Innwa-Ads-Banner-1-1170X200

ညက ရီးရဲမက်ဒရစ်ဘယ်လောက်ကောင်း

El Clásico — ဂန္တဝင်တွေ မွေးဖွားရာ၊ စပိန်ချန်ပီယံရဲ့ ဂုဏ်ပုဒ်ကို စမ်းသပ်ရာတစ်ခုဖြစ်တဲ့ ပွဲစဉ်တစ်ခုဆိုလဲမမှားပါဘူး။ မနေ့ညကတော့ Real Madrid က သူတို့ရဲ့မနှစ်ကကျရှုံးခဲ့တဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက Barcelona ရဲ့ အနိုင်ပိုင်းမှု (၄)ကြိမ်တိတိ ခံစားခဲ့ရပြီးတဲ့နောက်၊ Los Blancos တို့ဟာ နောက်ဆုံးမှာ ပြန်လည်အနိုင်ရခဲ့ပါပြီ။ နည်းဗျူဟာပိုင်း ရောသောထွေးနေတဲ့ ပုံစံမျိုးနဲ့မဟုတ်ဘဲ စည်းကမ်းပြည့်ဝမှု၊ တိကျမှုနဲ့ နည်းဗျူဟာမြောက် ကစားဟန်တွေနဲ့ပါ။ Xabi Alonso ရဲ့ ဦးဆောင်မှုအောက်မှာ Madrid ဟာ ၂-၁ဆိုတဲ့ ရလဒ်နဲ့ ပြီးပြည့်စုံတဲ့အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။

Barcelona ရဲ့ Highline Defensiveဟာ ရင်းနှီးပြီးသား စွန့်စားမှု၊ ရင်းနှီးပြီးသား ကျရှုံးမှုပုံစံပါပဲ။ Real Madrid က ဒါကိုဘယ်လိုအသုံးချမယ်ဆိုတာ ဘောလုံးဝါသနာရှင်တိုင်း သိပါတယ်။ ဗင်းနီဆီးယပ်စ် နဲ့ မက်ပေး တို့ရဲ့ ပြေးအားကို အသုံးချပြီးဒီ ခံစစ်လိုင်ရကို လွတ်မြောက်ဖို့ အမဲလိုက်သားရဲတွေလို စောင့်ဆိုင်းခဲ့ကြတယ်။ပြီးတော့ ၁၂ မိနစ်မှာ ဒါကဖြစ်လာခဲ့တယ်။ Jude Bellingham က သေးငယ်တဲ့အချိန်ကွာဟချက်လေးကနေတစ်ဆင့် သေသပ်သပ်ရပ်တဲ့ ဘောလုံးကို ပို့ပေးလိုက်တယ်။ Kylian Mbappé က သူ့ရဲ့ပြေးအားအချိန်ကိုအံကိုက်ဖြစ်အောင်ယူပြီး လှလှပပသွင်းလိုက်တယ်။

ဒီဂိုးမှာ ဘယ်သူမှမမြင်တဲ့ တိုက်စစ်လမ်းကြောင်းအသေးစိတ်တစ်ခုရှိတယ် — Eduardo Camavinga ရဲ့ ပြေးလမ်းကြောင်းပါ။ Camavinga ဟာ နည်းဗျူဟာကျကျ Alejandro Balde ကို ဆွဲခေါ်ဖို့ ပြေးထွက်ခဲ့တယ်။ ဒီလှုပ်ရှားမှုသေးသေးလေးကပဲ Barcelona ရဲ့ ခံစစ်ဗျူဟာကိုချိုးဖျက်လိုက်ပြီး Mbappe အတွက်တံခါးပေါက်ဖွင့်ပေးလိုက်တာပါ။ ဒါဟာ Real Madrid ကစားသမားတွေရဲ့ တစ်ယောက်အကြောင်းတစ်ယောက်နားလည်မှူ၊ သူဘာလုပ်ရင် ကိုယ်ဘာလုပ်မလဲဆိုတာ သဘောပေါက်တဲ့ အတွဲညီမှုတစ်ခုပါပဲ။

