Innwa-Ads-Banner-1-1170X200

“တစ်ကျော့ပြန် Dominic Calvert-Lewin ရဲ့ခြေစွမ်း”

Leeds United အသင်းဟာ တိုက်စစ်မှူး Dominic Calvert-Lewin ရဲ့ တစ်ကျော့ပြန် ခြေစွမ်းပြမှုတွေနဲ့အတူ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ရုန်းအားကောင်းကောင်းနဲ့ တက်လှမ်းလာနေပါတယ်။ကျန်ခဲ့တဲ့ တစ်လလောက်ကတင် Manchester City ကို နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ၄ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရသလို၊ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ထားတဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့လည်း အိမ်ကွင်းမှာ Chelsea ကို ၃ ဂိုး – ၁ ဂိုးနဲ့ မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့ရာကနေ အသင်းရဲ့ ခြေစွမ်းက ပြန်လည်တည့်မတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ညက Crystal Palace ကို ၄ ဂိုး – ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပါအဝင် Leeds တို့ဟာ အခုဆိုရင် ၄ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ စုစုပေါင်းရနိုင်တဲ့ ၁၂ မှတ်မှာ ၈ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ Lewin ဟာ အရေးပါဆုံးကစားသမားဖြစ်ပြီး သူသင်းကို ဘယ်လိုတွေ carryနေသလဲ၊ သူရဲ့အနာဂတ်ကရော ဒီခြေစွမ်းနဲ့အတူ ဘယ်လောက်ထိ ရှေ့ရောက်နိုင်မလဲဆိုတာ သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။

Leeds United ကို Dominic Calvert-Lewin ဘယ်လိုတွန်းအားပေးနိုင်သလဲ

ပြီးခဲ့တဲ့ တစ်လအတွင်း Leeds ရဲ့ ရလဒ်ကောင်းတိုင်းမှာ Calvert-Lewin က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ Everton ကစားသမားဟောင်းဟာ စနေနေ့က Elland Road အိမ်ကွင်းပွဲစဉ်မှာ ပွဲကစားချိန် ၃၈ မိနစ်မှာတင် အဖွင့်ဂိုးကို ရယူပေးခဲ့ပါတယ်။ အဲ့ဒီအချိန်အထိ နှစ်သင်းစလုံးဟာ ဂိုးပေါက်ခြိမ်းခြောက်မှု နည်းပါးပြီး အကြိတ်အနယ် ဖြစ်နေခဲ့တာပါ။ Lewin ဟာ ပထမပိုင်း မပြီးခင်မှာပဲ သူ့ရဲ့ ပင်တိုင် trademark ဖြစ်တဲ့ ခေါင်းတိုက်ချက်နဲ့ ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီဂိုးတွေဟာ Calvert-Lewin ရဲ့ ထုံးစံအတိုင်း နေရာလွတ်ကို အမိအရ ရှာဖွေနိုင်စွမ်းနဲ့ ဂိုးဧရိယာအတွင်း တုံ့ပြန်မှု မြန်ဆန်လွန်းတွေကို သက်သေပြနေတာပါ။ ဒီရာသီ သူသွင်းယူထားတဲ့ Premier League ၇ ဂိုးစလုံးဟာ ဂိုးပေါက်တည့်တည့်ကနေ သွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ သတ်မှတ်ချက်တစ်ခုလို ဖြစ်နေပါပြီ။

အခုဆိုရင် Calvert-Lewin ဟာ Premier League ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၆ ဂိုးအထိ ရှိလာခဲ့ပါပြီ။ ဒါဟာ Leeds ကစားသမားတစ်ယောက်အနေနဲ့ ၂၀၀၃ ခုနှစ်က Mark Viduka နောက်ပိုင်း ပထမဆုံးအကြိမ် ၅ ပွဲဆက် ဂိုးသွင်းနိုင်တာလည်း ဖြစ်ပါတယ်။ အသင်းကို စတင်ရောက်ရှိချိန် ပထမ ၁၀ ပွဲမှာ ၁ ဂိုးသာ သွင်းနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ ကစားသမားတစ်ယောက်အတွက်တော့ ဒါဟာ မယုံကြည်နိုင်စရာ အောင်မြင်မှုတစ်ခုပါပဲ။

