Liverpool ဘောလုံးအသင်းဟာ ဟိုးအရင်ကတည်းက စိတ်ခံစားမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဆုံချက်မှာ ရပ်တည်နေခဲ့တယ်။ Shankly ခေတ်ကတည်းက သူတို့ဟာ ဆန်းသစ်တီထွင်သူတွေဖြစ်ခဲ့တယ်။ နည်းဗျူဟာဆိုင်ရာ revolution တွေကနေ အားကစားသိပ္ပံမှာ ထိုးဖောက်ကျော်လွှားမှုတွေအထိပေါ့။ ဒါပေမယ့် အခု၊ ခေတ်သစ်ဘောလုံးမှာ Liverpoolဟာ အခန်းကဏ္ဍသစ်ကို ထပ်မံအသုံးချနေပြီ။
သူတို့သုံးနေတာက Artificial Intelligence ကို – အသင်းရွေးတဲ့နေရာမှာ (သို့) ပြိုင်ဘက်တွေကို ကြိုတင်ခန့်မှန်းဖို့အတွက် မဟုတ်ဘူး – သူတို့ရဲ့ ကစားသမားတွေကို ကာကွယ်ဖို့အတွက်ပါ။
Smart Football ရဲ့ မွေးဖွားခြင်းဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘောလုံးကစားဟာ ပြောင်းလဲသွားခဲ့ပါပြီ။ ဆုံးဖြတ်ချက်တွေကို ပင်ကိုယ်စိတ် ဒါမှမဟုတ် စိတ်ခံစားမှုတစ်ခုတည်းနဲ့ချမှတ်ခဲ့ကြတဲ့ ကာလတွေက ကုန်လွန်သွားပြီ။ယနေ့မှာ အသင်းတွေဟာ ကစားသမားတွေကို ကျန်းမာဖို့၊ သွက်လက်ဖို့အတွက် GPS ဒေတာတွေ၊ Bio metric အာရုံခံကိရိယာတွေ၊ စွမ်းဆောင်ရည် Algorithm လိုမျိုး သိပ္ပံပညာကို အားထားနေကြတယ်။
Liverpool ကတော့ ရှေ့ဆောင်တွေထဲက တစ်သင်းပါ။Jürgen Klopp လက်ထက်မှာ သူတို့ဟာ STATSports ကနေ အဆင့်မြင့် GPS အင်္ကျီတွေကို စတင်သုံးစွဲခဲ့ကြတယ်၊ ဒီ Northern Irish ကုမ္ပဏီဟာ ပြေးသမျှအတိုင်းတာတိုင်း၊ အရှိန်တိုင်းတာမှု၊ နှလုံးခုန်သံအထိ လက်တွေ့အချိန်နဲ့တပြေးညီ
ဒေတာတွေကို ထောက်ပံ့ပေးတယ်။ ကစားသမားတစ်ဦးချင်းစီရဲ့ အင်္ကျီက လေ့ကျင့်ခန်းတစ်ခုစီမှာ ကိုယ်ခန္ဓာဆိုင်ရာ တိုင်းတာမှုမက်ထရစ် ၂၅၀ ကျော်ကို ခြေရာခံပေးတယ် – အရှိန်မြှင့်လိုက်တဲ့အား၊ မျှခြေအားနဲ့ ခရီးအကွာအဝေးကအစ အားလုံးကို တိုင်းတာတယ်။
ဒါပေမယ့် ဇာတ်လမ်းက ဒီမှာပြီးဆုံးသွားတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ နှစ်အနည်းငယ်အတွင်းမှာ Liverpool က အရိုးထိခိုက်ဒဏ်ရာ ဖြစ်နိုင်ခြေကို မဖြစ်ခင်ကြိုတင်ခန့်မှန်းနိုင်တဲ့ AI system အသစ်တစ်ခုကို မိတ်ဆက်ခဲ့လို့ပါ။ ဒီစနစ်က ဒေတာတွေကို မှတ်တမ်းတင်ယူရုံသက်သက်မဟုတ်ဘူး။ ဒေတာတွေရဲ့ တုန့်ပြန်ချက်တွေကို ရယူတာပါ။
