ကိုးမီတာ၊ ဘောလုံးတစ်လုံး၊ ဂိုးသမားတစ်ယောက်၊ ကန်သွင်းသူတစ်ယောက် – နောက်ပြီး ထောင်နဲ့ချီတဲ့ မျက်လုံးတွေရဲ့ စောင့်ကြည့်မှုကို ခံစားရခြင်း။ ခင်ဗျား ဘာက််ိုပြေးမြင်မိလဲ? ပရိသတ်အများစုအတွက်ကတော့ ဒါဟာ ရိုးရှင်းပုံရပါတယ်။ သို့သော် ကစားသမားအတွက်ကတော့ ဒါဟာ စိတ်ပိုင်းဆိုင်ရာ စစ်မြေပြင်တစ်ခုပါပဲ။ ၂၀၂၅/၂၆ ပရီးမီးယားလိဂ်ရာသီမှာ Manchester United ရဲ့ Bruno Fernandes ဟာ ဒီစစ်မြေပြင် ဘယ်လောက်တောင် ကြမ်းတမ်းနိုင်တယ်ဆိုတာကို ပြန်လည်သတိရစေခဲ့ပါတယ်။ ဥရောပရဲ့ အကောင်းဆုံး ပင်နယ်တီကန်သွင်းသူ ကစာသမားတွေထဲက တစ်ယောက်အဖြစ် ကြာရှည်ယူဆခံထားရတဲ့ ပေါ်တူဂီ ကစားသမားဟာ ရာသီအစောပိုင်းမှာ တစ်ကြိမ်မကတော့ဘူး၊ နှစ်ကြိမ်တိတိ ပင်နယ်တီလွဲခဲ့ပါတယ်။ မေးခွန်းကတော့ – ဘာတွေ မှားယွင်းသွားတာလဲ။ Bruno Fernandes United ကိုရောက်ရှိလာပြီးကတည်းက သူ့ရဲ့တစ်ချက်ခုန်၊ ခြေမြှောက်ပြီးမှ ကန်တဲ့ နည်းစနစ် (hop-skip technique) ဟာ သူ့ရဲ့ Trademark လက္ခဏာဖြစ်လာခဲ့ပါတယ်။ ဂိုးသမားကို ရပ်တန့်သွားအောင် လုပ်ကာ နောက်ဆုံးအခိုက်အတန့်အထိ စောင့်ဆိုင်းပြီးမှ ဂိုးထဲကို ကန်သွင်းလေ့ရှိပါတယ်။ နှစ်ပေါင်းများစွာ ဒီနည်းလမ်းကြောင့် သူ့ကို မတားဆီးနိုင်ခဲ့ကြပါဘူး။ အင်္ဂလန်မှာ အတော်ဆုံးတွေထဲက တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သူဟာ United ရဲ့ အဆိုးဆုံးကာလတွေအကြားမှာ အားကိုးရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေက သူ့ကို ယုံကြည်ခဲ့ကြတယ်။ ဂိုးသမားတွေက သူ့ကို ကြောက်ရွံ့ခဲ့ကြတယ်။ သို့သော် ပရီးမီးယားလိဂ်မှာတော့ ဘယ်အရာမှ အမြဲတမ်းတော့ မရှိပါဘူး။ ဒီရာသီမှာတော့ အက်ကြောင်းတွေ စပေါ်လာပါတယ်။ Bruno ရဲ့ ဘောလုံးလွဲသွားတဲ့ မြင်ကွင်းဟာ ရှားရှားပါးပါးပါပဲ။ Brentford နဲ့ကစားတဲ့ပွဲမှာ ဒုတိယအကြိမ် ကန်လွဲမှုကတော့ ပိုပြီးတောင် မေးခွန်းတွေရှိလာခဲ့တယ်။ VAR ရဲ့ ကြာမြင့်စွာ ဆိုင်းငံ့မှုနဲ့ ကစားသမားအလဲအထုတ်တွေကြောင့် ကန်ဖို့အချိန် ဆွဲဆန့်ထားခံရတယ်။ Bruno ဟာ ရပ်နေရ၊ စောင့်ဆိုင်းနေရ၊ စဉ်းစားနေရပါတော့တယ်။ ဒါကတော့ သူ့ရဲ့ ကျရှုံးမှုရဲ့ အစဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ချဉ်းကပ်မှုက မရေရာခဲ့ဘူး၊ သူ့ရဲ့ကန်သွင်းမှုမှာ ယုံကြည်မှုကင်းမဲ့နေပြီး Brentford ရဲ့ ဂိုးသမားက သူ့ကို တားဆီးနိုင်ခဲ့ပါတယ်။ ဒါဆို ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ အဖြေကတော့ စိတ်ပညာထဲမှာ ရှိပါတယ်။ ပင်နယ်လ်တီဆိုတာ ခြေထောက်ထက် စိတ်နဲ့ ပိုပြီးဆိုင်ပါတယ်။ အားကစား စိတ်ပညာရှင်တွေက နေ့စဉ်လုပ်ရိုးလုပ်စဉ်နှင့် ကြွက်သား မှတ်ဉာဏ် (routine and muscle memory) တို့ရဲ့ အရေးပါမှုကို ဖော်ပြကြပါတယ်။ ကန်ချက်မတိုင်မီ ပြင်ဆင်မှုတွေဟာ ဦးနှောက်ကို ငြိမ်သက်စေပြီး စိုးရိမ်ပူပန်မှုကို လျော့ချပေးပါတယ်။ Bruno ကိုယ်တိုင်လည်း သူဟာ တစ်ခါတစ်ရံမှာ ကြိုတင်ခန့်မှန်းလို့ရမှုကို ရှောင်ရှားဖို့ သူ့ရဲ့ ချဉ်းကပ်နည်းကို ပြောင်းလဲတတ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါဟာ ဉာဏ်ကောင်းတဲ့ နည်းလမ်းဆိုပေမယ့် အန္တရာယ်လည်းရှိပါတယ်။ သူကျွမ်းကျင်အောင် လေ့ကျင့်ထားတဲ့ အချိန်ကိုက်လှုပ်ရှားမှုကို ပြောင်းလဲလိုက်ခြင်းအားဖြင့် သူ့ရဲ့ ဦးနှောက်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
နောက်ထပ် ပြဿနာတစ်ခုကတော့
အချိန်ဆွဲခြင်းနှင့် အနှောင့်အယှက်ဖြစ်ခြင်း(delays and disruption) ပါပဲ။
ကစားသမားက ကြာကြာ စောင့်ဆိုင်းနေရလေလေ၊ သံသယတွေ ဝင်လာနိုင်လေလေပါပဲ။ Brentford ပွဲက ပဲနာလ်တီကန်ဖို့ မိနစ်အနည်းငယ်ကြာခဲ့ပါတယ်။ ဒီအချိန်အတွင်းမှာ ဦးနှောက်ဟာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကို လှည့်ပတ်စဉ်းစားနေပါတယ်- “ဘယ်ဘယ်ကို ကန်ရမလား? ပြောင်းကန်ရမလား? စသည်ဖြင့်မေးခွန်းတွေပါ။ကန်ဖို့ ချဉ်းကပ်တဲ့အချိန်ရောက်တဲ့အခါ ဆုံးဖြတ်ချက်က ရှင်းလင်းမှု မရှိတော့ပါဘူး။ Bruno အတွက်ကတော့ ဒီခဏလေးဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ အချိန်ဖြစ်သွားနိုင်ပါတယ်။
နောက်ထပ် အချက်တစ်ခုကတော့ ကျရှုံးပြီးနောက် အလွန်အကျွံ စဉ်းစားမိခြင်း (overthinking after failure) ပါပဲ။ ကစားသမားတစ်ယောက် လွဲပြီးတာနဲ့ နောက်ပဲနာလ်တီတစ်ချက်ဟာ ပိုလေးလံတဲ့ ဝန်ထုတ်ဝန်ပိုးကို သယ်ဆောင်လာရပါတယ်။ သူတို့ဟာ ဂိုးသွင်းဖို့ပဲ စဉ်းစားတာမဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ ပြန်လည်သက်သေပြဖို့ကိုပါ စဉ်းစားနေမိပါတယ်။ စိတ်ပညာရှင်တွေကတော့ ဒါကို စွမ်းဆောင်ရည် စိုးရိမ်ပူပန်မှု (performance anxiety) လို့ ခေါ်ပါတယ်။ အမှားတစ်ခုကို ထပ်လုပ်မိမှာကို ကြောက်ရွံ့ခြင်းဟာ သံသရာလည်သလိုပဲ ထပ်မံကျူးလွန်မိစေနိုင်ခြေကို မြင့်တက်စေပါတယ်။ ဒါဟာ နည်းစနစ်နဲ့ မဆိုင်တော့ပါဘူး၊ ယုံကြည်မှုနဲ့ပဲ ဆိုင်ပါတယ်။ ယုံကြည်မှုဆိုတာကလည်း တစ်ချက်တည်း ပျက်ပြယ်သွားရင် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲပါတယ်။
