Innwa-Ads-Banner-1-1170X200

အမေသာမရှိခဲ့ရင် ကျွန်တော်ဘာတွေလုပ်မိနေမလဲ

ကျွန်တော်နာမည် မက်အလစ်စတာပါ။ အာဂျင်းတီးနားမှာမွေးပြီး ကြီးပြင်းခဲ့တဲ့ အာဂျင်တီးနားသားစစ်ပါ။ ဘောလုံးလောကထဲ ခြေစုံပစ်ဝင်တော့မယ်ဆိုတော့ ကျွန်တော်ချစ်တဲ့ အာဂျင်မြေနဲ့ အမေကို စွန့်ခွါခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကျော်လောက်ကပေါ့ဗျာ။ ခုတော့မဟုတ်တော့ပါဘူး။ အမေ့ကို အမြဲတမ်း အပြုံးအနမ်းနဲ့ တို့ဝှေ့ ဖက်တွယ်ချင်တယ်။ သူမ မရှိခဲ့ရင် ဒီနေ့ကျွန်တော် Premier League စံချိန်တင် ချန်ပီယံမဖြစ်နိုင်ပါဘူး။ World Cup ချန်ပီယံလည်း မဖြစ်နိုင်ပါဘူး။ ချမ်းသာနာမည်ကြီးတဲ့ လောကပေါ်မှာ လူသိပေမဲ့ အမည်မဖေါ်နိုင်သူတစ်ဦးပဲ ဖြစ်နေဦးမှာပါ။
၂၀၂၀ ဒီဇင်ဘာလမှာ Brighton မြို့က Budgetအိမ်လေးထဲမှာ တစ်ယောက်တည်း နေထိုင်နေခဲ့တာပါ။ FaceTime ကနေ ဘူနိုက်အေးရိစ် မြို့မှာရှိတဲ့ အမေကို ခေါ်မိတယ်။ မျက်ရည်တွေ သွက်သွက်ဆင်းနေတယ်။ ကျွန်တော်ပြောမိတယ်—
“အမေ သားဆက်မလုပ်နိုင်တော့ဘူး။ ပြန်လာချင်တယ်။ ဒီမှာမနေချင်တော့ဘူး တကယ့်ကို စိတ်ညစ်နေပြီဆိုပြီး” ဖုန်းခေါ်တိုင်း ငိုကြွေးခဲ့မိပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော် Brightonမှာ နေရာရဖို့မပြောနဲ့ ကစားချိန်တောင် ၁၅မိနစ်ထက်ပိုမရပါဘူး။ အားပေးသူတွေကတော့ Boca Juniors မှာကစားပြီး England Premier League အဆင့်သို့ရောက်ဖို့ မလွယ်ဖူး ဆက်ကြိုးစားပါဆိုပြီးပြောကြပါတယ်။အိပ်မက်တွေနဲ့ရှင်သန်ရတဲ့ ကလေးတစ်ယောက်
အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျောနံပါတ်၁၀ ဝတ်ထားပြီး မကစားရတာကအနာဂတ်ပျောက်နေသလိုပါပဲ။ အခုထိ မေ့မရတဲ့အရာတစ်ခုကတော့ COVID စတင်တဲ့အချိန်ပေါ့။ Boca Juniors ကနေ England ပြောင်းလဲလာပြီး သုံးပွဲလောက်သာ ကစားခွင့်
အနည်းငယ်ရထားပါတယ်။ အဲဒီနောက် ကမ္ဘာလုံးဆိုင်ရာပိတ်သိမ်းမှု၊ ဘောလုံးလည်း မရှိ၊ သူငယ်ချင်းလည်း မရှိတဲ့အပြင် အင်္ဂလိပ်စကားပါ မပြောတတ်တဲ့ အခြေအနေပါ။ လူတွေနဲ့ ဆက်သွယ်ဖို့ Zoom နဲ့ အခြေခံအင်္ဂလိပ်စာသင်နေရတဲ့ကာလပေါ့ဗျာ။
“Hola. Hello. My name is Alexis. How are you?”
အဲ့ဒီတစ်ကြောင်းကို တစ်နာရီလောက် ပြန်ပြန်
ထပ်တလဲလဲပြောနေရတာ၊ စိတ်ညစ်စရာပါ။
အမေကို FaceTime နဲ့ မနက်တိုင်းဖုန်းခေါ်နေတယ်။ မီဖိုးမဖွင့်တတ်၊ အဝတ်လျှော်တဲ့ ဆပ်ပြာဘယ်လိုထည့်ရမလဲဆိုတာတောင် အမေကသင်ပေးရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် စိတ်ဓာတ်ကျနေပြီး ခရစ်စမတ်ကာလာမှာ ရှိသမျှအဝတ်စားအကုန်ထုပ်ပြီး ရုရှား၊ စပိန်နယ်စပ်ထိသွားဖို့ စဉ်းစားထားတာပါ။ ဘောလုံးလောကကို စွန့်ပြီးတော့ပေါ့။ အမှန်တကယ်တော့ အိမ်အရမ်းပြန်ချင်နေတာပါ။ ဒါပေမယ့် အမေက အမြဲတမ်း ကျွန်တော်ကို နားလည်ပေးတယ်။ တစ်ယောက်ယောက်က မလွဲမသွေ ဒုက္ခပေးတော့မယ့်အချိန်မှာ အမေ့ကြောင့် ဒုက္ခမရောက်ခဲ့ပါဘူး။ အမေပြောတာတွေကျွန်တော့်စိတ်ထဲပြန်ရောက်လာတယ်။
“မကောင်းတဲ့အတွေးတွေ ခေါင်းထဲဝင်လာတိုင်း သတိရပါ၊ အလားအလာကောင်းရခဲ့တာတွေ၊ ကလေးဘဝက မနက်တိုင်း ဘောလုံးလိုက်ကစားခဲ့တာတွေ… အဲဒါတွေကို မေ့မနေပါနဲ့ မာကာရေ”ဆိုပြီးပါ။ ခုနေ သားသာပြန်လာမယ်ဆိုရင် အိပ်မက်တွေပျက်သွားမယ်။ မနက်ဖန်မှာ အစကပြန်စပြီး ပြန်ကြိုးစားပါဆိုတဲ့ စကားတွေဟာ ကျွန်တော်ခေါင်းထဲ ဖန်တစ်ရာ မှတ်မိနေတုန်းပါ။အမေ့ ရဲ့ အဲဒီစကားအပေါ်မှာပဲ ကျွန်တော်ကို ကျွန်တော် ပြန်တွေ့လိုက်တယ်။ အခွင့်ရေးတွေကို ငိုတစ်လှည့် ရယ်တစ်လှည့်စောင့်ဆိုင်းခဲ့တယ်။ Brighton ရဲ့ များစွာသော ဒဏ်ရာရကစားသမားကြောင့် ကျွန်တော်ကစားခွင့်ရခဲ့ပါတော့တယ်။ “Who is this Mac Allister guy? Scottish or Argentinian?” လို့ အားပေးသူတွေ အံ့ဩနေကြတယ်။ ဒီလိုနဲ့ Brighton မှာ အခွင့်အလမ်းရခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားအထိ သွားရောက်နိုင်ခဲ့တယ်။