AI Assistant ရဲ့ ပေါ်ထွန်းလာခြင်း
ဒီစနစ်ရဲ့ နောက်ကွယ်က နည်းပညာကို Zone7 ဆိုတဲ့ AI မောင်းနှင်တဲ့ ဒဏ်ရာကြိုတင်ကာကွယ်ရေးမှာ အထူးပြုတဲ့ Silicon Valley က စတင်တည်ထောင်တဲ့ ကုမ္ပဏီကနေ ပထမဆုံးမိတ်ဆက်ခဲ့တယ်။ Zone7 ရဲ့ မော်ဒယ်က ဘောလုံး၊ ဘက်စကတ်ဘော၊ အမေရိကန်ဘောလုံး စတဲ့ ကစားနည်းပေါင်းစုံကနေ လေ့ကျင့်ရေးဒေတာတွေ၊ ဒဏ်ရာရာဇဝင်တွေကို နာရီထောင်ချီပြီး စိစစ်လေ့လာတယ်။ ဒီ software က လူ့မျက်စိနဲ့မမြင်နိုင်တဲ့ အဆင်တွေ – ကစားသမားတစ်ဦးရဲ့ လှုပ်ရှားမှု၊ ပင်ပန်းနွမ်းလျမှု ဒါမှမဟုတ် ပြန်လည်နာလန်ထမှုအခြေအနေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြောင်းလဲမှုတွေကို ဖော်ထုတ်ပေးတယ်။
Liverpool က Zone7 ရဲ့ platform ကို ၂၀၂၁ ခုနှစ်လောက်ကစပြီး မိတ်ဆက်သုံးစွဲခဲ့ပြီး၊ ဒါဟာ သူတို့ရဲ့ အားကစားသိပ္ပံ ecosystem ထဲကို အမြန်ဆုံးဝင်ရောက်လာခဲ့တယ်။ AI က STATSports wearables တွေ၊ လေ့ကျင့်ရေးအစီအစဉ်တွေ၊ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာတွေကနေ ဒေတာတွေကို ဆွဲယူပြီး၊ ကစားသမားတစ်ဦးချင်းစီအတွက် ဒဏ်ရာဖြစ်နိုင်ခြေ အမှတ် – အစိမ်း၊ အဝါ၊ အနီ – ကို တွက်ချက်ပေးတယ်။
စနစ်က အန္တရာယ်တိုးလာမှုကို ခြေရာခံမိရင်၊ စွမ်းဆောင်ရည်အဖွဲ့ကို အသိပေးတယ်။အဲဒီအချိန်မှာ လူသားတွေက ဝင်ရောက်လုပ်ကိုင်ကြတယ်။ ဆန်းစစ်သုံးသပ်သူတွေ၊ Physical ကုထုံးပညာရှင်တွေ၊ နည်းပြဆရာတွေပေါ့။- ဘယ်ကစားသမားကို အနားပေးမလဲ၊ သူတို့ရဲ့ ဝန်ထုပ်ကို လျှော့ချမလား ဒါမှမဟုတ် ပွဲကြားထဲမှာ လူစားလဲသင့်သလားဆိုတာ ဆုံးဖြတ်ဖို့အတွက်ပါ။
ဂဏန်းတွေရဲ့ နောက်ကွယ်က လူသားဆုံးဖြတ်ချက်
ဒီရာသီမှာ၊ အဲဒီလို အသိပေးချက်တွေဟာ Liverpool ရဲ့ အလှည့်လည်ကစားရေးဗျူဟာကို ပုံဖော်ပေးခဲ့တယ်လို့ သိရပါတယ်။Alexander Isak နဲ့ Alexis Mac Allister လို ကစားသမားတွေရဲ့ ကစားချိန်တွေကို ဂရုတစိုက် စီမံခန့်ခွဲခံခဲ့ရတယ် – နည်းဗျူဟာဆိုင်ရာ ပြဿနာတွေကြောင့် မဟုတ်ဘူး၊ AI က အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေကို သတိပေးခဲ့လို့ပါ။
