၁. Brentford နဲ့ Burnley တို့ရဲ့ပွဲမှာ Burnley ဟာ တကယ်ကို စမ်းသပ်ခံရမယ့်အချိန်ရောက်လာပါပြီ။ Brentford ဟာ နွေရာသီမှာ Thomas Frank၊ Bryan Mbeumo၊ Yoane Wissa၊ Christian Nørgaard နဲ့ Mark Flekken တို့ထွက်ခွါသွားပြီး Keith Andrews လက်အောက်မှာ အနိုင်-ရှုံးကို အလှည့်ကျဆော့ကစားနေပါတယ်။ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး Burnley ကတော့ အာလုံးမျှော်လင့်ထားသလို အဆင့်၁၉မှာ ရပ်တည်နေပြီး တစ်ပွဲ ၂ ဂိုးနှုန်းပေးနေရတာပါ။ ဒါပေမယ့် သူတို့ရဲ့ လက်ရှိကစားတဲ့ပုံစံက ပြိုင်ဘက်တွေကို အခက်တွေ့စေနိုင်တာမို့ ဟန်ချက်ပြန်ညီလာနိုင်ရင် ရလဒ်တွေပြန်ကောင်းဖို့ အခွင့်အရေးရှိနေတာလဲဖြစ်ပါတယ်။
၂. Manchester City ဟာ Title Contenting အတွက် လမ်းကြောင်းပြန်တည်ဆောက်ရမယ့်အချိန်ပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက Leverkusen ကို ၂-၀ ရှုံးပြီး ဒီရလဒ်အပေါ် Pep Guardiola တစ်ယောက် အတော်လေးစ်ိတ်ပျက်လျက်ရှိနေပါတယ်။ ဒီတစ်ခါတော့ Erling Haaland၊ Phil Foden၊ Gianluigi Donnarumma၊ Rúben Dias တို့ကို ပြန်ထည့်ပြီး အိမ်ကွင်းမှာ Leeds ကို ရင်ဆိုင်ရမှာပါ။ Leeds ဟာ အခုချိန်မှာ အဆင့် ၁၈မှာ ရှိနေပြီး City အတွက် အနိုင်ရကို ရရမယ့်ပွဲတစ်ပွဲပါ။ မရရင်တော့ ချန်ပီယံလုပွဲအတွက် သူတို့ရဲ့စွမ်းရည်ကို တကယ်မေးခွန်းထုတ်ခံရတော့မှာပဲဖြစ်ပါတယ်။
၃. Bournemouth အတွက် Antoine Semenyo ရှိမရှိဟာ အဓိကကျနေပါတယ်။ သူ့ခြေထောက်ဒဏ်ရာက သက်သာလား မသက်သာဘူးလားဆိုတာ စောင့်ကြည့်ရမယ်။ အရင် Sunderland မှာတုန်းက ကစားဖူးတာကြောင့် Old Friend တွေနဲ့ ပြန်လည်ဆုံတွေ့ရမှာလဲဖြစ်ပါတယ်။ Sunderland ဟာ အခုချိန်မှာ အသွင်ပြောင်းလဲလာပြီး အိမ်ကွင်းမှာ ရာသီအဖွင့် ၆ ပွဲဆက် မရှုံးသေးပါဘူး။ Semenyo သာဝင်ကစားနိုင်ရင် Reinildo နဲ့ တိုက်ပွဲက အတော်လေး စိတ်ဝင်စားဖွယ်ဖြစ်လာနိုင်ပါတယ်။
၄. Everton အတွက် Idrissa Gueye ရဲ့ အနီကတ်ဟာ အတော်လေးကို ဈေးကြီးသွားနိုင်ပါတယ်။ သူ့ကို အသင်းက သက်သာသက်သာပဲ ဆက်ဆံထားပေမယ့် အသင်းရဲ့လှုပ်ရှားမှုတွေ အားကောင်းလာတဲ့အချိန်မှာ ဒီအမှားက နာကျင်စေနိုင်ပါတယ်။ Gueye မရှိတဲ့ကာလမှာ အထူးသဖြင့် Newcastle လို အလယ်တန်းကစားသမားကောင်းတွေ ပြည့်နေတဲ့အသင်းကို ရင်ဆိုင်ရမှာမို့ လူငယ် Tim Iroegbunam အတွက် အခွင့်အရေးကောင်းဖြစ်လာပါပြီ။
၅. Tottenham ဟာ Thomas Frank လက်အောက် အစပျိုးချိန်မှာ ရလဒ်ကောင်းခဲ့ပေမယ့် ကစားပုံအမှန်ကတော့ စိုးရိမ်စရာပါ။ အဝေးကွင်းခြေစွမ်းမဆိုးပေမယ့် အိမ်ကွင်းမှာတော့ ခြေစွမ်းအဆိုးဆုံးအသင်းတွေထဲမှာတော့ ပါဝင်နေပါတယ်။ တိုက်စစ်မှာ တီထွင်ဖန်တီးမှု၊ သွင်းဂိုးရှာဖွေမှု၊ မှော်ဆန်မှုတွေ လုံးဝမတွေ့ရပါဘူး။ Fulham ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့်ပွဲမှာ ထပ်မံဆိုးရွားတဲ့ပုံစံပေါ်ရင် Frank အပေါ် ဖိအားတွေ ပိုများလာနိုင်ပါတယ်။