ရွှေဘောလုံးဆုရှင် ရိုဒရီဟာ ACL ဒဏ်ရာရပြီးကြံခိုင်မှုပြဿနာ အတော်လေးရုန်းကန်နေရဆဲပါ။ ဒီညကစားမဲ့ လီဗာပူးနဲ့ပွဲမှာလည်း ပွဲထွက်ကစားနိုင်ခြေ ၅၀/၅၀ သာရှိပြီး မသေချာသေးပါဘူး။ ရ်ိုဒရီဂို မပါဝင်နိုင်သေးပေမယ့် Pep Guardiola မှာ ရွေးချယ်စရာတွေ မနည်းလှပါဘူး။ အရင်နှစ် ဩဂုတ်လက Arsenalကို ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီးကတည်းက လွန်ခဲ့တဲ့ ၁၄ လအတွင်း ဒီကစားသမားဟာ မန်ချက်စတာ စီးတီးအတွက် ၅၈၈မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။ ဒီကြားထဲမှာ သူ့ကြံခိုင်မှုပြဿနာတွေ ဆက်တိုက်ဖြစ်နေခဲ့တာပါ။ Pep Guardiola က “သူဟာ သိပ်ကြာကြာ မနားရပါဘူး” လို့ဆိုပေမယ့် အသက် ၂၉ နှစ်အရွယ် ဒီကစားသမားဟာ မန်နေဂျာရဲ့ ကစားဟန်ကို နားလည်သဘောပေါက်မှုအတွက် အလွန်အရေးပါသူပါ။ ဒီတော့ သူ့အစားထိုးကစားနိုင်မယ့် ကစားသမားတွေကို ဆန်းစစ်ကြည့်ရအောင်ပါ။
Nico González
“Rodri မကစားနိုင်တဲ့အခါ ပထမဆုံး ရွေးချယ်မှုက Nico ပါပဲ။ Nico ဟာ ဆက်တိုက်တိုးတက်နေတယ်” လို့ Guardiola က တနင်္ဂနွေနေ့က Bournemouth ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် ပြောခဲ့ပါတယ်။ ၆ ပေ ၂ လက်မ အရပ်ရှိတဲ့ ဒီကစားသမားကို ဒီနှစ်အစောပိုင်းက Porto ကနေ ပေါင် ၄၉.၈ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး Rodri နဲ့ ပုံစံအလွန်တူပါတယ်။ Guardiola က Barcelona ကစားသမားဟောင်းကို “Rodri အသေးစား” လို့တောင် ချီးကျူးဖူးပါတယ်။ ဒါပေမယ့် Bournemouth ပွဲမှာတော့ အလယ်တန်းနေရာမှာ ပစ်မှတ်ထားခံရပြီး ဘောလုံးဆုံးရှုံးခဲ့ရတဲ့ညအခိုက်တန့်တွေ ရှိခဲ့ပါတယ်။ Rodri ရဲ့အကောင်းဆုံးအဆင့်မှာဆိုရင် ဒါမျိုးဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ရွှေဘောလုံးဆုရှင်နဲ့ တန်းမမီတာဟာ ရှက်စရာတော့မဟုတ်ပါဘူး။
Mateo Kovacic