ဒီအခြေအနေကို မြင်ယောင်ကြည့်ပါ-ကစားသမားတစ်ဦးရဲ့ ပြေးသမျှအကြိမ်အရေအတွက်ဟာ သူ့ရဲ့ ပုံမှန်ထက်စာရင် မြင့်တက်သွားတယ်။သူ့ရဲ့ အရှိန်မြှင့်တင်မှုဝန်ထုပ်ဟာ ဆက်တိုက်ပွဲတွေမှာ နှစ်ဆတိုးသွားတယ်။
သေးငယ်တဲ့လှုပ်ရှားမှုတွေကနေ တိုင်းတာထားတဲ့ သူ့ကြွက်သားပင်ပန်းနွမ်းလျမှု ဒေတာတွေက အနီရောင်ဇုန်ထဲ ရောက်သွားတယ်။
ဆန်းစစ်သုံးသပ်သူရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာ အသိပေးချက်တစ်ခု ပေါ်လာတယ်- “လာမယ့် ၄၈ နာရီအတွင်း ဒဏ်ရာရနိုင်ခြေမြင့်မားနေတယ်” ဒါမျိူးပါ။မိနစ်ပိုင်းအတွင်းမှာပဲ ဒီစာတမ်းက နည်းပြအဖွဲ့ဆီ ရောက်ရှိသွားတယ်။ ချက်ချင်းပဲပရိတ်သတ်တွေ သတိမထားမိခင်မှာပဲ အစားထိုးမှုတစ်ခု ပြုလုပ်လိုက်တယ်။ပရိတ်သတ်တွေအတွက်ကတော့ ဒါဟာ နည်းဗျူဟာလို့ ထင်ရတယ်။တကယ့်အခြေအနေမှာတော့ – ဒါဟာ သိပ္ပံပညာပါ။
– စနစ်က ဘယ်လိုအလုပ်လုပ်သလဲ
AI စနစ်က လူသားတွေနေရာမှာ အစားထိုးတာမဟုတ်ဘူး၊ လူသားတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးတာပါ။
ဒါက ပြင်ပဝန်ထုပ်ဒေတာ – ဥပမာ မြန်နှုန်းမြင့်ပြေးဟန်၊ အရှိန်မြှင့်တင်မှု၊ စုစုပေါင်းခရီးအကွာအဝေး – တွေကို အတွင်းပိုင်းဒေတာ ဖြစ်တဲ့ ပင်ပန်းနွမ်းလျမှု၊ ကြွက်သားနာကျင်မှု၊ နှလုံးခုန်နှုန်း ပြန်လည်ကောင်းမွန်လာမှုတို့နဲ့ ပေါင်းစပ်ပေးတယ်။အခြေအနေဆိုင်ရာ အချက်တွေ – ခရီးသွားအကွာအဝေး၊ ပွဲစဉ်ဆက်တိုက်ဖြစ်မှု၊ အိပ်စက်မှုပုံစံ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု – တွေကိုတောင် ထည့်သွင်းစဉ်းစားတယ်။
ဒေတာအားလုံး စီမံပြီးတာနဲ့၊ မော်ဒယ်က acute-to-chronic workload ratio လို့ခေါ်တဲ့အရာကို တွက်ချက်တယ် – ကစားသမားတစ်ဦးက အခုလက်ရှိလုပ်နေတဲ့ အလုပ်ပမာဏနဲ့ သူ့ခန္ဓာကိုယ်က ဘယ်လောက်အထိ နေသားကျနေလဲဆိုတဲ့ တိုင်းတာမှုတစ်ခုပါ။ဒီအချိုးက သိပ်မြင့်တက်သွားရင်၊ AI က ကြွက်သားအရွတ်စုတ်ပြဲတာလို ပျော့ပျောင်းတဲ့တစ်ရှူး ဒဏ်ရာတွေရဲ့ အန္တရာယ်မြင့်မားကြောင်း သတိပေးတယ်။
Liverpool ရဲ့ ဆန်းစစ်သုံးသပ်သူတွေက ဒီသတိပေးချက်တွေကို နေ့စဉ်သုံးသပ်ကြည့်ရှုတယ်။ AI က ဆုံးဖြတ်ချက်တွေကို မချမှတ်ဘူး – ဒါက သတိပေးချက်ကို တိုးတိုးလေးပြောတာပါပဲ။ ဒီတိုးတိုးပြောတဲ့စကားလေးဟာ ကျန်းမာတဲ့အသင်းနဲ့ ဒဏ်ရာတွေကြောင့် ဆုံးရှုံးရတဲ့ ရာသီတစ်ရာသီကြားက ခြားနားချက်ဖြစ်စေနိုင်တယ်။
