ရာသီသစ်က ခုမှ အစပဲရှိသေးပေမယ့် ရှေ့တန်းကစားသမားတစ်ယောက်ကတော့ နေရာတကာ သူ့နာမည်ဟာ သတင်းခေါင်းစီးအဖြစ်ရေးသားခံနေရပါပြီ။ Manchester Cityရဲ့ မတားဆီးနိုင်တဲ့ တိုက်စစ်မှူး Erling Haaland ဟာ ကစားပွဲ ၈ ပွဲအတွင်း ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါပြီ။ ဒီအချက်ကို ချဲ့ကြည့်မယ်ဆိုရင် 2025-2026ရာသီရဲ့ သုံးပုံတစ်ပုံကိုတောင် မပြည့်ခင်မှာပဲ သူဟာ အခြားသော တိုက်စစ်ကစားသမားအများစု ခရစ်စမတ်မတိုင်ခင် ရရှိဖို့ အိပ်မက်မက်ကြတဲ့ ဂိုးအရေအတွက်တွေကို စတင်ရရှိနေပါပြီ။ ဟာလန်းဟာ အင်္ဂလန်ကို ပထမဆုံးရောက်ရှိချိန်ကတည်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေထဲကတစ်ခုပါပဲ။ ဂိုးသွင်းဖို့အတွက်ပဲ ရှင်သန်ပြီး ဖိအားကို ရင်ဆိုင်ရတာကို နှစ်သက်ကာ ခေတ်သစ်ကစားနည်းထဲက မည်သူနှင့်မျှ မတူကြောင်း ဆက်လက်သက်သေပြနေသူဆိုလဲမမှားပါဘူး။
ဒီစတင်မှုကို ထူးခြားစေတဲ့အရာဟာ ဂိုးအရေအတွက်သက်သက်မဟုတ်ဘဲ Haaland ရဲ့ ကွင်းတွင်း Flexible ဖြစ်လွန်းတာကြောင့်ပါ။ City ကွင်းထဲဝင်တိုင်း ဟာလန်းဟာ ဂိုးသွင်းမှာပဲလို့ သေချာနေသလိုပါပဲ။ သူဟာ ပျောက်မသွားဘူး၊ ဂိုးသွင်းတာကိုပဲ အားကိုးနေတာမဟုတ်ဘူး – သူက လိုက်လျောညီထွေရှိအောင် လုပ်တယ်။ ခေါင်းနဲ့တိုက်တာ၊ နောက်ကနေChannel တွေထဲပြေးဝင်တာ၊ ပြင်းပြင်းထန်ထန်ကန်တာ စတဲ့ စကေးအားလုံးကို ဒီရာသီမှာအသုံးချနိုင်နေပါတယ်။ ပြိုင်ဘက် ခံစစ်ကစားသမားတွေက သူဘာလုပ်မယ်ဆိုတာ သိကြပေမယ့် တားဆီးလို့မရကြဘူး။ သူ့ရဲ့ရွေ့လျားမှုက လျင်မြန်တယ်၊ သူ့ရဲ့ဂိုးသွင်းဗီဇအသိစိတ်တွေက လိဂ်ထဲက ဘယ်သူ့ထက်မဆို ပိုထက်မြက်နေတယ်။
ပြီးတော့ သူ့ပတ်ဝန်းကျင်က စနစ်ကလည်း ရှိသေးတယ်။ Pep Guardiola ရဲ့ Manchester City ဟာ ဟာလန်းလိုချင်တာကို အတိအကျပေးနိုင်တဲ့ စက်ယန္တရားကြီးတစ်ခုကို တည်ဆောက်ထားတယ်။Rejindeer၊ Phil Foden၊ Bernardo Silva တို့လို ဖန်တီးနိုင်စွမ်းရှိသူတွေ၊ Fullbackတွေကပါ အခွင့်အရေးတွေကို ဆက်တိုက်ဖန်တီးပေးနေကြတယ်။ ဒါဆိုဟာလန်းရဲ့တာဝန်ကကော? မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့အချိန်မှာရှိပြီး – ဂိုးသွင်းဖို့ပါပဲ။ ရိုးရိုးလေးပါပဲလို့ ထင်ရပေမယ့် သူ့လိုမျိုး ထိရောက်အောင် ဘယ်သူမှ မလုပ်နိုင်ကြဘူး။ ချိန်စားကိုက်ပြေးလွှားနိုင်စွမ်း၊ နေရာလွတ်ရှာဖွေနိုင်စွမ်းနဲ့ ပြင်းထန်အားပါတဲ့ပါဝါကို ပေါက်ကွဲထုတ်လွှင့်နိုင်စွမ်းတွေက ဘောလုံးပိုင်ဆိုင်မှုကို ကြီးစိုးတဲ့ အသင်းတစ်သင်းအတွက် အကောင်းဆုံး လက်နက်တစ်ခုဖြစ်စေတယ်။
ရာသီက ရှည်လျားသေးတယ်၊ အခက်ခဲဆုံးလတွေက ကျန်သေးတယ်လို့ အချို့က ပြောကောင်းပြောကြမယ်။ ဒါပေမယ့် ဟာလန်းရဲ့ ကစားဟန်ကို ထိတ်လန့်စေရတဲ့ အကြောင်းရင်းက သူ့ရဲ့ ယခင်က စွမ်းဆောင်ချက်တွေပါပဲ။ သူဟာ သီတင်းပတ်အနည်းငယ် ကောင်းကောင်းကစားပြီးတာနဲ့ ပျောက်ကွယ်သွားတတ်တဲ့ ကစားသမားမျိုးမဟုတ်ဘူး။ တစ်ပွဲပြီးတစ်ပွဲ၊ တစ်လပြီးတစ်လ သူ့ရဲ့အမြင့်ဆုံးအဆင့်ကို ဆက်ထိန်းထားနိုင်တယ်။ သူဂိုးမသွင်းခဲ့ရင်တောင် ခံစစ်သမားတွေကို ပုံစံပျက်အောင် ဆွဲထုတ်တယ်၊ အသင်းဖော်တွေအတွက် နေရာလွတ်ဖန်တီးပေးတယ်၊ Manchester Cityကို ကစားပုံကို အပြည့်အဝပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်တယ်။
ဒီတော့ ဘောလုံးရာသီက အစောကြီးရှိသေးတယ်ဆိုပေမယ့် ဟာလန်းဟာ အရှိန်ကို စထိန်းထားနေပြီ။ ဒီတိုင်းဆက်သွားမယ်ဆိုရင် နောက်ထပ် မှတ်တမ်းချိုးဖျက်မယ့် နှစ်တစ်နှစ်ကို ကြည့်ရှုနေရမှာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးမှာ ရှေ့တန်းကစားသမားတစ်ယောက် ဘာလုပ်နိုင်သလဲဆိုတာကို ပြမယ့် ပြိုင်ပွဲတစ်ခုဖြစ်လာနိုင်တယ်။ ပရိသတ်တွေအတွက်ရော၊ ကြားနေပရိသတ်တွေအတွက်ပါ မေးခွန်းက ဟာလန်း နောက်ထပ်ဂိုးသွင်းမလားဆိုတာမဟုတ်ဘဲ သူဂိုးဘယ်နှစ်ဂိုးထိသွင်းနိုင်မလဲဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Erling Haaland အတွက်ကတော့ ဒါဟာ အားကောင်းတဲ့ စတင်မှုသက်သက်မဟုတ်ဘဲ ပုံမှန်လုပ်ငန်းစဥ်တစ်ခုသဖွယ် ဖြစ်နေလို့ပါပဲ။