Innwa-Ads-Banner-1-1170X200

နာမည်ကြီး ဘောလုံးဂျာစီများရဲ့နောက်ကွယ်

ဘောလုံးဂျာစီတိုင်းမှာ သူ့ဇာတ်လမ်းနဲ့သူရှိပါတယ်။ အထည်စနဲ့ အရောင်သက်သက်မဟုတ် ဒါဟာ ဝိသေသလက္ခဏာ၊ အတိတ်ကပုံရိပ်နဲ့ စိတ်ခံစားမှုတွေကို တစ်နေရာထဲမှာ စုစည်းထားတာဖြစ်တယ်။ ပရိသတ်တွေ သူတို့အားပေးအသင်းအင်္ကျီကို ဝတ်ဆင်တဲ့အခါ သမိုင်းကို သယ်ဆောင်ရသလို ခံစားနေစရမယ်။ အခုပြောပြမယ့် ဂျာစီတိုင်းရဲ့ နောက်ကွယ်မှာ အောင်ပွဲ ပြီးတော့ ဝမ်းနည်းဖွယ်ရာအကြောင်းရင်းတွေ ရှိနေပါတယ်။

၁၉၅၃ ဘရာဇီး ကို ပြန်သွားရအောင်။

ဘရာဇီးဟာ အိမ်ကွင်းမှာပဲ Uruguay ကို World Cup ရှုံးလို့ထွက်ထားရပြီး ရိုးရာအဖြူရောင်ဂျာစီကို ကံဆိုးမှုယူဆောင်လာတယ်လို့ အပြစ်တင်ခံခဲ့ရတယ်။

ဒါကြောင့် အသက်ငယ်ငယ် ဒီဇိုင်နာ Aldyr Garcia Schlee က အသစ်တစ်ခုကို ဖန်တီးလိုက်တယ် – စိတ်လှုပ်ရှားစရာတွေအတွက် အဝါ၊ တောနက်ကြီးအတွက် အစိမ်း၊ ကောင်းကင်အတွက် အပြာ။ အဲဒီဇိုင်းဟာ Seleção ရဲ့ ဒဏ္ဍာရီလို အဝါရောင်
အင်္ကျီ ဖြစ်လာခဲ့တယ်။ ၁၉၅၈ မှာ Pelé နဲ့ Garrincha တို့ ဝတ်ဆင်ခဲ့တဲ့အခါ ဘရာဇီးဟာ World Cup ကိုသာမကဘဲ ဘောလုံးဖက်ရှင်ကိုပါ အမြစ်ပြောင်းပြောင်းလိုက်တယ်။ အဲဒီနေ့မှစပြီး အဝါရောင်ဟာ အရောင်သက်သက်မဟုတ်တော့ဘူး။ ပျော်ရွှင်မှု၊ rhythmနဲ့ အလှအပရဲ့ သင်္ကေတ၊ ဘရာဇီး ဘောလုံးရဲ့ ဝိညာဉ်တို့ဖြစ်လာခဲ့ပါတယ်။

အချိန်ကို ၁၉၈၂ အီတလီ ဆီ ရွှေ့ကြည့်ရအောင်။

Azzurri အပြာရောင် ဟာ ဆယ်စုနှစ်တွေချီပြီး အီတလီရဲ့ အရောင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီနှစ်က ဂျာစီကို မမေ့နိုင်အောင်လုပ်ပေးခဲ့တာက ဒီဇိုင်းမဟုတ် ယှဉ်ပြိုင်န်ိုင်စွမ်းပါ။ အီတလီဟာ World Cup ကို ဖိအားတွေအောက် ဝေဖန်မှုတွေနဲ့ခြံရံပြီး ဝင်ရောက်ခဲ့တယ်။ ဒါပေမယ့် Paolo Rossi စပြီး ဂိုးသွင်းတယ်။ အသင်းက ဖလားကို ကိုင်မြှောက်
နိုင်ခဲ့တဲ့အခါ အဲဒီရိုးရှင်းတဲ့ အပြာရောင် ဂျာစီဟာ သမ်ိုင်းဝင်ဖြစ်လာခဲ့တယ်။ “မင်းတို့ ငါတို့ကို သံသယရှိလို့ရတယ်၊ ဒါပေမယ့် ဘယ်တော့မှ ဖျက်ဆီးလို့မရဘူး” သိပ်ကိုလှပတဲ့ စကားပါ။ ယနေ့ထိ အဲဒီအင်္ကျီဟာ ဇွဲရှိမှုကို ကိုယ်စားပြုနေဆဲ ကျက်သရေရှိတဲ့ ဒီဇိုင်းရဲ့ နောက်ကွယ်ကတိတ်ဆိတ်တဲ့ ခွန်အားဆိုလဲ မမှားဘူး။

ပြီးတော့ ၁၉၈၆ အာဂျင်တီးနား Diego Maradona ရဲ့နှစ်ပါပဲ။ အလင်းပြာနဲ့ အဖြူရောင်အစင်းတွေဟာ အာဂျင်တီးနားရဲ့ လက္ခဏာအစိတ်အပိုင်းအဖြစ် အမြဲရှိခဲ့ပေမယ့် မက္ကဆီကိုမှာတော့ အဲဒီနှစ်ဟာ ဂန္တဝင်တွင်သွားခဲ့တယ်။