အောင်မြင်မှု၊ သံသယနှင့် လျှို့ဝှက်ချက်များ
တကယ်တော့၊ လူတိုင်းက ဒီအချက်ကို ယုံကြည်နေတာမဟုတ်ဘူး။ဝေဖန်သူတွေကတော့ ဘောလုံးကို အယ်လ်ဂိုရီသမ်တွေနဲ့ လျှော့ချလို့မရဘူးလို့ ဆိုကြတယ်။စိတ်ခံစားမှု၊ စိတ်တက်ကြွမှုနဲ့ လူသားရဲ့ ကြိုတင်မခန့်မှန်းနိုင်မှုတွေကို code တွေနဲ့ ပုံစံချလို့မရဘူးလို့ သူတို့က ငြင်းခုံကြတယ်။ဒါပေမယ့် Liverpool ရဲ့ မှတ်တမ်းက ဒီလိုမဟုတ်ဘူးလို့ ဆိုနေတယ်။AI ကူညီထိန်းသိမ်းတဲ့ ဝစီမံခန့်ခွဲမှုကို စတင်အသုံးပြုပြီးကတည်းက၊ အသင်းမှာ ပျော့ပျောင်းတဲ့တစ်ရှူး ဒဏ်ရာတွေ သိသိသာသာလျော့နည်းသွားတယ်လို့ အစီရင်ခံထားတယ်။ပွဲစဉ်ဆက်တိုက်ဖြစ်နေတဲ့ အချိန်ဇယားတွေမှာတောင် သူတို့ရဲ့ကစားသမားတွေ ပိုပြီးကျန်းကျန်းမာမာနဲ့ ကြာကြာကစားနိုင်လာကြတယ်၊ သူတို့ရဲ့စွမ်းဆောင်မှုတွေလည်း ပိုပြီးတသမတ်တည်းဖြစ်လာတယ်။
ဒါပေမယ့်လည်း၊ အသင်းက အသေးစိတ်အချက်အလက်အားလုံးကို လျှို့ဝှက်ထားဆဲပါ။
Liverpool ရဲ့ အားကစားသိပ္ပံဌာနအပြင်ဘက်က ဘယ်သူမှ စနစ်ကို ဘယ်လိုတိုင်းတာညှိပေးထားလဲ၊ AI ရဲ့သက်ရောက်မှုက ပွဲကစားရက်မှာ ဘယ်လောက်ထိလဲဆိုတာ အတိအကျမသိကြဘူး။
နည်းပညာနဲ့ နည်းဗျူဟာကြားက မျဉ်းကြောင်းကို တမင်တကာ မှေးမှိန်သွားအောင်လုပ်ထားတယ် – ဘာလို့လဲဆိုတော့ ခေတ်သစ်ဘောလုံးမှာ ပြိုင်ဘက်ကင်းသော သာလွန်ခြင်းဟာ ဒီအပေါ်မှာပဲ မူတည်နေလို့ပါ။
ကိုယ်ကျင့်တရားဆိုင်ရာ နယ်စပ်သစ်
အားကစားမှာ AI သုံးစွဲမှုဟာ ခက်ခဲတဲ့မေးခွန်းတွေကိုလည်း မေးခိုင်းတယ်။ဒေတာကို ဘယ်သူကပိုင်ဆိုင်သလဲ။အယ်လ်ဂိုရီသမ်က ကစားသမားတစ်ဦးကို မကစားသင့်ဘူးလို့ ဆုံးဖြတ်ချက်ချရင်၊ ဒါဟာ သူတို့ရဲ့ စာချုပ်၊ သူတို့ရဲ့ဆုကြေး၊ သူတို့ရဲ့ဈေးကွက်တန်ဖိုးကို ထိခိုက်စေသလား။
အသင်းတွေဟာ အခုဆိုရင် တာဝန်ယူမှုနဲ့အတူ ဆန်းသစ်တီထွင်မှုကို ချိန်ညှိဖို့လိုအပ်လာပါပြီ။
ဒေတာကာကွယ်ရေးဥပဒေတွေ၊ ကစားသမားတွေရဲ့ သဘောတူညီချက်၊ အယ်လ်ဂိုရီသမ်ရဲ့ ပွင့်လင်းမြင်သာမှုတွေဟာ ခေတ်သစ်အားကစားမှာ အဓိကအချက်ဖြစ်လာတဲ့ အငြင်းပွားမှုတွေဖြစ်လာတယ်။
ဒီဆွေးနွေးပွဲရဲ့ ဗဟိုမှာ ရှေ့ဆောင်တစ်ခုအနေနဲ့ Liverpool က ရပ်တည်နေပါတယ်။
