လွန်ခဲ့တဲ့ ရက်သတ္တပတ်အကြာတုန်းက Liverpool ပရိသတ်တွေအတွက် ခက်ခဲခဲပါတယ်။ ၃ပွဲဆက်အရှုံးဆိုတာ မကြုံခဲ့ရတာကြာပါပြီ။ နိုင်ငံတကာပွဲစဉ်မစခင် အသင်းရဲ့အခြေအနေက မတည်ငြိမ်ခဲ့ဘူး — ရှုံးနိမ့်မှုတွေ၊ သံသယဖြစ်ဖွယ် ကစားဟန်တွေကြောင့် Anfield ပတ်ဝန်းကျင်ဟာ ငြိမ်သက်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတကာပွဲစဉ်ကာလအတွင်းမှာ သတိထားမိစရာလေးတွေရှိလာတယ်။ နိုင်ငံအသင်းတွေရဲ့ နေရာတိုင်းမှာ Liverpool ကစားသမားတွေ ခြေစွမ်းပြနေကြတာပါ။
Dominik Szoboszlai က Hungary အလယ်တန်းကို အကောင်းဆုံး ဦဆောင်နေတယ်။
Gakpoက Netherland အတွက် ယုံကြည်ချက်အပြည့်နဲ့ ၂ပွဲမှာ ၃ဂိုးသွင်းတယ်။
Vandijk ကလဲ ခံစစ်ကစားသမားထက်ပိုတဲ့ အရာတွေနဲ့ အသင်းကိုအကောင်းဆုံး ဦးဆောင်န်ိုင်ခဲ့တယ်။ Robertson လဲအလားတူပဲ။ Wirtzလဲ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ မရခဲ့သည့်တိုင် အကောင်းဆုံး Rating တွေထဲမှာရှိနေခဲ့ပါတယ်။
ဒီလို စွမ်းဆောင်ချက်တွေ တစ်ခုပြီးတစ်ခု စုပြုံလာတဲ့အခါ မေးခွန်းတစ်ခုက ပေါ်ထွက်လာတယ် —
“Liverpool အတွက် စိတ်ချမ်းသာစရာတွေ ပြန်ရောက်လာတော့မှာလား?”
Arne Slot က ဒီအချက်ကို ဂရုတစိုက်ကြည့်နေမှာပဲ။ သူ့အတွက်တော့ ဒီနိုင်ငံတကာပွဲစဉ် ခဏရပ်နားချိန်ဟာ အနားယူချိန်တစ်ခုထက်ပိုနိုင်တယ် — ဒါဟာ Liverpool ရဲ့ ရာသီအတွက် အပြောင်းအလဲရဲ့ အစ ဖြစ်လာနိုင်လို့ပါ။ ဘာလို့လဲဆိုတော့ International Break မတိုင်ခင်က Liverpool မှာ တိုင်ပတ်နေတာ နည်းဗျူဟာ တစ်ခုတည်းမကဘူး…Rhythm နဲ့ ယုံကြည်မှုတွေပါပျောက်ဆုံးနေတာပါ။
Slot ရဲ့ အယူအဆသစ်တွေ၊ ကစားနည်းပုံစံသစ်တွေ ရောက်လာခဲ့ပေမယ့် စိန်ခေါ်မှုအသစ်တွေလည်း ရောက်လာခဲ့တယ် — နောက်တန်းကစားသမားတွေ လိုက်လျောညီထွေဖြစ်အောင် လုပ်နေရတာ၊ ကွင်းလယ်နဲ့ တိုက်စစ်ကို မျှခြေဖြစ်အောင်ထိန်းညှိဖို့လိုနေတာမျိုးတွေဖြစ်ပါတယ်။ ဒီလိုနဲ့ ရလဒ်တွေ မကောင်းလာတဲ့အခါ ဖိအားတွေလည်း မြန်မြန်ဆန်ဆန်ရောက်လာခဲ့တယ်။ဒါပေမယ့် ဘောလုံးကစားတယ်ဆိုတာက ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်တယ်။ တစ်ခါတစ်ရံမှာ ကစားသမားတစ်ယောက် လိုအပ်တာက မတူညီတဲ့အသင်းဝတ်စုံ၊ မတူညီတဲ့ပတ်ဝန်းကျင်နဲ့ သူ့ကိုယ်သူပြန်ရှာဖို့ ယုံကြည်မှုအနည်းငယ်ပဲ ဖြစ်တယ်။