အဲဒီအချိန်ကစပြီး Real Madrid ဟာ သေချာ setting ချထားတဲ့ စက်တစ်လုံးလို ကစားလာခဲ့တယ် ကျစ်လစ်တယ်၊ ထက်မြက်တယ်နဲ့ မရပ်မနားကစားတယ်။ သူတို့မှာ ဘောလုံးပိုင်ဆိုင်မှု ၃၂% ပဲရှိခဲ့တယ်၊ ဒါပေမယ့် အရေးကြီးတဲ့အရာတိုင်းကို ဥိီးဆောင်ညွှန်ကြားနိုင်ခဲ့တယ်။ Barcelona ဘက်က တိုက်စစ်ဆင်ဖို့ ကြိုးစားတဲ့အခါတိုင်း Madrid ရဲ့ ပြိုင်ဘက်တစ်ဦးချင်းစီကို Markingပုံစံနဲ့ ချုပ်ကိုင်ထားတဲ့စနစ်က Barcelona ကို ဝါးမျိုနိုင်ခဲ့တယ်။

Barcelona ဟာ သူတို့ရဲ့ Final Third Zone အတွင်းမှာ ဘောလုံး ၃၇ ကြိမ် ဆုံးရှုံးခဲ့ရတယ်။ ဒါဟာ သူတို့ရဲ့ ဒီရာသီတာအတွင်း အဆိုးရွားဆုံး ကိန်းဂဏန်းပါပဲ။ Barcelonရဲ့ ကစားကွက်တိုင်းဟာ Madrid ရဲ့ Disciplineအောက်မှာ ကျရှုံးခဲ့တယ်။

Real Madrid 23 shots, 10 on target, 3.60 xG; Barcelona 15 shots, 6 on target, 1.03 xG)

ကိန်းဂဏန်းတွေကိုကြည့်ပါ။

Real Madrid ဟာ Barcelona ဂိုးပေါက်ကို၂၃ ကြိမ်ကန်နိုင်ခဲ့တယ်။ ၁၀ ကြိမ်ဂိုးပေါက်တည့်တယ်၊ဂိုးရဖို့အခွင့်ရေး ၃.၆ xGထိရှိခဲ့တယ်;
Barcelona ကရော? XG ၁ ဂိုးကျော်ကျော်လေးသာရှိခဲ့တာပါ။ ဂိုးရလဒ်မှာ တစ်ဂိုးတစ်ကွာခြားတာပါ… ဒါပေမယ့် ထိန်းချုပ်မှု၊ ယုံကြည်မှုနဲ့ ဂိုးရဖို့အခွင့်ရေးတွေမှာတော့ ကွာဟချက်ကြီးပါတယ်။

ဒီထိန်းချုပ်နိုင်မှုရဲ့ အဓိကအချက်က Camavinga ကနေလာတာပါ။ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ၄-၁-၄-၁ စနစ်ထဲမှာ ညာဘက်အလယ်တန်းကစားသမားအဖြစ် ပုံမှန်မဟုတ်တဲ့ တာဝန်ပေးအပ်ခံရတဲ့သူဟာခြေစွမ်းပြဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ သူဟာလုပ်ပြနိုင်ခဲ့တယ်။ Camavinga ဘက်ခြမ်းက Barcelona ရဲ့ ကစားကွက်တည်ဆောက်မှုကို နင်းပြီး ကစားနိုင်ဖို့၊ ခံစစ်ကာကွယ်ဖို့နဲ့ Bellingham ကို Free Roleအဖြစ်ကစားနိုင်အောင် Camavinga အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးပေါင်းစပ်မှုက Mabappe ရဲ့ပထမဂိုးကို တိုက်ရိုက်ဖြစ်စေခဲ့တယ်။

နောက်ပိုင်း Alonso က Tchouaméni နဲ့အတူ Double Pivot အဖြစ် စနစ်ကိုပြန်ပြောင်းတဲ့အခါ Camavinga ဟာ နောက်ကစားသမားတစ်ယောက်လိုပြောင်းလဲသွားပြန်တယ်။ Destroyer စစ်စစ်အဖြစ် သူပြောင်းကစားပေးခဲ့ပြန်ပါတယ်။ ပွဲရဲ့တောင်းဆိုမှုတိုင်းကို လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲပေးနိုင်တာကလဲ ကမ္ဘာ့အဆင့် ကစားသမားတွေရဲ့ ပုံစံပဲမဟုတ်လား?

