Innwa-Ads-Banner-1-1170X200

ပရီးမီယားလိဂ် Gameweek 13 ရဲ့ စိတ်ဝင်စားဖွယ် ကိန်းဂဏန်း နဲ့ စံချိန်မှတ်တမ်းများ

ပရီးမီယားလိဂ် Gameweek 13 မှာ ပရိသတ်တွေတော်တော်များများလွတ်သွားနိုင်တဲ့ စိတ်ဝင်စားစရာ စကိန်းဂဏန်းတွေနဲ့ မှတ်တမ်းတစ်ချို့ရှိပါတယ်။ ဒီတစ်ပတ်ဟာ သမိုင်းတွေဖန်တီးခဲ့တယ်၊ အံ့အားသင့်ဖွယ်နိုင်ပွဲတွေလည်းရှိခဲ့တယ်၊ တချို့အသင်းတွေကတော့ မှတ်တမ်းဆိုးတွေကြောင့် အရှက်ကွဲခဲ့ရပြန်ပါတယ်။ အဓိက စိတ်ဝင်စားစရာ ကိန်းဂဏန်းအချက်လက်တွေကို ကြည့်လိုက်ကြရအောင်။

Phil Foden ဟာ Leedsနဲ့ပွဲက သွင်းဂိုးနှစ်ဂိုးကြောင့် သူ့ရဲ့ ပရီးမီးယာလိဂ် သွင်းဂိုးပေါင်းဟာ ၆၄ ဂိုး ရောက်ရှိခဲ့ပါပြီ။ David Beckham နဲ့ Yaya Toure (သူတို့နှစ်ယောက်စလုံး ၆၂ ဂိုး) ကို ကျော်ဖြတ်သွားခဲ့ပါတယ်။ အခုဆိုရင် Foden ဟာ Bruno Fernandes နဲ့ Mark Hughes တို့နဲ့ သွင်းဂိုးအတူတူမှာရပ်တည်နေပြီး Daniel Sturridge ကို ကျော်ဖို့တစ်ဂိုးတည်းပဲ ကျန်ပါတော့တယ်။

Brentford တိုက်စစ်မှူး Igor Thiago ကတော့ ရပ်မရတဲ့ ဂိုးသွင်းစက်တစ်လုံးဖြစ်လာပါပြီ။ Burnley ကို ၃-၁ နိုင်တဲ့ပွဲမှာ နောက်ထပ် နှစ်ဂိုး သွင်းပြီး ပရီးမီယာလိဂ်မှာ ၁၃ ပွဲကစား ၁၁ ဂိုး ရရှိထားပါတယ်။ ဒါဟာ Brentford သမိုင်းမှာ အမြန်ဆုံးDoubled Digitရခဲ့တဲ့ စံချိန်မှတ်တမ်းအသစ်ပါ။ Golden Boot အတွက်လည်း Haaland ကို အမှန်တကယ် ခြိမ်းခြောက်နေပြီလည်းဖြစ်ပါတယ်။

Sunderland ကတော့ ဒီရာသီရဲ့အကောင်းဆုံးတန်းတက်အသင်းတစ်သင်းပါ။ Bournemouth ကို ပထမပိုင်း ၁၅ မိနစ်အတွင်း ၂ ဂိုး ဦးဆုံးပေးခဲ့ရပေမယ့် နောက်ကလိုက်ပြီး ၃-၂ နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဒီအနိုင်နဲ့အတူ သူတို့ဟာ ဒီရာသီမှာ နိုင်ပွဲ၆ပွဲထိ ရရှိထားပြီး ၂၀၁၆/၁၇ ရာသီတစ်ခုလုံးမှာ ရခဲ့တဲ့ နိုင်ပွဲစုစုပေါင်းနဲ့ ညီမျှသွားခဲ့ပါတယ်။

Everton ကွင်းမှာတော့ အသံထက်မြန်တဲ့ ဂိုးသွင်းမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ Newcastle ရဲ့ နောက်ခံလူ Malick Thiaw ဟာ ပွဲစပြီး ၅၂ စက္ကန့်အရောက်မှာပဲ ခေါင်းတိုက်ဂိုး သွင်းယူပြီး ဒီရာသီရဲ့ အမြန်ဆုံး ဂိုးမှတ်တမ်းကို ချိုးပစ်လိုက်ပါတယ်။

