Catanlata ရဲ့ ရင်ခွင်၊ Camp Nou ဝန်းကျင်က လမ်းများတစ်လျှောက် ပဲ့တင်ထပ်နေတဲ့ အမည်သစ်တစ်ခု ပေါ်ထွက်လာခဲ့ပါပြီ – Pau Cubarsí။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဒီဗဟိုခံစစ်ကစားသမားလေဟာ ဘာစီလိုနာရဲ့ အနာဂတ်
အိပ်မက်တွေထဲက အတောက်ပဆုံး Golden Boy တအဖြစ် ရပ်တည်နေပါပြီ။ ဒီနေ့မှာတော့ သူဟာနောက်ထပ်ခြေလှမ်းသစ်တစ်ခုကို စတင်လှမ်းမ်ုငလခဲ့ပြီးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၂၅ Golden Boy Award အတွက် နောက်ဆုံးအဆင့် ရွေးချယ်ခံရသူအဖြစ် ကြေညာခြင်းခံရတဲ့အတွက်ကြောင့်ပါ။
ဂီရိုနာမြို့မှာ မွေးဖွားခဲ့တဲ့ Cubarsí ဟာ အသက် ၁၁ နှစ်မှာတင် ဘာစီလိုနာရဲ့ နာမည်ကျော် La Masia ကို ရောက်ရှိခဲ့ပါတယ်။ ထိုစဉ်ကတည်းက ကစားသမားရှာဖွေရေး နည်းပြများဟာ သူ့ရဲ့ တည်ငြိမ်မှု၊ ဘောလုံးကိုင်နိုင်မှုနဲ့ နည်းဗျူဟာ ဉာဏ်ရည်တို့ကို ချီးကျူးခဲ့ကြပါတယ် – ဒီလက္ခဏာတွေဟာ ငယ်ရွယ်စဉ်က Gerard Piqué ကို ပြန်အမှတ်ရစေခဲ့တယ်။ Cubarsí ကို ထူးခြားစေတာကတော့ ဘောလုံးကိုင်နိုင်ရုံသက်သက်မဟုတ်ဘဲ… ပွဲကို သူဘယ်လို ဖတ်လဲ ဆိုတာပါပဲ။
အခြားလူငယ်ခံစစ်တွေက ပြင်းပြင်းထန်ထန်နဲ့ ကစားတတ်ကြပေမယ့်… Cubarsí ကတော့ လူတိုင်းထက် စက္ကန့်ပိုင်းသာနေသူတစ်ဦးနဲ့ တူပါတယ်။ သူ့ရဲ့ ချိန်စားကိုက်ကစားဟန်၊ ကိုယ်ဟန်အနေအထား၊ ပြိုင်ဘက်ရဲ့ ခြေလှမ်းတွေကို ကြိုတင်ခန့်မှန်းနိုင်စွမ်း… ဒါတွေအားလုံးဟာ သဘာဝကျနေပါတယ်။ နည်းပြများကတော့ သူ့ကို “ခြေထောက်တွေပါတဲ့ ဦးနှောက်တစ်လုံး” လို့ ချီးကျူးကြပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းက… ဘာစီလိုနာဟာ ဖိအားတွေအောက်မှာ ရုန်းကန်နေရပြီး ဒဏ်ရာတွေကြောင့် ကစားသမားနည်းပါးနေချိန်မှာ နည်းပြ Xavi ဟာ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါဟာဒီလူငယ်ခံစစ်ကစားသမားကို Real Betis နဲ့ပွဲမှာ စတင်ချပြခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကတော့… အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ… Cubarsí ဟာ လာလီဂါမှာ နှစ်ပေါင်းများစွာ ကစားခဲ့သူတစ်ဦးလို ကစားပြခဲ့ပါတယ်။ဖိအားတွေအောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားပြန်ိုင်ခဲ့ပါတယ်။ အတွေ့အကြုံရင့် striker တွေကိုတောင် ယှဉ်နိုင်ခဲ့သူပါ။ ဒ