Kovacic ဟာလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် အတော်ကြာနားရမှာဖြစ်ပါတယ်။ Rodri မရှိချိန်မှာ González လည်း ဒဏ်ရာရသွားခဲ့ရင် ဒါဟာ စီးတီးအတွက် စမ်းသပ်မှုတစ်လုဖြစ်လာမှာပါ။ Kovacic ဟာ Chelsea ကနေ ပေါင် ၂၅ သန်းနဲ့ ကစားသမားရောက်လာပြီးကတည်းက စီးတီးအတွက် ပုံမှန်ခြေစွမ်းပြနေခဲ့သူဖြစ်ပြီး သူ့မှာ အဆင့်မီတဲ့ ခြေစွမ်းရည်ရှိကြောင်း သက်သေပြနိုင်တဲ့ CV ရှိထားပါတယ်။ ခရိုအေးရှားကစားသမားရဲ့ အရင်ကလပ်တွေထဲမှာ Dinamo Zagreb၊ Inter နဲ့ Real Madrid တို့ပါဝင်ပြီး La Liga ချန်ပီယံတစ်ကြိမ်၊ Premier League ချန်ပီယံတစ်ကြိမ်နဲ့ Champions League လေးကြိမ်တို့ အပါအဝင် ဆုတံဆိပ်ပေါင်းများစွာ ရရှိထားသူပါ။
Rico Lewis
Lewis ဟာ စီးတီးအတွက် ၁၀၃ပွဲကစားခဲ့ပြီး လေးပုံးတစ်ပုံနီးပါးဟာ Holding Midfielder ကစားသမားအနေနဲ့ဖြစ်ပါတယ်။ Bury က ဒီလူငယ်ကစားသမားဟာ Guardiola ရဲ့အသင်းမှာ ဒီနေရာအတွက် လိုအပ်တဲ့ ၃၆၀ ဒီဂရီ မြင်ကွင်း၊ တိုက်စစ်နဲ့ စွမ်းအင်တွေကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပေမယ့် မန်နေဂျာက သူ့ရဲ့ ၅ ပေ ၇ လက်မ အရပ်ပုမှုဟာ ဒီနေရာမှာ အားနည်းချက်တစ်ခုဖြစ်တယ်လို့ ညွှန်းဆိုဖူးပါတယ်။ “ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလိုအပ်တယ်၊ ဘာကြောင့်လဲဆိုတာ သိသာထင်ရှားပါတယ်” လို့ သူကဆိုပါတယ်။ “Barcelona နဲ့ Bayern Munich (Guardiola ရဲ့အရင်ကလပ်တွေ) မှာတုန်းကဆိုရင် ဒါက သိပ်ပြောပလောက်တဲ့ အားနည်းချက်တော့မဟုတ်ပါဘူးတဲ့။ ဒီဇင်ဘာမှာ အသက် ၂၁ နှစ်ပြည့်တော့မယ့် Lewis မှာ ငယ်သေးတယ်ဆိုတဲ့အချက်က သူ့ဘက်မှာရှိပြီး ဆက်လက်တိုးတက်လာဦးမှာပါ။
John Stones
“သူ လုပ်ပေးနေတဲ့အရာက ဗဟိုခံစစ်သမားအနေနဲ့ရော၊ နံပါတ် ၆ ကစားသမားအနေနဲ့ပါ။ အလွန်ထူးချွန်တဲ့ အရည်အသွေးတွေပါ”လို့ Thomas Tuchel မှတ်ချက်ပေးဖူးခဲ့ပါတယ်။ Barnsley Beckenbauer’ လို့အမည်ရတဲ့ Stones အပေါ် Guardiola ရဲ့အမြင်နဲ့ ဆင်တူပါတယ်။ Stones ရဲ့ ပွဲထွက်ကစားခွင့် ၄၀၈ပွဲထဲက ၂၇ ပွဲဟာ Holding Midfielder အနေနဲ့ဖြစ်ပြီး ၂၀၂၃ Champions League ဗိုလ်လုပွဲမှာ Inter ကို အနိုင်ရချိန်မှာ Rodri နဲ့အတူ ဗဟိုခံစစ်ကနေ တက်ကစားရင်း ခြေစွမ်းပြခဲ့သူပါ။ “၃၆၀ ဒီဂရီ ကိုကြည့်ပြီ ပွဲဖတ်ရတာက ကျွန်တော့်အတွက် အခက်ဆုံးပါပဲ” လို့ Stones က ဒီနေရာမှာကစားရတဲ့အကြောင်း ပြောဖူးပါတယ်။ “ဒါကို ကျွန်တော် သဘာဝအတိုင်း မရဘူး – အခုတော့ ပိုရတယ်လို့ ခံစားရတယ်၊ ဒါပေမယ့် ဘောလုံးကို ဘယ်နေရာမှာ လက်ခံရမယ်၊ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုလက်ခံရမယ်ဆိုတာ သင်ယူလာရတာပါ” တဲ့။
Tijjani Reijnders
ဒတ်ခ်ျလူမျိုး ကစားသမားဟာ နွေရာသီမှာ Milan ကနေ စီးတီးကိုရောက်လာပြီး Kevin De Bruyne ရဲ့နေရာကို အစားထိုးဖို့ဖြစ်ပါတယ်။ နွေရာသီကကမ္ဘာ့ကလပ်ဖလားမှာ သူကိုယ်တိုင် ပြောခဲ့သလိုဆိုရင် “နံပါတ် ၈ နေရာကြောင့်ပဲ သူတို့ (စီးတီး) က ကျွန်တော့်ကို ခေါ်တာပါ။ အခု ကျွန်တော်ဟာ နံပါတ် ၈ နေရာကို ဖြည့်ဆည်းပြီး ကစားသင့်တယ်ဆိုတာ ပြသဖို့ အကောင်းဆုံးကြိုးစားရမှာပါ” တဲ့။ González မှာ ဒဏ်ရာရှိနေတဲ့အတွက် Reijnders ဟာ ပြီးခဲ့တဲ့လက Aston Villa ကို ၁-၀ နဲ့ရှုံးတဲ့ပွဲမှာ Holding Midfielder အဖြစ် စကစားခဲ့ပါတယ်။ မိနစ် ၆၀ ကျော်မှာ တော့ မန်စီးတီးကွင်းလယ်တန်းဟာရုတ်ချည်းပြောင်းလဲသွားပါတယ်။ ဒီအချိန်လေးဟာ Guardiola ရဲ့အတွေးထဲမှာ သူဘယ်နေရာမှာရှိလဲဆိုတာကို မြင်သာစေပါတယ်။ ဆိုလိုတာက သူဟာ နောက်ခံကစားသမားသာဖြစ်တယ်ဆိုတာပါပဲ။
Matheus Nunes
ဘရာဇီဲလ်မှာမွေးပြီး ပေါ်တူဂီအတွက်ကစားတဲ့ ဒီကစားသမားဟာ သူ့ကစားသမားသက်တမ်းတလျှောက်မှာ Holding Midfielder အနေနဲ့ ၉ ကြိမ်သာ ကစားဖူးပါတယ်။ စီးတီးအတွက် ဒီနေရာမှာ ကစားခဲ့တာက ၂၀၂၃ ခုနှစ် စက်တင်ဘာလက Nottingham Forest ပွဲမှာဖြစ်ပါတယ်။ ဒီပွဲမှာ မိနစ်ပြည့်ကစားခဲ့ပြီး ၂-၀ အနိုင်ရတဲ့ပွဲမှာ အကူအညီတစ်ချက်ပေးနိုင်ခဲ့ပါတယ်။
Kalvin Phillips
စီးတီးရဲ့ အမေ့ခံဖြစ်နေတဲ့ ဒီကစားသမားဟာ အသက် ၂၉ နှစ်သာရှိသေးတာပါ။ သူ့ကစားသက်တမ်းတလျှောက်မှာ Holding Midfielder အနေနဲ့ ၁၆၄ ပွဲ ကစားဖူးပြီး အင်္ဂလန်အတွက်တောင် ကစားခွင့်ရလောက်အောင် ဒီနေရာမှာ ကောင်းကောင်းကစားနိုင်သူပါ။ ဒါပေမယ့် Guardiola က သူ့ကို မယုံကြည်ဘူးဆိုတာကတော့ ရှင်းနေပါပြီ။