ဒါကပဲ Alonso ရဲ့အစီအစဉ်ကို Special ဖြစ်စေခဲ့တာပါ။ Discipline နဲ့အတူ လိုက်ပါလာတာက Flexible ပါ။ ကစားသမားတိုင်းက ဘယ်အချိန်မှာ ဘယ်ကိုရွေ့ရမယ်၊ ဘယ်အချိန်မှာ ဘယ်လိုနေရမယ်၊ ဘယ်အချိန်မှာ တိုက်စစ်၊ခံစစ်ကစားရမယ်ဆိုတာကို သိခဲ့ကြတယ်။

Barcelona အတွက်ကတော့ ဒေါသထွက်စရာဖြစ်ခဲ့ပြီး သူတို့ရဲ့ နည်းဗျူဟာက ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရစေတဲ့ညဖြစ်ခဲ့တယ်။ သူတို့ရဲ့ပုံစံအတိုင်း ၃-၂-၅ ပုံစံနဲ့ စတင်ခဲ့ကြတယ်၊ Lamine Yamal၊ Ferran Torres နဲ့ Fermin López တို့ရဲ့ အစောပိုင်းလည်ပတ်မှုတွေနဲ့ပေါ့။ ဒါပေမယ့် ပထမပိုင်း မိနစ် နှစ်ဆယ်ကျော်သွားတဲ့အခါ သူတို့ရဲ့ကစားဟန်က ပျောက်ကွယ်သွားခဲ့တယ်။

Madrid က သူတို့ရဲ့ ကစားကွက်တည်ဆောက်မှုကိုနှောင့်ယှက်လိုက်တဲ့အခါမှာတော့ အစီအစဉ် B ဆိုတာ မရှိခဲ့ပါဘူး။ Pedri က ချိတ်ဆက်ပေးဖို့ကြိုးစားခဲ့တယ်၊ Yamal က မှော်ဆန်တဲ့ကစားဟန်နဲ့ကစားအားကို အားကိုးပြိီးကစားဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ဖွဲ့စည်းပုံမရှိ၊ Madrid ရဲ့ထောင်ချောက်ကိုဘယ်လိုချိုးဖျက်ရမယ်ဆိုတဲ့ အစီစဉ်မရှိခဲ့ကြဘူး။

Alonso ရဲ့ကစားသမားတွေဟာ တစ်ပွဲလုံးကို ဖိအားပေးမကစားခဲ့ကြဘူး၊ ဒါပေမယ့် သူတို့က Barca ကို ကွင်းတစ်ဖက်တည်းမှာတင် ထောင်ချောက်ဆင်ခဲ့ကြတယ်၊ ဘောလုံး exchange မလာမီမှာတင် Barcelona ကို ဘောလုံးဆုံးရှုံးစေခဲ့တယ်။ဒါဟာ ပါးနပ်တဲ့၊ တွက်ချက်ထားတဲ့၊ နည်းစနစ်တစ်ခုပါပဲ။

Barcelona သာ တိုက်စစ် ခံစစ်အကူးပြောင်းတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ခဲ့ရင်၊ သူတို့ ဂိုးတွေရရှိကောင်းရရှိနိုင်တယ်။ ဒါပေမယ့် သူတို့ဟာ ကြောက်ရွံ့နေခဲ့ကြတယ်။ ပြီးတော့ Madrid က ဒီအချက်က်ို အပြစ်ပေးခဲ့တယ်။

