ယနေ့ခေတ်ဘောလုံးလောကမှာ ပိုက်ဆံဆိုတာ စိတ်ကူးတောင်မယဉ်နိုင်လောက်အောင် ပေါများလွန်းတယ်။ ကမ္ဘာ့ထိပ်တန်းကြယ်ပွင့်တွေ တစ်ပတ်ကို ပေါင် ၂၀၀,၀၀၀ ကျော် လစာရတာက ပုံမှန်ဖြစ်နေပြီ။ ဒီလောက်ပိုက်ဆံရှိရင် လိုချင်တာနီးပါး အကုန်ဝယ်လို့ရတယ်။ ကားတွေ၊ အိမ်တွေ၊ ဇိမ်ခံပစ္စည်းတွေ အပြည့် အကုန်ဝယ်နိုင်ကြတယ်။
ဒါပေမဲ့ ပိုက်ဆံရှိတဲ့ကစားသမားတိုင်းကလည်း အအဲ့ဒီလို အမြဲဖြုန်းတီးချင်နေကြတာမဟုတ်ဘူး။ တချို့က သူတို့ခန္ဓာကိုယ်ကို တက်တူးတွေနဲ့ အလှဆင်တယ်။ Lionel Messi၊ Neymar၊ Zlatan Ibrahimović တို့လို ကစားသမားကြီးတွေဆို ခန္ဓာကိုယ်တစ်ခုလုံး တက်တူးတွေအပြည့်ပါ။
ဒါပေမဲ့ နာမည်ကြီးကစားသမားတွေထဲမှာပဲ တက်တူးတစ်ခုမှ လုံးဝမထိုးတဲ့သူတွေလည်း အများကြီးရှိတယ်။ သူတို့ရဲ့အကြောင်းပြချက်တွေကလည်း ကွဲပြားတယ်။ ဘာသာတရား၊ ကိုယ်ပိုင်ယုံကြည်ချက်၊ ရိုးရှင်းတဲ့ဘဝကို နှစ်သက်လို့ စသဖြင့်အမျိုးမျိုးရှိကြတယ်။ အခုတော့ အဲ့ဒီထဲက နာမည်အကြီးဆုံး ၁၀ ယောက်ကို တစ်ယောက်ချင်း အသေးစိတ်ပြောပြသွားမယ်။
၁. Cristiano Ronaldo – Al-Nassr
ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းထားတဲ့ကစားသမားပါ။ သူ့မှာ တက်တူးတစ်ခုမှ မရှိဘူးဆိုတာ လူတိုင်းသိတယ်။ အကြောင်းပြချက်က သွေးလှူဖို့အတွက်ပါ။ တက်တူးထိုးပြီးရင် အနည်းဆုံး ၄ လကနေ ၆ လအထိ သွေးလှူလို့မရဘူး။ သူက တစ်နှစ်ကို အကြိမ်ကြိမ် သွေးလှူတယ်။ ၂၀၁၂ ခုနှစ်က သူကိုယ်တိုင် ပြောခဲ့တယ်။ “ကျွန်တော် တက်တူးမထိုးတာက သွေးကို မကြာခဏလှူနိုင်ဖို့ပါ” တဲ့။ သူ စသွေးလှူခဲ့တာ ၂၀၁၁ တုန်းက
ပေါ်တူဂီအသင်းဖော် Carlos Martins ရဲ့ သားလေးဖျားနေတုန်းက စခဲ့တာပါ။ အဲ့နောက်ပိုင်းလုံးဝ မရပ်တော့ပဲ ဆက်တိုက်သွေးလှူနေခဲ့ပါတယ်။
၂. Mohamed Salah – Liverpool ပရီမီးယာလိဂ်သမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တယ်။ သူ ဂိုးသွင်းပြီး တိုင်စ ပွဲကြည့်ပရိသတ်ရှေ့ အဝတ်ချွတ်ပြီး အောင်ပွဲခံတိုင်း တက်တူးတစ်ခုမှမရှိတဲ့ ခန္ဓာကိုယ်ကို မြင်ဖူးမှာပါ။ သူကအစ္စလာမ်ဘာသာဝင်ပါ။ သူတို့ ဘာသာရေးမှာ တက်တူးထိုးတာကို တားမြစ်ထားတယ်။ သူကိုယ်တိုင် တစ်ခါပြောဖူးတယ်။ “ကျွန်တော်က တက်တူးမထိုး၊ ဆံပင်ပုံစံမပြောင်းဘူး၊ အကလည်းမက။ ဘောလုံးပဲ ကန်ချင်တယ်” တဲ့။