နေရောင်အောက်မှာ၊ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ “Hand of God” နဲ့ “Goal of the Century” တို့ဟာ အဲဒီဂျာစီကို ဘောလုံးရဲ့ အငြင်းပွားဖွယ်ရာအကောင်းဆုံး၊ အလှပဆုံး ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲသွားစေတယ်။
ချွေးတွေစိုနေတဲ့၊ ရိုးရှင်းတဲ့ အဲဒီဂျာစီဟာဒေါ်လာ ၉ သန်းကျော်နဲ့ ရောင်းချနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့… ဒါဟာ ဂျာစီတစ်ထည်သက်သက်မဟုတ်ပဲ သမိုင်းကြီးတစ်ခုလုံးကြောင့်ပါ။

အင်္ဂလန်ရဲ့ ၁၉၉၀ World Cup အင်္ကျီ ကလည်း ဘောလုံးပြယုဂ်တစ်ခုပါပဲ.။ Umbro ရဲ့ စိန်ပုံစံ၊ ကော်လန်အထောင်၊ မီးခိုးပြာရောင်၊ ဘယ်လောက်လှလိုက်သလဲ?

ဒါဟာ ဝမ်းနည်းမှုကတစ်ဆင့် ဂုဏ်သိက္ခာကို ပြန်လည်ရှာဖွေခဲ့တဲ့ နိုင်ငံတစ်ခုရဲ့ new chapter ဖြစ်လာခဲ့တယ်။ Paul Gascoigneဟာ အီတလီကိုရှုံးပြီး ငိုကြွေးနေခဲ့တယ်။ မျက်ရည်တွေနဲ့ စိုခဲ့တဲ့အဲဒီဂျာစီဟာ အင်္ဂလန်ဘောလုံးရဲ့ စိတ်ထိခိုက်စရာ ပုံရိပ်တစ်ခုဖြစ်လာခဲ့တယ်။ ရှုံးနိမ့်မှုထဲမှာတောင် အဲဒီအင်္ကျီဟာ ပရိသတ်တွေ အခုထိ ကြိုက်နေဆဲ၊ အမှတ်ရနေဆဲဖြစ်ပါတယ်။

ပြီးတော့ Nigeria ရဲ့ ၂၀၁၈ World Cup အင်္ကျီပေါ်လာတယ်။ ဒီဇိုင်းကလုံးဝ ထင်ရှားနေတယ်၊ လျှပ်စီးပုံဒီဇိုင်း၊ ဘယ်သူမှ မမြင်ဖူးခဲ့ဖူးဘူး။ အဲ့ဒီဂျာစီ ဒီဇိုင်းဟာ သုံးမိနစ်အတွင်း အားလုံးရောင်းကုန်သွားပြီး အာဖရိကရိုးရာနဲ့ ခေတ်သစ် ပုံရိပ်တို့ကို ရောစပ်ထားတယ်။ ဘောလုံးဖက်ရှင်ဟာ အတိတ်ကိုပြန်ပြောတာသက်သက်မဟုတ်တော့ဘူးဆိုတာ သက်သေပြနေပါတယ်။ Nigeria ရဲ့အင်္ကျီဟာ ခေတ်ရေစီးကြောင်းပေါ်လိုက်တာထက် ပိုတယ်။

ဒီဂျာစီတစ်ထည်ချင်းစီမှာ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ အရာတစ်ခုပါတယ်။ ဂျာစီချုပ်ခဲ့တဲ့ ကာလတစ်ခုချင်းစီပေါ့။ တစ်ချို့ဂျာစီတွေက ကျွန်တော်တို့ကို အောင်ပွဲတွေကို သတိရစေတယ်၊ တစ်ချို့ဂျာစီက စိတ်ကိုထိခိုက်စေတယ်။ ဒါပေမယ့် အားလုံးက ဘောလုံးဟာ ကစားနည်းသက်သက်မဟုတ်ဘူးဆိုတာကို သတိရစေတယ်။ ဒါတွေအားလုံးဟာ ဝမ်းမြောက်သံတွေ၊ မျက်ရည်တွေနဲ့ ဇာတ်လိုက်တွေရဲ့ သမိုင်းတွေပါပဲ။

ဘရာဇီးရဲ့ နေရောင်အဝါကနေ အာဂျင်တီးနားရဲ့ သန့်ရှင်းတဲ့အစင်းတွေ၊ အီတလီရဲ့ ဘုရင်ဆန်တဲ့အပြာကနေ Nigeria ရဲ့ ထင်ရှားတဲ့အစိမ်းအထိ… ဘောလုံးအင်္ကျီတွေဟာ ကျွန်တော်တို့ရဲ့ ခေတ်သစ်သံခမောက်တွေပါပဲ။ ကျွန်တော်တို့ဘယ်သူလဲ၊ ဘယ်ကလာလဲ၊ ဘာကိုဘယ်တော့မှ မမေ့နိုင်ဘူးဆိုတာကို သူတို့က ပြောပြနေကြတယ်။

ဒါကြောင့်ပဲ… ကစားပွဲက ဘယ်လောက်ပဲပြောင်းလဲပြောင်းလဲ… တစ်ချို့အင်္ကျီတွေကတော့ ထာဝရ တည်ရှိနေမှာပါပဲ။