Innwa-Ads-Banner-1-1170X200

ဂွါဒီယိုလာကို အချိန်ပေးဖိုလိုအပ်ပါတယ်

မန်ချက်စတာ စီးတီးလို ရည်မှန်းချက်ကြီးမားတဲ့ကလပ်တွေဟာ တစ်ဖြည်းဖြည်းရှားလာပါပြီ။ Pep Guardiola ရဲ့ ဦးဆောင်မှုအောက်မှာ ကိုးနှစ်အတွင်းချန်ပီယံဆုတံဆိပ် ၁၈ ခုရရှိခဲ့ပြီး အင်္ဂလန်ရဲ့ ခေတ်သစ်ဘောလုံးကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Guardioloa လက်အောက်မှာဒုတိယအကြိမ်ဖလားလက်မဲ့ရာသီကို အဆုံးသတ်လိုက်ရတဲ့အခါ ဒါဟာစီးတီးပရိသတ်တွေအတွက်လက်မခံနိုင်စရာပါပဲ။ Guardiola ရဲ့ မရပ်တန့်နိုင်တဲ့ အောင်မြင်မှုတင်မကဘဲ စီးတီးဟာယခင်က Premier League ချန်ပီယံဆုကို လေးကြိမ်ဆက်ရရှိခဲ့တာကြောင့်လည်းပရိသတ်အများစုက အားမလိုအားမရဖြစ်နေကြတာပါ။ Rodri ရဲ့ ကာလရှည်ဒဏ်ရာနဲ့ ကလပ်အတွင်း တရားရေးအရှုပ်တော်ပုံတွေကြောင့် မနှစ်ကရာသီတစ်ခုလုံး ပျက်စီးသွားရတယ်ဆိုပြီး ဆိုကြပါတယ်။

ဒီနွေရာသီမှာ Etihad ရဲ့ အုပ်ချုပ်ရေးအဖွဲရဲ့ တုံပြန်မှုကတော့သိသာထင်ရှားပါတယ်။ စီးတီးဟာ ၂၀၂၅ ခုနှစ်အတွက် ကစားသမားသစ်တွေရဖို ပေါင် ၃၂၀ သန်းအကုန်အကျခံခဲ့ပြီး ဇန်နဝါရီလတစ်လတည်းမှာတင် ပေါင် ၁၈၀ သန်းအထိ အံ့ဩစရာကောင်းလောက်အောင်အကုန်အကျခံခဲ့ပါတယ်။ Premier League ရဲ့ ကျန်ကလပ်အားလုံးရဲ့ စုစုပေါင်းအသုံးစရိတ်နီးပါးကို မီသွားခဲ့တာပါ။ စီးတီးဟာ ပြန်လည်ထူထောင်ဖို၊ ဖလားပြန်လည်ရယူဖိုစိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ဒီအချက်က သက်သေပါပဲ။

ရာသီစ Wolves ကို 4-0 ဂိုးဖြင့်ရက်စက်စွာ အနိုင်ရယူခဲ့ပြီး ကျန်ကလပ်တွေဆီကိုသတင်းစကားတစ်ခုပေးပိုလိုက်တာပါ။ Guardiola ရဲ့ ချန်ပီယံအသင်းဟာ သူတိုရဲ့ အရင်ပုံစံဟောင်း ပြန်ရပြီဆိုပြီးပါ။ ဒါပေမယ့် ဘောလုံးမှာဘာမဆိုဖြစ်သွားနိုင်ပါတယ်။ နှစ်ပတ်အကြာမှာတော့ Spurs (2-0) နဲ့ Brighton
(2-1) တိုကို ရှုးနိမ့်မှုတွေက စအခြေအနေတွေဟာသိသိသာသာပြောင်းလဲသွားစေခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို စီးတီးဟာ Guardiola ရဲ့ လက်ထက်အတွင်း ပထမဆုံးအကြိမ် ကလပ်ပွဲစဉ်သုံးပွဲအနက်သုံးမှတ်သာ ရရှိခဲ့ပါတော့တယ်။ ၁၉၉၂-၉၃ ခုနှစ်က Manchester United ရဲ့ Premier League ချန်ပီယံဆုကို အဖွင့်ပွဲစဉ် ၃ပွဲမှာ ၃မှတ်သာရပြီး ရရှိခဲ့တာဟာ နောက်ဆုံးပါပဲ။

