ဘောလုံးကမ္ဘာမှာ ဩဇာညောင်းမှုဟာ ပြောင်းလဲနေပါပြီ။ဆယ်စုနှစ်များစွာကြာအောင် ဥရောပဟာ ဒီကစားနည်းကို ချုပ်ကိုင်ထားခဲ့ပါတယ် – သူတို့ရဲ့ကလပ်တွေ၊ သူတို့ရဲ့ကြယ်ပွင့်တွေ၊ သူ့ရဲ့ငွေကြေးတွေနဲ့ပါ။ဒါပေမယ့် ယနေ့မှာတော့ အားအင်သစ်တစ်ခု ကွင်းထဲဝင်ရောက်လာပါပြီ။ ဒီအရာဟာ Madrid၊ London၊ Munich ကမလာပါဘူး။
ဒီစွမ်းအားဟာ Riyadh ကလာပါတယ်။
Vision ၂၀၃၀ အောက်မှာ ဆော်ဒီအာရေဗျဟာ ဇာတ်ညွှန်းအသစ်ကိုရေးသားနေပြီ။ သူ့ကိုယ်ပိုင်လိဂ်အတွက်တင်မကဘဲ ကမ္ဘာ့ဘောလုံးအတွက်ပါ။ ဒါဟာ နိုင်ငံကို ရေနံအားက်ိုးနေရတဲ့အဖြစ်ကနေ နောက်တစ်ဆင်ရောက်အောင်လုပ်ဆောင်ဖို့၊ စက်မှုလုပ်ငန်းအသစ်တွေဖန်တီးဖို့၊ ပြီးတော့ အားကစား၊ အထူးသဖြင့် ဘောလုံးကို အနာဂတ်အဖြစ်အသုံးပြုဖို့ ဒီဇိုင်းဆွဲထားတဲ့ အစီအစဉ်ကြီးတစ်ခုပါပဲ။
ဘီလီယံချီတဲ့ဒေါ်လာတွေကို Saudi Pro League ထဲကို ထည့်သွင်းပြီးဖြစ်တယ်။ Cristiano Ronaldo ရဲ့ ၂၀၂၃ ခုနှစ်က ရောက်ရှိမှုကြီးကနေ နောက်ပိုင်းလိုက်လာကြတဲ့ ဥရောပကြယ်ပွင့်တွေအထိ၊ ဒါဟာ ကာလတိုစမ်းသပ်မှုတစ်ခုမဟုတ်ပါဘူး။၂၀၃၄ ခုနှစ်မှာ ဆော်ဒီလိဂ်ကို ကမ္ဘာ့ထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထားတဲ့ ရေရှည်စီမံကိန်းကြီးတစ်ခုပါပဲ။ ဆော်ဒီဘုရင်နိုင်ငံဟာ FIFA World Cup ကို လက်ခံကျင်းပမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာ ဥရောပအတွက် ဘာကိုဆိုလိုတာလဲ? ဩဇာနဲ့ဂုဏ်သတင်းမှာ အထိခိုက်မခဖံနိုင်တဲ့ကလပ်တွေအတွက်တော့ အခု စိန်ခေါ်မှုအသစ်တစ်မျိုးရှိနေပါပြီ။ ဒါဟာ ကွင်းထဲမှာမဟုတ်ဘဲ ဘတ်ဂျက်စာရင်းထဲမှာ တိုက်ခိုက်ရမယ့်စိန်ခေါ်မှုပါ။
La Liga နဲ့ Serie A လိုဥရောပလိဂ်တွေဟာ ဝင်ငွေမတိုးတော့တဲ့အချိန်မှာ ဆော်ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ မက်လုံးတွေကို ဖန်တီးပေးနေတယ်။ လစာတွေမြင့်တက်လာအောင်၊ အပြောင်းရွှေ့ဈေးကွက်တွေဖောင်းပွလာအောင်၊ လူငယ်ကစားသမားတွေကိုတောင် ခေါ်ယူဖို့ ကြံဖန်လာကြပါတယ်။ ရုပ်သံငွေကို မှီခိုနေရတဲ့ကလပ်တွေဟာ ရုတ်တရက်ဖိအားကိုခံစားနေရပါတယ်။ တချို့ကလပ်တွေဟာ အခု နယ်ပယ်အသစ်တွေရှာဖွေနေတယ်။ အပြည်ပြည်ဆိုင်ရာပွဲစဉ်တွေ၊ ကမ္ဘာလုံးဆိုင်ရာစပွန်ဆာတွေ၊ ပင်လယ်ကွေ့ဒေသအခြေစိုက် ရင်းနှီးမြှုပ်နှံသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပါ။ ဒီစီးပွားရေးအခြေအနေအသစ်နဲ့ လျှောက်လှမ်းနိုင်ဖို့အတွက်ပါ။