ပြီးတော့ Lamine Yamal ကို အသုံးမချနိုင်ခြင်းက ပြဿနာဖြစ်ခဲ့တယ်။ အသက် ၁၈ နှစ်အရွယ်၊ Wonder kid ဟာ နေရာလွတ်နဲ့ လွတ်လပ်ကစားခွင့်ရတဲ့အခါ အမြဲတမ်းလုပ်ပြလေ့ရှိတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ သူဟာ နည်းဗျူဟာပုံသေကားချပ်ထဲမှာပဲ ပိတ်မိနေခဲ့တယ်။ Barça ရဲ့ ဗျူဟာက သူ့ကို ခန့်မှန်းလို့ရအောင်လုပ်ထားတယ်။ တစ်မူထူးခြားမှုမရှိအောင်လုပ်ထားတယ်၊ ဘောလုံးကိုတစ်ချိန်တည်းမှာပဲ တစ်နေရာတည်းကို ထပ်ကာထပ်ကာပေးနေခဲ့ကြတယ်။ ပိုဆိုးတာက၊ သူတို့ရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတိုင်းဟာ ဘယ်ဘက်ခြမ်း ကိုသွားနေခဲ့တယ်၊ Yamal ကိုလုံးဝချန်ထားခဲ့တာပါ။

ပထမပိုင်းမှာ သူ ၂၈ ကြိမ်ပဲ ဘောလုံးကိုထိခဲ့ရတယ် ဒါဟာ သူ့ဒီရာသီအတွက် ဒုတိယမြောက် အနိမ့်ဆုံးကိန်းဂဏန်းပါပဲ။ ပွဲချိန် အလယ်လောက်ရောက်မှသာ HansibFlick က သူ့ကို Free Roleတင်ပေးလိုက်တယ်။ အဲ့ဒီချိန်မှသာ Yamal ဟာ သူရဲ့အစွမ်းစအရိပ်အယောင်တွေကိုပြနိုင်ခဲ့တယ်။တိုက်စစ် ဗဟိုဘက်ကိုရွေ့တယ်၊ နေရာလွတ်ရှာတယ်။ Kounde အတွက်ဂိုးတစ်ဂိုးရလုနီးပါးဖန်တီးပေးခဲ့တယ်။

ဒီ El Clásico ကို နည်းစနစ်ပိုင်းစည်းကမ်းနဲ့သတ်မှတ်ခဲ့တယ်။ Xabi Alonso ရဲ့ Real Madrid ဟာ ဘောလုံးပိုင်ဆိုင်မှုကို လွှမ်းမိုးဖို့မလိုအပ်ခဲ့ဘူး။သူတို့လိုအပ်ခဲ့တာက အသေးစိတ်အချက်လက်တွေကို လွှမ်းမိုးဖို့ပါပဲ။ ခံစစ်လိုင်းတိုင်း။ ဘောလုံးလမ်းလမ်းကြောင်းတိုင်း။ ဖိအားပေးမှုအစပြုချက်တိုင်းပေါ့။ သူတို့ဒါကိုလုပ်ဆောင်နိုင်ခဲ့တယ်။ ပြီးပြည့်စုံစွာပဲ။

တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်၊ Los Blancos တို့ဟာ El Clásico ကိုအောင်နိုင်ခဲ့ကြတယ်။ ကံကောင်းမှုတွေနဲ့မဟုတ်ဘဲ၊ ဖွဲ့စည်းပုံ၊ စည်းကမ်းနဲ့ ယုံကြည်မှုတွေနဲ့ပါ။နည်းဗျူဟာမြောက်သင်ခန်းစာ နဲ့ Xabi Alonso ရဲ့အစီအစဉ်က အံကိုက်ဖြစ်သွားတဲ့အခါ Real Madrid ဟာ အနိုင်ရရုံတင်မကဘူး။ သူတို့ဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ကို ထိန်းချုပ်လိုက်ကြတယ်။