စီးတီးပရိသတ်တွေအနေနဲ့စိတ်ရှည်သည်းခံဖိုတော့လိုပါတယ်။ အကြောင်း Guardiola ရဲ့ စနစ်ဟာ Rhythm ရှာဖွေဖို အချိန်လိုအပ်တဲ့ ကစားသမားတွေအပေါ်မှီခိုနေရပါတယ်။ အထူးသဖြင့် Rodri ပါပဲ။ စက်တင်ဘာလတုန်းက ဒူးဆစ်ကြောအရွတ်ဒဏ်ရာရခဲ့တဲ့ စပိန်ကစားသမားဟာခုမှပွဲထွက်ခွင့်ပြန်ရတာပါ။ တစ်နှစ်ကျော် နားခဲ့ရပါတယ်။ သူ့ဒဏ်ရာမရမီစီးတီးဟာ ရှုးနိမ့်မှုမရှိဘဲ ဇယားထိပ်မှာရပ်တည်နေခဲ့တယ်။ Roddriမရှိချိန်မှာ အဆိုးရွားဆုံးရလဒ်တွေရင်ဆိုင်ခဲ့ရတယ်။ Guardiola ကိုယ်တိုင်ကလည်းဝန်ခံခဲ့ပါတယ်။ “Rodriအတူ ကျွန်တော်တို့အသင်းကပိုကောင်းတယ်။ သံသယမရှိပါဘူး” တဲ့။
Rodri ဟာ စီးတီးရဲ့ “ဘောလုံးနဲ့အတူ ယှဉ်တွဲနေထိုင်ခြင်း” ဒဿနရဲ့ နှလုံးခုန်သံပါပဲ။ ဘောလုံးကို ထိန်းချုပ်ခြင်း၊ ပွဲtempoကို ချိန်ညှိခြင်းနဲ့ အန္တရာယ်ကို ကြိုတင်ခန့်မှန်းခြင်းဖြင့် ခံစစ်တည်ငြိမ်မှုကိုယူဆောင်ပေးလေ့ရှိပါတယ်။ သူမရှိတော့ချိန်မှာ စီးတီးရဲ့ ဟန်ချက်ညီမှုပြိုလဲသွားခဲ့ရပါတယ်။ ဂဏန်းတွေကတော့အတိကျပြောပြနေပါတယ်။ ကောင်တာကျနဂိုးသွင်းခံရနိုင်ခြေ (expected goals conceded) ဟာ Rodri ကစားခဲ့တဲ့ရာသီတွေမှာ၂.၄ ကနေ ပြီးခဲ့တဲ့နှစ်မှာ ၈.၁ အထိ မြင့်တက်သွားခဲ့ပါတယ်။ ဘောလုံးပြန်ရယူနိုင်စွမ်းက 1st ကနေ 7th အထိကျဆင်းသွားခဲ့တယ်။ အခု သူပြန်ရောက်လာပြီဖြစ်ပေမယ့် ပြန်လည်ထူထောင်ဆဲအဆင့်မှာပါ။ Brighton နဲ့ကစားခဲ့တဲ့ပွဲဟာ လ ၁၃လအတွင်း ပထမဆုံးပြန်လည် ကစားခြင်းဖြစ်ပါတယ်။ Rodri ဟာ ပထမပိုင်းမှာ စီးတီးရဲ့ အခြားကစားသမားတွေထက် ဘောလုံးထိမှု၊ ပေးပိုခြင်းနဲ့ ဘောလုံးပြန်လည်ရယူမှုတွေမှာ ပိုများခဲ့ပါတယ်။ ဒါပေမယ့်ဒုတိယပိုင်းမှာတော့ Rodri မှေးမှိန်သွားခဲ့ပါတယ်။ အရေးအပါဆုံး ချိတ်ဆက်မှုတွေဟာ Rodriရဲ့ အကောင်းဆုံးအဆင့်ကိုပြန်ရောက်ဖို အချိန်လိုတယ်ဆိုတာကို သတိပေးချက်တစ်ခုပါပဲ။