ဆော်ဒီအာရေဗျအတွက်တော့ ဒါဟာ အားကစားအောင်ပွဲရရုံသာမက ကမ္ဘာ့ပုံရိပ်အတွက်ပါပဲ။
ကမ္ဘာ့အဆင့်မှီအဆောက်ဆုံတွေ၊ ကြယ်ပွင့်တွေ၊ပွဲတွေလက်ခံကျင်းပတာတွေ ဆက်လက်လုပ်ဆောင်လာကြတယ်။ ဒါတွေအားလုံးဟာ ခေတ်မီပြီးရည်ရွယ်ချက်ကြီးမားတဲ့နိုင်ငံတစ်ခုကို ကမ္ဘာကိုပြသဖို့ ကျယ်ပြန့်တဲ့ကြိုးပမ်းမှုရဲ့အစိတ်အပိုင်းတွေပါပဲ။ ဒါပေမယ့် စည်းစိမ်ချမ်းသာတွေရဲ့နောက်ကွယ်မှာ အငြင်းပွားဖွယ်ရာတွေရှိနေဆဲပါ။ လူ့အခွင့်အရေးစိုးရိမ်မှုတွေ၊ “အားကစားကို ပုံဖျက်ခြင်း” စွပ်စွဲချက်တွေ၊ ရေရှည်တည်တံ့မှုဆိုင်ရာမေးခွန်းတွေဟာ ဒီRevolution အပေါ်မှာ ကျန်ရှိနေဆဲပါ။ ငွေနဲ့လိဂ်တည်ဆောက်တာက တစ်မျိုး – ဥရောပရဲ့ကလပ်ကြီးတွေလို ရာစုနှစ်တစ်ခုကျော်ကြာအောင် နှလုံးသားတွေကိုဖမ်းစားနိုင်တဲ့ ယဉ်ကျေးမှုတစ်ခုတည်ဆောက်တာက တစ်မျိုးပါပဲ။
ဒါပေမယ့် ဖြစ်နေတာတွေကို လျစ်လျူရှုလို့မရပါဘူး။ Madrid (သို့) Manchester ကိုအိပ်မက်မက်ခဲ့ကြတဲ့ကစားသမားတွေဟာ အခု Jeddah နဲ့ Riyadh ကိုစဉ်းစားနေကြပါပြီ။ ဝေဖန်သူတိုင်းအတွက် ဒါကို “အခွင့်အလမ်းသစ်” လို့ခေါ်တဲ့ကစားသမား (သို့) ကိုယ်စားလှယ်တစ်ယောက်ရှိနေပါတယ်။ ကျွန်တော်တို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဘောလုံးရဲ့ကမ္ဘာ့မြေပုံကို ပြန်လည်ရေးဆွဲနေပါပြီ။
ဥရောပမှာ ရိုးရာဓလေ့တွေရှိမယ် – ဆုတံဆိပ်တွေ၊ ပြိုင်ဘက်တွေ၊ ဒဏ္ဍာရီတွေရှိမယ်။ ဒါပေမယ့် ဆော်ဒီအာရေဗျမှာ အခု ရည်မှန်းချက်၊ မျှော်မှန်းချက်နဲ့ အိပ်မက်တွေကို အမှန်တရားအဖြစ်ပြောင်းလဲဖို့ အရင်းအမြစ်တွေရှိလာပါပြီ။အနာဂတ်နှစ်တွေမှာ ဒီကမ္ဘာနှစ်ခုဟာ ပြိုင်ဘက်တွေမဖြစ်တော့ဘဲ.ဘောလုံးရဲ့နောက်ခေတ်သစ်ကို ပုံဖော်ရာမှာ ပူးပေါင်းဖော်တွေဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် နောက်တစ်ခါ သင့်အကြိုက်ဆုံး Champions League ပွဲစဉ်ကိုကြည့်တဲ့အခါ သတိရလိုက်ပါ။ တကယ့်ကစားပွဲဟာ ဥရောပရဲ့မီးရောင်အောက်မှာပဲကစားနေတာမဟုတ်ပါဘူး။ဒါဟာ တိတ်တဆိတ်ဖြစ်ပျက်နေပါတယ်၊ သဲကန္တာရတစ်လျှောက်မှာ – မျှော်မှန်းချက် ၂၀၃၀ အောက်မှာ၊ ဘောလုံးရဲ့အနာဂတ်ကို ဖွဲ့စည်းနေတဲ့နေရာပါ။