ပိုကြီးမားတဲ့ ရှုထောင့်
Liverpool ရဲ့ AI သုံးစွဲမှုဟာ အစားထိုးမှုတွေအကြောင်းသက်သက်မဟုတ်ဘူး။ဒါက ဘောလုံးရဲ့ ဆင့်ကဲပြောင်းလဲမှုရဲ့ အကြောင်းပါ။ လေ့ကျင့်ရေးကို လက်တွေ့အချိန်နဲ့တပြေးညီ စိတ်ကြိုက်ပြင်ဆင်တဲ့ အနာဂတ်တစ်ခု။
ဒဏ်ရာတွေကို ဖြစ်မလာခင်ကတည်းက ရက်ပိုင်းထ အလိုကြိုတင်ခန့်မှန်းနိုင်တဲ့ နေရာ။
နည်းဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေက စိတ်ခံစားမှုနဲ့ စက်ရဲ့တိကျမှုကို ရောစပ်ပေးတဲ့ နေရာ။
အခြားအသင်းတွေ – Manchester City, Arsenal, Real Madrid – တွေကလည်း အခုဆိုရင် သူတို့ကိုယ်ပိုင် အဆောက်အအုံအတွင်း ဒေတာဌာနတွေ၊ AI မိတ်ဖက်အဖွဲ့တွေကို တည်ဆောက်ပြီး ဒီနည်းလမ်းကို လိုက်နေကြပြီ။ ဒါပေမယ့် Liverpool ရဲ့ ပေါင်းစည်းမှုကတော့ အသင်းအားလုံးချောမွေ့နေဆဲပါ – ဘာလို့လဲဆိုတော့ သူတို့ရဲ့ Cultureထဲမှာ ထည့်သွင်းထားလို့ပါ၊ နည်းပညာထဲမှာပဲ ထည့်သွင်းထားတာမဟုတ်ဘူး။
ပေးပို့တဲ့မက်ဆေ့ချ်ကတော့ ရှင်းနေပါပြီ-ခေတ်သစ်မှာ၊ ဘောလုံးအနိုင်ရခြင်းဟာ ခြေထောက်တွေနဲ့ နှလုံးသားတွေနဲ့ပဲ ကစားရုံသက်သက်မဟုတ်ဘူး… ဒါကို ဒေတာနဲ့ code တွေနဲ့ ကစားရတာပါ။
အဆုံးသတ် အတွေးအမြင်
ပရိတ်သတ်တွေအနေနဲ့ ကျွန်တော်တို့ဟာ ဂိုးတွေ၊ ဖျက်ထုတ်ကာကွယ်တဲ့ တက်ကယ်တွေ၊ အောင်ပွဲခံပွဲတွေကိုပဲ မြင်ရတယ်။ကျွန်တော်တို့ မမြင်ရတာက နောက်ကွယ်မှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ တိုက်ပွဲတွေ ပင်ပန်းနွမ်းလျမှုနဲ့ ပြန်လည်နာလန်ထမှု၊ အန္တရာယ်နဲ့ အဆင်သင့်ဖြစ်မှု၊ လူသားနဲ့ စက်ပစ္စည်းတို့ကြားက တိုက်ပွဲတွေပါ။
Liverpool ရဲ့ AI သုံးစွဲမှုဟာ နောက်ထပ် ကြီးမားတဲ့အကြောင်းရာ ဖြစ်လာနေပြီ။လူသားရဲ့ ပါရမီကို အစားထိုးဖို့မဟုတ်ဘူး၊ ဒါကို ကာကွယ်ဖို့အတွက်ပါ။
ဘာလို့လဲဆိုတော့ အဆုံးမှာတော့… အလှပဆုံးဘောလုံးကို ကစားနိုင်တဲ့အသင်းဟာ ဉာဏ်အရှိဆုံးအသင်း မဟုတ်ပါဘူး။အကြာဆုံးခံနိုင်ရည်ရှိပြီး၊ အပြင်းထန်ဆုံးကျန်ရှိကာ၊ ဒေတာကို ဦးဆောင်ခွင့်ဘယ်အချိန်ပေးသင့်လဲဆိုတာ သိရှိတဲ့အသင်းဟာ ဉာဏ်အရှိဆုံးအသင်းပါ။
“ဒါဟာ… Liverpool ရဲ့ AI စွမ်းအားဖြင့် မောင်းနှင်တဲ့ ဘောလုံးဉာဏ်ရည်ဉာဏ်သွေး – ဆန်းသစ်
တဲ့Revolution အသစ်ပါပဲ။”