စီးတီးဒီလိုဖြစ်သွားရတာ Rodri တစ်ယောက်တည်းနဲ့သက်ဆိုင်တာတော့မဟုတ်ပါဘူး။ Guardiola ရဲ့ အသင်းဟာ သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ Ederson, Akanji, Walker, De Bruyne, Gündogan, Grealish, နဲ့ Julián Álvarez တိုအားလုံးထွက်ခွာသွားခဲ့ကြပါတယ်။ သူတို့နေရာမှာတော့ စီးတီးဟာ အလယ်တန်း Nico González နဲ့ Tijjani Reijnders တို့အပါအဝင် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ သူတိုတစ်ဦးချင်းစီဟာ Premier League ကိုသာမက Guardiola ရဲ့ နာမည်ကြီးတင်းကျပ်တဲ့နေရာချထားမှုဆိုင်ရာ ကစားဟန်ကိုပါလိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို လိုအပ်ပါတယ်။ Guardiola အတွက်တော့ ဒါဟာစိန်ခေါ်မှုရဲ့ အနှစ်သာရပါပဲ။ သူ့ရဲ့ ဘောလုံးကစားခြင်းဟာ စုပေါင်းလုပ်ဆောင်မှု ညီညွတ်ခြင်းအပေါ်တည်ဆောက်ထားတာပါ။ ဘယ်အချိန်မှာ ဖိအားပေးရမယ်၊ ဘယ်နေရာမှာ ရပ်တည်ရမယ်၊ ဘောလုံးကို ဘယ်လိုပတ်ပေးရမယ်ဆိုတာကို ကစားသမားတိုင်းနားလည်ထားရပါမယ်။ ကစားသမားအသစ်တွေဟာ အသားမကျသေးပါဘူး။ အသင်းသစ်တစ်ဝက်နဲ့ နည်းဗျူဟာအသစ်နဲ့ဆိုတော့ ဒီလုပ်ငန်းစဉ်ဟာ မလွဲမသွေအချိန်ယူရမှာပါပဲ။မျှော်လင့်ချက်ရှိစရာအကြောင်းပြချက်တွေတော့ရှိပါတယ်။ Rodri ပြန်လာနိုင်မှုက ကွင်းလယ်တန်းကိုစိတ်ချရအောင် ပြုလုပ်ပေးပြီးသားဖြစ်ပါတယ်။ ဒီစပိန်ကစားသမားရဲ့ အရည်အသွေး ပြန်မြင့်တက်လာချိန်မှာReijnders နဲ့ González တိုရဲ့ကစားဟန်ပိုမိုကောင်းမွန်လာမှာပါ။ Lijnders ရဲ့ “heavy metal football” ရဲ့ လွှမ်းမိုးမှုကလည်း တိုးတက်လာမှာဖြစ်ပြီး လက်နက်တစ်ခုအဖြစ်အသုံးချလာနိုင်မှာပါ။

Guardiola ကိုယ်တိုင် ခေတ်သစ်ဘောလုံးရဲ့ ဆင့်ကဲပြောင်းလဲမှုကိုအသိအမှတ်ပြုထားပါတယ်။ Bournemouth, Newcastle, Brighton နဲ့ Liverpool လိုမျိုး အသင်းတွေဟာ လျင်မြန်တဲ့ထိုးဖောက်မှုတွေနဲ့ vertically play ကစားဟန်ကို အရှိန်အဟုန်ကိုမြှင့်တင်ပေးခဲ့ကြပါတယ်။ စီးတီးအနေနဲ့ရပ်တန့်နေလိုမရပါဘူး။ ခေတ်ကိုမှီအောင်လိုက်ရပါမယ်။
ဒါကြောင့်မိုလို အချိန်ဟာ Guardiola အခုလိုအပ်နေတာအဖိုးတန်ဆုံးသောအချိန်ဖြစ်နေတာပါ။ Rodri က သူ့ရဲ့ ပုံမှန်အနေအထားကိုပြန်ရောက်လာမယ်၊ ကစားသမားသစ်တွေက လိုက်လျောညီထွေဖြစ်အောင်ကစားတတ်လာမယ်။ ဒါဆို စီးတီးအတွက်လမ်းကြောင်းပေါ်ပြန်ရောက်ဖို အရမ်းမကြာတော့ပါဘူး။ ချက်ချင်းအောင်မြင်လိုတဲ့ စီးတီးပရိသတ်တွေအတွက် သတင်းစကားကတော့ရိုးရှင်းပတယ်။ လုပ်ငန်းစဉ်ကိုယုံကြည်ပါ။ Guardiola ဟာ ဆင့်ကဲဖြစ်စဉ်ကို ဘယ်သောအခါမှ မကြောက်ရွံခဲ့ပါဘူး။ သူ အခုတည်ဆောက်နေတဲ့အရာဟာ အခုချိန်ထိတော့ပြီးပြည့်စုံချောမွေ့နေချင်မှ နေမှာပါ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ယခင်ကထက်ပိုမိုအားကောင်းလာနိုင်ပါတယ်။

author avatar
Innwas Editor