Innwa-Ads-Banner-1-1170X200

Manchester City အတွက် Rayan Cherki ယူပေးခဲ့တဲ့ အောင်ပွဲ

မနေ့ညက Nottingham ကို နိုင်ခဲ့တဲ့ပွဲစဉ်ဟာ Manchester City ရဲ့ ချန်ပီယံမျှော်လင့်ချက်အတွက် အလွန်အရေးပါတဲ့ နိုင်ပွဲတစ်ခုဖြစ်ခဲ့သလို၊ လူငယ်ကြယ်ပွင့် Rayan Cherki ရဲ့ ခြေစွမ်းပြမှုကို လည်း အားလုံးက အံ့အားသင့်ခဲ့ကြရပါတယ်။Nottingham Forest ရဲ့ အိမ်ကွင်းမှာ ခြေစွမ်းပြကစားခဲ့တဲ့ Rayan Cherki ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို အခုလို တင်ဆက်ပေးလိုက်ပါတယ်။

Rayan Cherki တစ်ယောက် ပရီးမီးယာလိဂ်ကို စတင်ရောက်ရှိလာချိန် ချက်ချင်းအသားကျဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမဲ့၊ ရောက်ပြီး လပိုင်းအတွင်းမှာတင် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ။မနေ့ညက ပွဲမှာတော့ သူဟာ အသင်းရဲ့ ကစားသမားတစ်ယောက်ထက် ပိုတဲ့၊ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ “Mastermind” တစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတာပါ။

ဒီပွဲမှာ Cherki ပြသသွားတဲ့ ခြေစွမ်းက ကိန်းဂဏန်းတွေထက် ပိုပြီး Forest ရဲ့ ကောင်းလှပါချည်ရဲ့ဆိုတဲ့ ခံစစ်တံတိုင်းကို ဖောက်ထွက်ဖို့ City တို့ ကြိုးစားနေချိန်မှာ Cherki ရဲ့ ပါးနပ်တဲ့ ဖန်တီးမှုကနေတစ်ဆင့် အဖွင့်ဂိုး ရရှိခဲ့တာပါ။ အထူးသဖြင့် ပွဲချိန် ၈၃ မိနစ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို အပြည့်အဝ ပြသနိုင်ခဲ့တယ့်ဂိုးလို့ဆိုလို့ရပြီး ထောင့်ကန်ဘောကနေ လွင့်ထွက်လာတဲ့ ဘောလုံးကို ဘယ်ခြေနဲ့ မြေမကျ ကန်သွင်းယူခဲ့တာဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ Cherki ရဲ့ အန္တရာယ်အရှိဆုံးနေရာက ပြိုင်ဘက် Full-back နဲ့ Center-back ကြားက Half-space နေရာတွေလို့ဆိုရပါမယ်။ Forest ခံစစ်က ပိတ်ကစားနေချိန်မှာ သူဟာ အဲဒီနေရာလွတ်တွေထဲကို ဝင်ရောက်ပြီး Tijjani Reijnders ရဲ့ အဖွင့်ဂိုးအတွက် လမ်းကြောင်းကို ဖော်ပေးခဲ့တာပါ။

သူ့ရဲ့ ဒီနေ့ပွဲ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်:

  • ပွဲစဉ်တစ်လျှောက် အခွင့်အရေး ဖန်တီးမှု ၃ ကြိမ်)
  • ဂိုးကန်သွင်းမှု ၄ ကြိမ်
  • ပြိုင်ဘက် ဂိုးဧရိယာအတွင်း ဘောလုံးထိတွေ့မှု ၇ ကြိမ်
  • ဒါ့အပြင် သူဟာ ပရီးမီးယာလိဂ် ၁၃ ပွဲမှာတင် Goal Assist (၇) ကြိမ် အထိ ပြုလုပ်ထားပြီး ဒါဟာ လိဂ်တစ်ခုလုံးမှာ အများဆုံး စံချိန်လည်း ဖြစ်ပါတယ်။

ဒီပွဲမှာ သူဟာ Dribbles ၄ ကြိမ်မှာ ၂ ကြိမ် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ထူးခြားချက်က အလဟဿ လိမ်ခေါက်နေတာမျိုးမဟုတ်ဘဲ ခံစစ်ကို “Commit” ဖြစ်အောင် လုပ်နိုင်တာပါ။ သူ ဘောလုံးဆွဲလာရင် Forest ခံစစ်ကစားသမား အနည်းဆုံး ၂ ယောက်လောက်က လာလုရတာမို့ တခြား City ကစားသမားတွေအတွက် နေရာလွတ် (Space) တွေ ထွက်လာစေခဲ့ပါတယ်။ကွင်းလယ်လူ ဖြစ်ပေမဲ့ Opp. Box အတွင်း ၇ ကြိမ် အထိ ဘောလုံးထိချက်ရှိခဲ့တာကြောင့်သူဟာ တိုက်စစ်ဇုန်ထဲအထိ ဝင်ကစားနိုင်တဲ့ “Shadow Striker” ပုံစံမျိုးအထိပါ ကစားနိုင်တာကို Pepတစ်ယောက် ကောင်းကောင်းသိနေခဲ့ပါတယ်။

နည်းပြ Pep Guardiola က “Cherki အတွက်တော့ ကောင်းကင်ယံဟာ အကန့်အသတ်ပါပဲ (The sky is the limit)” လို့ တင်စားခဲ့ပါတယ်။ ဆိုလိုတာကတော့ သူဟာ ဘယ်လောက်ထိ တော်တဲ့ ကစားသမားဖြစ်လာမလဲဆိုတာ သူ့ရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်ပြီး၊ သူ့ရဲ့ ပါရမီကတော့ အကန့်အသတ်မရှိဘူးဆိုတာပါပဲ။ အခုဆိုရင် Manchester City ဟာ Arsenal ရဲ့ နောက်မှာ ကပ်လျက် ဖိအားပေးနေဆဲဖြစ်ပြီး ဒီလို အကြိတ်အနယ်ရှိလှတဲ့ ချန်ပီယံလုပွဲမှာ Cherki လို ကစားသမားမျိုးရဲ့ တစ်ဦးချင်း အရည်အသွေးက အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Pep Guardiola လက်အောက်မှာ Cherki ဟာ Kevin De Bruyne ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ Phil Foden ရဲ့ လျင်မြန်မှုတို့ကို ပေါင်းစပ်ထားတဲ့ Hybrid ကစားသမားတစ်ယောက်လို ကစားပြနေပြီး သူ့ရဲ့ နည်းစနစ်ပိုင်း ပါးနပ်မှုက City ကို ပိတ်ကစားတတ်တဲ့ အသင်းတွေနဲ့တွေ့ရင် “Lock” ဖွင့်ပေးနိုင်တဲ့ အဓိကသော့ချက် ဖြစ်လာခဲ့ပြီလားဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။ ပရိသတ်ကြီးရော… Cherki ကို Kevin De Bruyne ရဲ့ ရေရှည်ဆက်ခံသူအဖြစ် မြင်ကြလား?