ပရီးမီးယားလိဂ် Gameweek 16 မှာ မျက်စိကျလာနိုင်တဲ့ အချက်လက်တွေနဲ့ မှတ်တမ်းသစ်တွေဟာ
ဒီတစ်ပတ်မှာ အများကြီး ဖြစ်လာတော့မယ့်ပုံပါပဲ။ အိမ်ကွင်းမရှုံးတဲ့မှတ်တမ်း၊ ဒါဘီလွှမ်းမိုးမှု၊ တိုက်စစ်မှူးတွေရဲ့ စံချိန်မှတ်တိုင်အသစ်တွေနဲ့အတူ ဒီလိုစံချိန်ကောင်းတွေကို ပွဲမစခင်လက်လွတ်မခံသင့်ပါဘူး။
၁. Brighton ရဲ့ သမိုင်းဝင်အခွင့်အရေး
Brighton ဟာ Liverpool ကို Anfieldမှာ နှစ်ပွဲဆက်တိုက် အနိုင်ရဖို့ ကြိုးစားလာမှာပါ။ ဒီလို မှတ်တမ်းဟာ သူတို့သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။
၂. Stamford Bridge က Everton ရဲ့ နှစ် ၃၀ ကျိန်စာ
Chelsea ဟာ Everton ကို အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ၃၁ ပွဲဆက် မရှုံးအောင် ဆက်ထိန်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိ ပွဲ၃၀ ဆက်တိုက် မရှုံးထားပဲ၊ David Moyes လည်း ဒီကွင်းမှာ Stamford Bridge မှာအနိုင်မရဖူးသေးပါဘူး။
၃. Turf Moor ရဲ့ မယိမ်းမယိုင်နိုင်တဲ့ ခံတပ်
Burnley ဟာ Fulham ကို အိမ်ကွင်းမှာ လိဂ်ပွဲ ၃၀ ဆက် မရှုံးတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ Fulham ဟာ ၁၉၅၁ ခုနှစ်ကတည်းက Turf Moor မှာ အနိုင်မရတော့တာကြာပါပြီ။
၄. ထိပ်ဆုံး vs အောက်ဆုံး – Arsenal ရဲ့ လွှမ်းမိုးမှု အမှတ်ပေးဇယားထိပ်က Arsenal ဟာ အောက်ဆုံး Wolves ကို အပိုင်ကန်ပြီး ၉ ပွဲဆက်အနိုင်ရဖို့ ကွင်းထဲဝင်လာမှာဖြစ်ပါတယ်။ Arsenal ဟာ Wolveကိုလက်ရှိ ၈ ပွဲဆက် အနိုင်ရထားပြီးသားပါ။
၅. Selhurst Park မှာ ဂိုးမိုးရွာနိုင်မလား
Crystal Palace နဲ့ Manchester City ပွဲဟာ နှစ်ဖက်စလုံး အနည်းဆုံး ၂ ဂိုးစီ သွင်းနိုင်တဲ့ ပွဲအဖြစ် ၅ ပွဲမြောက် ဖြစ်လာနိုင်ပါတယ်။ အခုဆို နောက်ဆုံး ၄ ပွဲဆက် ဂိုးတွေသွင်းထားနိုင်ပြီး ပရီးမီယားလိဂ်သမိုင်းမှာ တစ်သင်းနဲ့တစ်သင်း တစ်ဖက်ကို အနည်းဆုံး၂ဂိုးစီ ၅ပွဲဆက်တိုက် သွင်းနိုင်ခဲ့တာ တစ်ကြိမ်ပဲ ရှိပါသေးတယ်။
၆. Tottenham ရဲ့ အဝေးကွင်း မီးရှူးမီးပန်းအလှ
Tottenham အနိုင်ရရင် အဝေးကွင်းအမှတ်ပေးဇယားထိပ်ဆုံးကို တက်သွားနိုင်မှာပါ။ ပြီးခဲ့တဲ့ရာသီတစ်ရာသီလုံး အဝေးကွင်းအမှတ် ၁၇ မှတ်နဲ့ နိုင်ပွဲ ၅ ပွဲကို ပွဲစဉ်၁၆ နဲ့ တင်လိုက်မှီသွားမှာပဲဖြစ်ပါတယ်။
၇. Tyne-Wear ဒါဘီမှာ Sunderland ရဲ့ လွှမ်းမိုးမှု
Sunderland ဟာ Newcastle ကို လိဂ် ၁၀ ပွဲဆက်တိုက် မရှုံးအောင် ကစားနိုင်မလား စိတ်ဝင်စားနေကြပါတယ်။ အနိုင်ရရင်တော့ ၂၀၁၆-၁၇ ရာသီမှာ ရခဲ့တဲ့ စုစုပေါင်းအမှတ် ၂၄ မှတ်ကို ကျော်တက်သွားမှာပါ။
၈. Jarrod Bowen ရဲ့ ၁၀၀ ပြည့်မှတ်တိုင်
Jarrod Bowen ဟာ Aston Villa နဲ့ပွဲမှာ ဂိုး (သို့) Assist လုပ်ပေးရင် West Ham အတွက် ပရီးမီးယားလိဂ် ဂိုးပါဝင်မှု ၁၀၀ ပြည့်မှာဖြစ်ပါတယ်။Michail Antonio ပြီးရင် WestHamအတွက်
ဒုတိယမြောက်ကစားသမား ဖြစ်လာမှာပါ။
၉. Calvert-Lewin ရဲ့ Leeds ဂန္ထဝင်စံချိန်
Dominic Calvert-Lewin ဟာ Brentford နဲ့ပွဲမှာ ဂိုးသွင်းရင် Leeds အတွက် ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ တတိယမြောက်အင်္ဂလိပ်ကစားသမား ဖြစ်လာမှာပါ။
၁၀. Andoni Iraola ရဲ့ Manchester United နဲ့ဆိုမရှုံးတဲ့ဇာတ်လမ်း
Bournemouth နည်းပြ Andoni Iraola ဟာ Manchester United ကို ပရီးမီးယားလိဂ် ၄ ပွဲဆက်မရှုံးထားပဲ ၅ပွဲဆက်မရှူံးတဲ့စံချိန်ကိုဆက် ထိန်းထားနိုင်မလားကြည့်ရပါမယ်။ လက်ရှိ Old Trafford မှာ ၃-၀ နဲ့ နှစ်ပွဲ ဆက်တိုက်အနိုင်ရထားပါတယ်။
ပွဲစဉ်၁၆ ဟာ စံချိန်မှတ်တမ်းသစ်တွေ၊ သမိုင်းဝင်အခိုက်အတန့်တွေ ပြည့်နှက်နေတဲ့ ရက်သတ္တပတ်ဖြစ်လာပါလိမ့်မယ်။ လက်လွတ်မခံပဲ ဒီအချက်တွေနဲ့ ယှဉ်ထိုးနှိုင်းဆရင်း ဝင်ငွေတွေ တိုးကြပါစေဗျာ။