DCL တစ်ယောက် England ရဲ့ World Cup လူစာရင်းမှာ ပါဝင်လာနိုင်မလား?
လွန်ခဲ့တဲ့ တစ်ပတ်ကတင် နည်းပြ Daniel Farke က Calvert-Lewin ကို Premier League ရဲ့ အကောင်းဆုံး အင်္ဂလန်တိုက်စစ်မှူးတစ်ယောက်အဖြစ် ချီးကျူးခဲ့ပြီး၊ England နည်းပြ Thomas Tuchel နဲ့တောင် ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ Farke ရဲ့ စကားတွေဟာ မြှောက်ပင့်ပြောဆိုတာမျိုး မဟုတ်ဘဲ အချက်အလက်တွေနဲ့ ကိုင်ပေါက်ပြီးပြောခဲ့တာပါ။ ဒီရာသီ Premier League မှာ Calvert-Lewin ထက် ပိုပြီး ဂိုးသွင်းထားတဲ့ အင်္ဂလန်ကစားသမား မရှိသေးဘဲ သူဟာ Danny Welbeck၊ Phil Foden တို့နဲ့အတူ ၇ ဂိုးစီနဲ့ တူညီနေပါတယ်။ အထူးသဖြင့် နိုဝင်ဘာ ၂၉ ရက် Man City နဲ့ ပွဲစဉ်ကစလို့ Calvert-Lewin နဲ့ Foden တို့ဟာ Premier League မှာ ဂိုးအများဆုံး (၆ ဂိုးစီ) သွင်းထားတဲ့ အင်္ဂလန်ကစားသမားတွေ ဖြစ်နေပါတယ်။အင်္ဂလန် ဂိုးသမားဟောင်း Joe Hart ကလည်း Match of the Day အစီအစဉ်မှာ “ သူ (Calvert-Lewin) ဟာ Thomas Tuchel ရဲ့ စဉ်းစားမှုထဲမှာ ပါဝင်လာတော့မှာပါ။ သူဟာ ကြံ့ခိုင်မှု ပြည့်ဝနေချိန်မှာ ဘယ်လောက် ကောင်းသလဲဆိုတာ သက်သေပြနေပါပြီ။ Harry Kane, Ollie Watkins တို့ ရှိနေပေမဲ့ Calvert-Lewin သာ ကြံ့ခိုင်မှု ကောင်းနေမယ်ဆိုရင် ဒါဟာ အင်္ဂလန်အတွက် ရွေးချယ်စရာ အကောင်းဆုံး လက်နက်တစ်ခု ဖြစ်လာမှာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လောလောဆယ်မှာတော့ Calvert-Lewin အတွက် စိန်ခေါ်မှုက ဒီခြေစွမ်းကို ရေရှည် ထိန်းထားနိုင်ဖို့ပါပဲ။ Leeds အသင်းကို တန်းဆင်းဇုန်နဲ့ ၆ မှတ်အကွာ အဆင့် ၁၆ နေရာအထိ ပို့ဆောင်ပေးထားနိုင်ပေမဲ့လည်း နည်းပြ Farke ကတော့ စောစောစီးစီး ဆုံးဖြတ်ချက်မချဖို့ သတိပေးထားပြီး ရာသီကုန်အထိ ဒီခြေစွမ်းကို ဆက်ပြသဖို့ တိုက်တွန်းထားပါတယ်။ ဘာပဲဖြစ်ဖြစ် Calvert-Lewin ကတော့ အခုဆိုရင် မထင်မှတ်ထားတဲ့ England အသင်းရဲ့ World Cup လူစာရင်းထဲ ပါဝင်ဖို့ ရေပန်းစားတဲ့ အခြေအနေတစ်ခုကို ကိုယ်တိုင် ဖန်တီးယူလိုက်ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလဲ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် အင်္ဂလန်ရဲ့ နာမည်ကြီးအသင်း Leeds United ကို ပရီးမီးယားလိဂ်မှာ ဆက်မြင်ရနိုင်ဦးမှာပါလို့ပြောကြားရင်းး