မြောက်လန်ဒန်ဟာ ထပ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းနေပြန်ပါပြီ။ ဒါ့အပြင် လေထဲမှာ လေးလံနေကြတဲ့ ခံစားချက်မျိုးလည်း ရတယ်။ ဒါဘီ မတိုင်ခင် နေ့တွေလိုပေါ့။ Mikel Arteta တစ်ယောက် အလှည့်အပြောင်းတစ်ခုရဲ့ အစွန်းမှာ ရပ်နေတယ်။ သုံးနှစ်ဆက်တိုက် ဒုတိယဖြစ်ခဲ့တဲ့ Arsenal ဟာ ဥရောပမှာ အန္တရာယ်အရှိဆုံး သတို့သမီးလောင်းလေးဖြစ်သွားပြီ။ အဲ့ဒီချက်ကပဲ Arteta ကိုဖိအားပေးနေခဲ့တာပါ။ မနေ့ညက မန်စီးတီးရှုံးသွားတော့ အမှတ်ပိုဖြတ်နိုင်မယ့် အခွင့်ရေးဆိုတဲ့ ဖိအားပိုတိုးလာတယ်။ လျော့သွားမယ်မထင်နဲ့။တစ်ဖက်တစ်ချက်က ၇မိုင်လောက်ပဲ ဝေးတဲ့ လမ်းကြားထဲမှာ Tottenham က သူတို့ရဲ့ ဒဏ်ရာတွေ၊ သူတို့ရဲ့ အနိုင်ဆာလောင်စိတ်တွေနဲ့ စောင့်နေတယ်။ ဒီဒါဘီပွဲကို Arteta လောင်နေမှာဖြစ်သလို Thomas Frankကလည်း ပိုလို့တောင်လောင်နေဦးမှာပါ။
နောက်ဆုံးလေးနှစ်ကို ပြန်ကြည့်လိုက်ပါ။ နာကျင်မှုတွေကမြောက်လန်ဒန်မှာပဲရှိတယ်။
Harry Kane နှစ်ဂိုး၊ Son Heung-min တစ်ဂိုး၊ Rob Holding အနီကဒ်။ နောက်ဆုံးအပိတ်ပွဲမှာ အဆင့် ၄ ကို လုယူသွားတယ်။ ခြောက်နှစ်ဆက်တိုက် Spurs က အပေါ်မှာရှိခဲ့ဖူးတယ်။ ၁၉၆၀ နောက်ပိုင်း ပထမဆုံးအကြိမ် မြောက်လန်ဒန်မှာ ဘုရင်သစ်ရှိသလို ခံစားခဲ့ရဖူးတယ်။ အဲဒီအချိန်က St Totteringham’s Day ရဲ့ ဈာပနကို ရေးဖူးခဲ့ကြတယ်။ ပြီးတော့ လှံတံရဲ့လားရာက ရက်ရက်စက်စက် စပါးဆီပြန်လှည့်လာတယ်။ Arteta က Arsenal ကို အုတ်တစ်ချပ်စီ၊ စိတ်ဝိညာဉ်တစ်ခုချင်းစီ ပြန်လည်တည်ဆောက်ခဲ့တယ်။ ကူကယ်ရာမယ့်လွင့်မျောနေတဲ့ ကလပ်က ကယ်တင်ရှင်ကို ပြန်တွေ့ခဲ့တယ်။ အခု အာဆင်နယ်အဝတ်လဲခန်းထဲမှာ ဘယ်သူမှမပေးတဲ့ ငွေတံဆိပ် သုံးခု ချိတ်ဆွဲထားတယ်။ လှပတယ်၊ နာကျင်စရာလဲကောင်းတယ်။ ဒီနှစ်မှာထပ်မေးရမယ့် မေးခွန်းက ဒီတစ်ခါတော့ “စိန်ခေါ်နိုင်ပြီလား” မဟုတ်တော့ဘူး။“အဆုံးထိ ဆက်သွားနိုင်ပါ့မလား” ပဲဖြစ်လာပါပြီ။
