင် သမိုင်းမှာ စတုတ္ထအကြိမ် လိဂ်ပွဲ ၈ ပွဲ ဆက်တိုက်ရှုံးတဲ့ အဖြစ်နဲ့ကြုံရမှာဖြစ်ပြီး နောက်ဆုံး အဲဒီ မှတ်တမ်းကို ရခဲ့တာကတော့ ၁၈၉၅ခုနှစ်မှာဖြစ်ပါတယ်။
Hugo ရဲ့ ၃ပွဲဆက် ၂ဂိုးသွင်းနိုင်မယ့် အခွင့်ရေး
Hugo Ekitike ဟာ ပရီးမီးယားလိဂ်ပွဲ သုံးပွဲ ဆက်တိုက် ဂိုး ၂ ဂိုး သို့မဟုတ် ၂ဂိုးအထက် သွင်းနိုင်တဲ့ ဒုတိယမြောက် Liverpool ကစားသမား ဖြစ်လာနိုင်ပါတယ်။ Hugo Ekitike ဟာ ခြေစွမ်းပြနေပြီး၊ နောက်ဆုံး လိဂ်ပွဲ နှစ်ပွဲမှာ Leeds နဲ့ Brighton ကို တစ်ပွဲ၂ဂိုးနှုန်း သွင်းထားနိုင်ပါတယ်။ ပရီးမီးယားလိဂ် သုံးပွဲ ဆက်တိုက် ဂိုး ၂ ဂိုး သို့မဟုတ် ၂ဂိုးအထက် သွင်းနိုင်တဲ့ ပထမဆုံး Liverpool ကစားသမားကတော့ Luis Suarez ဖြစ်ပြီး ၂၀၁၃-၁၄ ရာသီမှာ လေးပွဲ ဆက်တိုက် သွင်းပြခဲ့ပါတယ်။
Leeds ရဲ့ အန္တရာယ်ရှိတဲ့ Lewin
Dominic Calvert-Lewin ကတော့ ပရီးမီးယားလိဂ် ငါးပွဲ ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ စတုတ္တမြောက် Leeds ကစားသမား ဖြစ်လာနိုင်ပါတယ်။ဂိုးပေါက်တွေ့နေတဲ့ကစားသမားတွေ အကြောင်း ပြောရင် Dominic ဟာ နောက်ဆုံး ပွဲ လေးပွဲ ဆက်တိုက်မှာ ဂိုးသွင်းထားပြထားတာပါ။
Arsenal ရဲ့ အဝေးကွင်းပုံစံအကောင်းဆုံး
ပရီးမီးယားလိဂ် အဝေးကွင်း ၅ပွဲ ဆက်တိုက် ဂိုး သို့မဟုတ် ဂိုးဖန်တီးပေးနိုင်တဲ့ ပထမဆုံး ကစားသမားကတော့ Leandro Trossard ဖြစ်လာနိုင်ပါတယ်။ Arsenal အတွက် အဝေးကွင်းပွဲတွေမှာ သူ အမြဲခြေစွမ်းပြလေ့ရှိပြီး နောက်ဆုံး အဝေးကွင်း ပရီးမီးယားလိဂ်ပွဲ ၉ ပွဲ မှာ ၉ ဂိုး ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Everton နောက်တန်း ကို ဖောက်ထွင်းဖို့ အတော်လေးအားကိုးရတဲ့ကစားသမားလည်း ဖြစ်ပါတယ်။
Bruno Fernandes ရဲ့ ခြေစွမ်း
Bruno Fernandes ဟာ သမိုင်းမှာ ပထမဆုံး အဝေးကွင်း ပရီးမီးယားလိဂ်ပွဲ ခြောက်ပွဲ ဆက်တိုက် ဂိုးဖန်တီးပေးနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။ Manchester United အသင်း မတည်မငြိမ် ဖြစ်နေချိန်မှာ သူတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင် Bruno Fernandes ဟာ ကောင်းကောင်းကစားနေပါတယ်။ နောက်ဆုံး ၉ ပွဲ မှာ ဂိုးပါဝင် မှု၁၀ ကြိမ် ရှိထားပြီး တနင်္ဂနွေနေ့ Aston Villa ကို ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲမှာ သမိုင်းအသစ်ဖန်တီးနိုင်ပါတယ်။
ပြောပြသွားတဲ့ အချက်လေးတွေကိုကြည့်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ကို ရင်ခုန်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ ဝင်ငွေတွေလဲတိုးကြပါစေဗျာ။