အဲဒီကနေစပြီး သူဟာ ဘာစီလိုနာရဲ့ ခံစစ်ပြန်လည်တည်ဆောက်ရေးမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Ronald Araújo နဲ့အတူ ကစားရင်း ဥရောပမှာ အငယ်ဆုံးနဲ့ အနာဂတ်အရှိဆုံး Duo ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ Araújo ရဲ့ စွမ်းအားနဲ့ Cubarsí ရဲ့ သေသပ်တိကျမှုဟာ. ဘာစီလိုနာအတွက် တည်ငြိမ်တဲ့ ခံစစ်လက္ခဏာသစ်ကို စတင်သတ်မှတ်ပေးလိုက်ပါတယ်။
Tuttosport မှ ချီးမြှင့်တဲ့ Golden Boy Award ဆုဟာ… ဥရောပမှာ အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားကို ချီးမြှင့်တာပါ။ ကျန်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံးမှာ… ဒီဆုဟာ အနာဂတ်ကို ရောင်ပြန်ဟပ်နေတဲ့ မှန်တစ်ချပ်လိုပါပဲ Messi, Mbappé, Haaland, Bellingham တို့အားလုံး… ဒီရွှေရောင်ဆုကို တစ်ချိန်က ရယူခဲ့ကြသူတွေပါ။ အခုတော့… Cubarsí ဟာ ဒီထိပ်တန်းအုပ်စုထဲမှာ ရပ်တည်နေပါပြီ။ Lamine Yamal၊ Alejandro Garnacho နဲ့ Warren Zaïre-Emery တို့လို နာမည်ကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူဟာ ဘာစီလိုနာရဲ့ မျိုးဆက်သစ်တင်မကဘဲ စပိန်ရဲ့ မျိုးဆက်သစ်ကိုပါ ကိုယ်စားပြုနေပါတယ်။
သူ့အတွက်တော့ ဒီဆန်ခါတင်ရွေးချယ်ခံရမှုဟာ ကိုယ်ပိုင်မှတ်တိုင်တစ်ခုတည်းအတွက်မကဘဲ… ခံစစ်ကစားသမားတွေကလဲ ဒီဆုကိုရယူနိုင်တယ်ဆိုတာပါပဲ။ ဂိုးသွင်းတာတွေ၊ လှပမှုတွေကို စွဲလမ်းနေတဲ့ ဘောလုံးကမ္ဘာမှာ… Cubarsí ရဲ့ ခံစစ်စွမ်းဆောင်ရည်ဟာ အရာအားလုံးကို စတင်နိုင်တယ်ဆိုတာကို လူတိုင်းကို သတိရစေနေပါတယ်။
ဘာစီလိုနာရဲ့ Cubarsí နဲ့ (၂၀၃၀ အထိ) စာချုပ်ချုပ်ထားနိုင်ပါတယ်။ ဒါဟာ… ကလပ်က သူ့ကို အနာဂတ်ရဲ့ မဏ္ဍိုင်တစ်ခုအဖြစ် မြင်နေတယ်ဆိုတာကို သက်သေပြနေပါတယ်။ Deco ဦးဆောင်တဲ့ စီမံခန့်ခွဲရေးအသစ်နဲ့ နည်းပြ Hansi Flick တို့ဟာ လူငယ်တွေကို ယုံကြည်မှုထားရှိခဲ့ကြပါတယ်။ Yamal က ရှေ့တန်းမှာ အကောင်းဆုံးကစားပြနေချိန်… Cubarsí က ခံစစ်ကနေ ခေါင်းဆောင်မှုပေးနေမှာပါ။ ဒါဟာ ဘာစီလိုနာရဲ့ရွှေရောင်ခေတ်သစ်တစ်ခုရဲ့ စတင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
ကလပ်ရဲ့ အတက်ကျ အခြေအနေတွေအားလုံးကိုကြည့်ရှုခဲ့ရတဲ့ ပရိသတ်တွေအတွက်တော့… La Masia ကျောင်းသားဟောင်းတွေ ထပ်မံပေါ်ထွက်လာတာဟာ.. တစ်ခါက ဘာစီလိုနာကို ကြီးမြင့်စေခဲ့တဲ့ လက္ခဏာရပ်တွေဆီ ပြန်လည်ရောက်ရှိလာတယ်လို့ ခံစားရပါတယ်။
သူဟာ Golden Boy ဆုကို ရတာ မရတာက အရေးမကြီးပါဘူး။ ခေတ်ပြိုင်ဘောလုံးမှာ အစစ်အမှန် ထက်မြက်မှုဆိုတာ ကျယ်လောင်စွာ အသံမြည်တာမျိုး မဟုတ်ပါဘူး။ဒီတည်ငြိမ်မှုထဲမှာပဲ… ဘာစီလိုနာဟာ သူတို့ရဲ့ အနာဂတ်ကိုဦးဆောင်မဲ့ ကစားသမားတစ်ဦးကို တွေ့ရှိခဲ့တာပဲဖြစ်ပါလိမ့်မယ်။