ဂိုးသမားများ၏ စိတ်ကိုအသုံးချခြင်း (goalkeeper mind games) ကိုလည်း ကျွန်တော်တို့ လျစ်လျူမရူထားလို့မရပါဘူး။ လောလောဆယ်ဆိုရင် လိဂ်ထဲက ဂိုးသမားတိုင်းဟာ Bruno ရဲ့ ပင်နယ်လ်တီကန်ချက်တွေကို လေ့လာထားပြီးသားဖြစ်နေပါပြီ။ သူတို့ဟာ သူ့ရဲ့ (hop) ကို သိကြတယ်။ သူ့ရဲ့ ဟန်ဆောင်မှုတွေ (feints) ကိုလည်း သိကြတယ်။ Gary Neville ကကန်မယ့်သူကို ကန်ခါနီးမှာ စကားပြောခြင်းဟာ ကစားသမားရဲ့ အချိန်ကိုက်လှုပ်ရှားမှုကို ပျက်ပြားစေနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဒီအဆင့်မှာဆိုရင် အနည်းငယ်မျှသော အာရုံထွေပြားမှုတစ်ခုဟာ အောင်မြင်မှုနဲ့ ပျက်ကွက်မှုကြားက ကွာခြားချက်ဖြစ်စေနိုင်ပါတယ်။ ဒါဆို ဘာသင်ခန်းစာတွေ ရရှိမလဲ။ ကစားသမားတွေအတွက်ကတော့ ရှင်းနေပါပြီ- ကိုယ့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ကာကွယ်ပါ။ ဆူညံသံတွေ၊ အာရုံထွေပြားစေမှုတွေ၊ အချိန်ဆွဲမှုတွေနဲ့အတူ ဖိအားအောက်မှာ ပင်နယ်လ်တီတွေကို လေ့ကျင့်ပါ။ ဒဏ်ခံနိုင်စွမ်း (resilience) တည်ဆောက်ပါ၊ ဒါမှသာ လွဲချက်တစ်ချက်ဟာ စိတ်ပိုင်းဆိုင်ရာ ငုပ်လျှိုးမှုတစ်ခု မဖြစ်လာနိုင်မှာပါ။ ပရိသတ်တွေအတွက် သင်ခန်းစာကလည်း အရေးကြီးပါတယ်- ကမ္ဘာ့အဆင့်မီ ကစားသမားတွေဟာလူသားတွေပါပဲ။ Bruno Fernandes ဟာ United အတွက် ဒါဇင်နဲ့ချီတဲ့ ပင်နယ်လ်တီဂိုးတွေ သွင်းခဲ့ဖူးပါတယ်။ နှစ်ဂိုးလွဲတာဟာ သူ့ရဲ့ ပါရမီကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပါဘူး။ ဒါပေမယ့် စိတ်ပညာဟာ နည်းစနစ်လိုပဲ အရေးကြီးတယ်ဆိုတာကိုတော့ ပြသနေပါတယ်။ Bruno အတွက် တကယ့်စမ်းသပ်မှုက သူ နောက်ထပ် ပင်နယ်တီကန်မယ်၊ မကန်ဘူးဆိုတာထက် သူမှာ ထပ်မကန်ဖို့ သတ္တိရှိမရှိဆိုတာပါပဲ။ သူဟာ သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့ ပုံရိပ်ကို ပြန်လည်ထူထောင်နိုင်မလား။ ဒါမှမဟုတ် သံသယတွေ ဝင်လာမလား။ ဘောလုံးကစားခြင်းဟာ ကြမ်းတမ်းပါတယ် – ပင်နယ်တီ တစ်လုံးလွဲတာဟာ ကန်သွင်းခဲ့တဲ့ ဆယ်လုံးထက် ပိုပြီး ကြာရှည်စွာ အမှတ်ရနေစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပင်နယ်လ်တီဆိုတာ ဘောလုံးရဲ့ ကြီးမားတဲ့ ဝိရောဓိ (paradox) အဖြစ် ကျန်ရှိနေဆဲပါပဲ- ကစားပွဲထဲမှာ အလွယ်ဆုံး ကန်ချက်ဆိုပေမယ့် အခက်ခဲဆုံးလည်း ဖြစ်ပါတယ်။ ၂၀၂၅/၂၆ ခုနှစ်အတွက် Bruno Fernandes အတွက်ကတော့ ဦးနှောက်ဟာ ခြေထောက်လိုပဲ အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတဲ့ အမှတ်ရစရာ နာကျင်ဖွယ်အကြောင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။