အာဆင််နယ်ဟာလိဂ်ချန်ပီယံမဖြစ်တာ ၂၁ နှစ်ကြာခဲ့ပြီ။ တစ်ပတ်ချင်းစီ ပိုလေးလံလာတယ်။ စောင့်လေလေ၊ ဖလားက လက်ဖျားကနေ ပိုဝေးလေလေပါ။ အမှတ်ဆုံးရှုံးတိုင်း သမိုင်းကို သစ္စာဖောက်သလို ခံစားရတယ်။ Sunderland ကို အဝေးကွင်းမှာ သရေကျတယ်။ ဘယ်သူကြောင့်ရယ်လို့ အကြောင်းပြစရာ မရှိဘူး။ အခန့်မသင့်လို့ဖြစ်သွားတာ။ ဒီထက်မပိုဘူး။ အိမ်ကွင်းမှာ လက်ရှိမရှုံးသေးတဲ့အသင်းကလဲ အာဆင်နယ်ပဲ။ ဒါပေမယ့် ပင်နယ်ဧရိယာထဲမှာ long ballတွေကိုလွတ်ခဲ့တယ်။ ဒါဟာArteta ပြင်ရမယ့်အချက်ပဲ။ Arteta ဟာဒါကို မုန်းရမယ်။ မုန်းသင့်တယ်။ ဒီဒေါသဟာ လောင်စာပဲ။ စိုးရိမ်စိတ်က ပုံမှန်အခြေအနေ ဖြစ်သွားတာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ နိုဝင်ဘာမှာ ပွဲတိုင်းက ဖိုင်နယ်လို ခံစားနေရရင် ချန်ပီယံ မဖြစ်နိုင်ဘူး။ သက်တောက်သက်သာ ဖြစ်နေရမယ်။
၂၀၂၂-၂၃ မှာ ပြိုလဲခဲ့တဲ့အကြောင်းပြောပြမယ်။
ဇယားထိပ်ကနေ ၈ မှတ်ဖြတ် ဦးဆောင်ထားရာကနေ ဆောင်းရာသီ ကမ္ဘာ့ဖလားကြောင့် အလေးချိန်တွေတိုးလာခဲ့တယ်။ခြေထောက်တွေ၊ စိတ်တွေ ပင်ပန်းသွားခဲ့ရတယ်။ အဲဒီ သရဲတစ္ဆေဟာ အခု Emirates ခန်းမတွေထဲ ပြန်လျှောက်နေပြန်ပြီ။ နောက်ကျောမှာ Manchester City က မီးရှူးမီပန်းတွေ လွှတ်ပြနေတယ်။ Erling Haaland က ဂိုးတွေကို အပျော်တမ်းသွင်းသလိုသွင်းပြတယ်။ Arsenal ရဲ့ Clean Sheet မှတ်တမ်းတွေကို ချိုးဖျက်ခဲ့တယ်။ City က ရာသီစမှာ ၁၁ မှတ်ကွာနေခဲ့တယ်။ ဒါပေမယ့်ခုတော့ကွာဟချက်က ၄ မှတ်ပဲကျန်တော့တယ်။ညကတော့ စီးတီးရှုံးထားလို့ ညပွဲနိုင်ရင် ၇မှတ်ဖြတ်နိုင်မှာပါ။
City က နွေဦးမှာ အမဲလိုက်တာ အလုပ်ဖြစ်ခဲ့တယ်။Arsenal က အမဲလိုက်ခံရတာဘယ်လိုလဲဆိုတာသိပြီးသားပါ။ ဒါပေမယ့် ဒီတစ်ခါ ဒါဘီက ကယ်တင်ရာလမ်းဖြစ်လာနိုင်တယ်။ မိနစ် ၉၀ အတွင်း အမှတ်ပေးဇယားကိုမေ့ထားပြီး ရေကုန်ရေခန်းကန်းမယ်။ ဒီပွဲက အမှတ်ဆိုတာထက်ပိုတယ်။ ဖလားဗိုလ်လုပွဲလိုကန်ရမယ်။ ဒါ့အပြင် မြောက်လန်ဒန်က လမ်းတွေကို ဘယ်သူ ပိုင်လဲ ဆိုတာလဲရှိနေပြန်တယ်။ ၁၉၁၃ မှာ Arsenal က Woolwich ကနေ မြောက်လန်ဒန်ကို ဖြတ်ကျော်လာတယ်။ ၁၉၁၉ မှာ လိဂ်တန်းတက်ခွင့်ကို Spurs လက်ထဲက လုယူသွားတယ်။