ဒီနိုင်ငံတကာကစားပွဲ ခဏရပ်နားချိန်က Liverpool ကစားသမားတွေကို ဒီအရာကိုပဲ ပေးလိုက်နိုင်တယ် ပြန်လည်စတင်ဖို့၊ သူတို့တကယ်ကို ဘယ်လိုကစားသမားတွေလဲဆိုတာ ပြန်သတိရဖို့ အခွင့်အရေးတစ်ခုပါ။Slot တစ်ယောက် စိတ်ဓာတ် နဲ့ ယုံကြည်မှုက်ို ချိတ်ဆက်ပေးနိုင်မယ်ဆိုရင် Liverpool ဟာ လူအများစု မျှော်မှန်းထားတာထက် ပိုပြီးမြန်မြန်ပြန်တက်လာမယ်။ စာရွက်ပေါ်က နည်းဗျူဟာတွေတင်မကဘူး၊ ကစားသမားတွေရဲ့ စိတ်ထဲမှာရှိတဲ့အရာတွေကို ထုတ်ယူပေးနိုင်စွမ်းကို Slot လုပ်နိုင်ရမှာပါ။
Jürgen Klopp တုန်းကလည်း ဒီလို အဖြစ်ပျက်တွေကြုံခဲ့ရပြီး ယုံကြည်ချက်ပြန်လည်တည်ဆောက်
နိုင်ခဲ့ပါတယ်။ အခု Slot ဟာ လည်း ယုံကြည်ချက်တည်ဆောက်ပုံ၊ တည်ငြိမ်မှုနဲ့ ထိန်းချုပ်မှုတို့ကိုသူ့ကိုယ်ပိုင် နည်းလမ်းနဲ့ ဒီလိုလုပ်ဆောင်ရမယ်။
Liverpool ပရိသတ်တွေဟာ နိုင်ပွဲတွေပဲ ကြည့်ချင်တာမဟုတ်ဘူး။ သူတို့ကြည့်ချင်တာက Liverpool style ဘောလုံး — ပြင်းထန်တဲ့ဖိအား၊ ဂိုးသွင်းနှုန်းတွေ၊ ရင်ဘက်ထဲကလာတဲ့ နိုင်လ်ိုစိတ်တွေပါ။ အခု ကစားသမားတွေ ယုံကြည်ချက်အပြည့်နဲ့ ပုံစံပြန်ရနေချိန်မှာ Slot ဟာ ဒါကိုဖော်ဆောင်ဖို့ အကောင်းဆုံးအချိန်ကို ရရှိသွားပြီလို့ ဆိုနိုင်တယ်။
ဒီတော့ ဒါဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်… ဒါဟာ တစ်ခုခုရဲ့ အစပြန်ဖြစ်လာနိုင်တယ်။ နိုင်လိုစိတ်တွေကစားသမားတွေရဲ့ မျက်လုံးထဲမှာ ပြန်လည်ဝင်ရောက်လာပြီ။ သူတို့တွေ နောင်လာမယ့်ရက်သတ္တပတ် Anfield ကွင်းထဲကို ပြန်ဝင်လာတဲ့အခါ ယုံကြည်ချက်တွေ၊ ခံစားချက်တွေ — အားလုံးဟာ ပြန်လည်စီးဆင်းလာရကြမယ်။
ဘာလို့လဲဆိုတော့ Liverpool ကစားသမားတွေ သူတို့နိုင်ငံအတွက် ထွန်းပေါက်နေတဲ့အခါ…
ဒါဟာ သူတို့အတွက် သတင်းကောင်းတစ်ခုတင်မကဘူး…
ကျန်တဲ့သူအားလုံးအတွက် သတိပေးချက်တစ်ခုပါ။
Liverpool ဟာ သူတို့ရဲ့ စည်းချက်ကို ပြန်လည်ရှာဖွေနေပြီ။
ပြီးတော့ Liverpool စပြီး ယုံကြည်လာတဲ့အခါ — တကယ်ကို ယုံကြည်လာတဲ့အခါ —
ဥရောပကမ္ဘာတစ်ခုလုံးက ပြင်ဆင်ထားသင့်ပြီ။