၃. Sadio Mane – Al-Nassr Liverpool မှာ Salah နဲ့ Firmino တို့နဲ့ တွဲကစားခဲ့တဲ့ အာဖရိကကြယ်ပွင့်။ သူ့လည်း တက်တူးတစ်ခုမှမရှိဘူး။ Salah နဲ့ အကြောင်းပြချက်အတူတူပဲ။ မွတ်စလင်မ်ဖြစ်တယ်။ ဘာသာတရားအတိုင်း တက်တူးကို လုံးဝရှောင်တယ်။
၄. Kylian Mbappe – Real Madrid ၂၀၂၄ မှ Real Madrid ကို ရောက်လာတဲ့ ပြင်သစ်ကြယ်ပွင့်။ အသက် ၂၅ နှစ်ပဲရှိသေးတယ်။ သူ့မှာလည်း တက်တူးတစ်ခုမှ မရှိဘူး။ သူက ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး တက်တူးထိုးဖို့ စိတ်မဝင်စားဘူး။ ကွင်းပြင်ပက လူရိုး ပုံစံကိုပဲသဘောကျလို့ပါတဲ့။
၅. Robert Lewandowski – Barcelona ပိုလန်နိုင်ငံရဲ့အကောင်းဆုံး တိုက်စစ်မှူး။ Bayern Munich မှာ ဆုဖလားအားလုံးရခဲ့ပြီး အခု Barcelona မှာ ကစားနေတယ်။ သူ့မှာ တက်တူးမရှိတာ သူ့ရဲ့ နှိမ့်ချတဲ့ဘဝနဲ့ ဆိုင်တယ်။ Lewayဟာ ဘာမာန်မာနမှမရှိဘူး။ တက်တူးမထိုးတာကလည်း သူ့ရဲ့ ရိုးရှင်းတဲ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ။
၆.Rodri – Manchester City
၂၀၂၄ ခုနှစ် Ballon d’Or ရခဲ့တဲ့ စပိန်ကွင်းလယ်
ကစားသမား။ သူ့နည်းပြ Pep Guardiola က ၂၀၁၉ မှာ ပြောဖူးတယ်။ “Rodri မှာ တက်တူးမရှိဘူး၊ နားကပ်လည်းမတပ်ဘူး၊ ဆံပင်လည်း ရိုးရိုးပဲ။ ဒါက ကွင်းလယ်ကစားသမာဆန်တယ်”တဲ့။ သူ့ရဲ့ ရိုးရှင်းတဲ့ပုံစံက သူ့ကစားဟန်နဲ့ လိုက်ဖက်ဆုံးပါပဲ။
ဒီလို ကမ္ဘာ့ထိပ်တန်းကစားသမား ၆ယောက်ဟာ ပိုက်ဆံအများကြီးရပေမဲ့ တက်တူးထိုးဖို့ စိတ်မဝင်စားကြဘူး။ ဘာသာတရား၊ ကိုယ်ပိုင်ယုံကြည်ချက်၊ သွေးလှူချင်လို့၊ ရိုးရှင်းတဲ့ဘဝကို နှစ်သက်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ကိုယ်ပိုင် လမ်းကို ရွေးချယ်ထားကြတယ်။ ဒါက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး ထင်ရှားစေခဲ့ပါတယ်။