Spurs ပရိတ်သတ်တွေကအခုထိ မခွင့်လွှတ်သေးဘူး။ အဲဒီအချိန်ကစပြီး တစ်သင်းက အစ်ကို ဖြစ်ခဲ့ပြီး တစ်သင်းက ညီလေးဖြစ်ခဲ့တယ်။ ပြောချင်တာက ငယ်နိုင်ပေါ့။ ၁၉၂၀ ခုနှစ်တွေမှာ Herbert Chapman နဲ့ Peter McWilliam ဆိုတဲ့ မန်နေဂျာ နှစ်ယောက်ရှိခဲ့ဖူးတယ်။ ဒီရာစုနှောင်းပိုင်းမှာ နှစ်သင်းစလုံးဟာ ကွင်းဟောင်းတွေကြားမှာချုပ်နှောင်ခံခဲ့ရဖူးတယ်။ Emirates ဆောက်နေချိန် Abramovich ရောက်လာတယ်။ ငွေကြေးကမ္ဘာဟာပြောင်းသွားတယ်။ ၁၃ နှစ်ကြာမှ Tottenham က ကွင်းသစ်ရတယ်။ အခု သူတို့ကွင်းက ဖျော်ဖြေပွဲတွေ ပိုလုပ်လို့ ရတယ်။ ဝင်ငွေလဲပိုများတယ်။ ဒါပေမယ့် လိဂ်ဆု ကတော့ ၁၉၆၁ နောက်ပိုင်း မရဖူးသေးပါဘူး။
ပွဲဘက်ကိုပြန်ချဉ်းကပ်ကြည့်မယ်။ အာဆင်နယ်ဟာ ဒဏ်ရာတွေ ထပ်တိုးလာပြန်တယ်။Gabriel Magalhães၊ Ødegaard၊ Havertz၊ Madueke၊ Martinelli၊ Jesus အကုန် ပျောက်နေတယ်။ Calafiori လည်း သံသယအဆင့်မှာရှိနေတုန်းပဲ။ Arsenal မှာ ဘက်ပေါင်းစုံ အပြည့်ရှိတဲ့အသင်းကြီး ရှိပေမယ့် ဒါက အကြီးမားဆုံး စမ်းသပ်ချက်ပဲ။ တစ်ဖက်မှာ Tottenham ရဲ့ သံသယတွေက ပိုကျယ်လောင်တယ်။ Thomas Frank မှာ Solanke၊ Maddison၊ Kulusevski၊ Bergvall အကုန် မရှိဘူး။ Frank က Arsenal ကို ၉ ပွဲမှာ တစ်ပွဲပဲ နိုင်ဖူးတယ်။ Arsenal က နောက်ဆုံး လိဂ်ဒါဘီ ၉ ပွဲမှာ ၇ ပွဲ နိုင်ထားတယ်။ ဖိအားရှိတယ်။ ဟုတ်တယ်။
ဒါပေမယ့် မနက်ဖြန်ည Arsenal က အစ်ကိုအရင်းလို ညီလေးအိမ်ထဲ ဝင်လာမယ်။
၂၁ နှစ်ကြာ နာကျင်မှု၊ သုံးနှစ်ကြာ နီးပါး ဆိုတဲ့ ခံစားချက်တွေကို သယ်လာမယ်။ တစ်ပွဲနိုင်ရင် စီးတီးကို ၇မှတ်ဖြတ်မယ်။ ဆူညံသံတွေ တိတ်သွားမယ်။ Manchester City ကို သူတို့ကပဲ အမဲလိုက်ခံရမယ့်သူတွေ ဖြစ်နိုင်တယ်လို့ သတိပေးနိုင်မယ်။
အဝတ်လဲခန်း၊ ပရိသတ်၊ ကြည့်နေတဲ့ ကမ္ဘာကြီးကို “ဒီတစ်ခါတော့ အဆုံးထိ သွားမယ်” လို့ ယုံကြည်နိုင်မယ်။ မြောက်လန်ဒန်ဟာ ဘာအရောင်လဲ? အနီရောင်လား၊ အဖြူရောင်လား?