Tottenham ကတော့ အိမ်ကွင်းမှာ သမိုင်းဆိုးတစ်ခု ရေးခဲ့ရပြန်ပါတယ်။ Fulham ကို ၂-၁ နဲ့ ရှုံးလိုက်တာကြောင့် ဒီနှစ်တစ်နှစ်တည်းမှာ အိမ်ကွင်း လိဂ်ပွဲ ၁၀ ပွဲ ရှုံးထားပါတယ်။ ဒီလို အဖြစ်ဆိုးဟာ ၂၀၀၃ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီးမန်နေဂျာ Thomas Frank ရဲ့ လက်ထက်မှာ ၃ ပွဲ ဆက်တိုက်ရှုံးထားပြီး ထုတ်ပယ်ခံရနိုင်ခြေ အမြင့်ဆုံး မန်နေဂျာအဖြစ်ရောက်ရှိလာခဲ့ပါတယ်။

Manchester United ခေါင်းဆောင် Bruno Fernandes ကတော့ သမိုင်းသစ်တစ်ခု ရေးခဲ့ပါတယ်။ Crystal Palace ကို ၂-၁ နိုင်တဲ့ပွဲမှာ ဂိုးနှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့လို့ ပရီးမီယာလိဂ် ဂိုးဖန်တီးမှု ၅၆ ကြိမ် ထိရခဲ့သလို ကလပ်ဂန္ထဝင် Paul Scholesရဲ့ (၅၅) ကြိမ်ကို ကျော်ဖြတ်သွားခဲ့ပါတယ်။

Liverpool ကတော့ Mo Salah ကို အရန်ခုံမှာချန်ထားခဲ့ပေမယ့် ပြဿနာမရှိခဲ့ပါဘူး။ West Ham ကို ၂-၀ နဲ့ အနိုင်တဲ့ပွဲမှာ Cody Gakpo က တစ်ဂိုး၊ ဖန်တီးမှု တစ်ကြိမ်နဲ့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ဒီရာသီမှာ Liverpool ကစားသမားထဲ ဂိုးအများဆုံး (၄ ဂိုး)၊ ဖန်တီးမှုအများဆုံး (၃ ကြိမ်) လုပ်ထားပေးနိုင်တာက Gakpo တစ်ယောက်ပဲရှိပါတယ်။

Brighton ကတော့ Nottingham Forest ကို သွားရောက်ကစားတဲ့ပွဲမှာ ပထမ ၂၀ မိနစ်အတွင်း ပွဲတစ်ပွဲလုံးရဲ့ ပထမဆုံး ၂၀ မိနစ်အတွင်း ဂိုးပေါက်ကန်သွင်းချက်အများဆုံး မှတ်တမ်းအသစ်တစ်ခု ဖန်တီးခဲ့ပါတယ်။ ကန်သွင်းချက် ၉ကြိမ်ထိရရှိခဲ့တာပါ။

Wolves ကတော့ ဆက်လက် ရှုံးနေဆဲပါ။ Aston Villa ကို ၁-၀ ရှုံးလို့ ဒီရာသီမှာ ၁၃ ပွဲထိ အနိုင်မရသေးဘဲ ပရီးမီယာလိဂ်သမိုင်းမှာ သူတို့ရဲ့ အကြာရှည်ဆုံး အနိုင်မရတဲ့ စံချိန်ကို (၁၇ ပွဲ) ညီမျှသွားခဲ့ပါတယ်။

နောက်ဆုံး Bukayo Saka ကတော့ တစ်နှစ်တိတိ ဂိုးဖန်တီးမှုမရခဲ့တဲ့ အဆိုးဆုံး ကာလကို အဆုံးသတ်ခဲ့ပါတယ်။ Chelsea နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ Mikel Merino ရဲ့ ချေပဂိုးကို ဖန်တီးပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် West Ham ကို ၅-၂ နိုင်တဲ့ပွဲကတည်းက ပထမဆုံး အကြိမ်ပြန်ပြီး ဂိုးဖန်တီးမှုလုပ်ပေးနိုင်ခဲ့တာပါ။