Leo Messi နဲ့အတူ ကစားရခြင်း၊ Di María က နောက်ဆုံးပွဲကြီးမှ သူငယ်ပြန်ပြီး အရမ်းကောင်းနေတာ၊ Dibu Martínez အသက်သွင်းလိုက်တဲ့ အချိန်တွေ… အဲဒီအရာအားလုံးဟာ Argentina ရဲ့၃၆ နှစ်အကြာ World Cup ချန်ပီယံ ပြန်ဖြစ်တဲ့ အမှတ်တရ တွေပေါ့ဗျာ။ နောက်ပိုင်း Brighton ကနေ Liverpool ကို ပြောင်းသွားရာမှာ Klopp ကိုယ်တိုင် သတိရစရာ စုံထောက်ဇာတ်လမ်းဆန်တဲ့လျှို့ဝှက်မူနဲ့ ခေါ်ဆောင်သွားခဲ့တယ်။ Klopp က “Box to box midfielder” အနေနဲ့ ငါ့ထဲမှာ Gündogan လို အလားလားတွေမင်းဆီမှာ မြင်တယ်လို့ ပြောခဲ့တယ်။ အဲဒီစကားပေါ်မှာပဲ ကျွန်တော် Liverpool ကို လိုက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ Liverpool 2.0ရဲ့ ကွင်းလယ် ပြန်တည်ဆောက်ဆဲကာလာပေါ့ဗျာ။ Luton နဲ့ သရေကြခဲ့တဲ့ပွဲအပြီး Klopp ပြောသွားတဲ့ စကားက တော်တော်လေးခံပြင်းစရာကောင်းခဲ့တယ်။ “ငါ့အရင်း ကွင်းလယ်တန်းအဟောင်းတော် ဒီလိုပွဲမျိုးကို လှည့်ကြည့်စရာမလိုအောင်နိုင်တယ်”ဆိုပြီး ပြောခဲ့တဲ့စကားပါ။ အဲဒါစကားက တစ်သင်းလုံးကို မခံချင်စ်ိတ်နဲ့ စိတ်ဓာတ်ပြန်လည်တက်ကြွစေခဲ့တယ်။ နောက်ပိုင်း Klopp ထွက်သွားမယ့် သတင်းကြောင့် တစ်သင်းလုံး စိတ်ဓာတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် Slot ရောက်လာပြီး possession football နဲ့ အသစ်စတင်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ကိုယ်ပိုင်ဘဝမှာ ခက်ခဲမှုတွေ ရှိပေမယ့် မန်နေဂျာနဲ့ ကစားသမားဖော်တွေက ကူညီပံ့ပိုးခဲ့တယ်။

လူအများမသိတာတစ်ခုကတော့— ကျွန်တော် ဘောလုံးကန်တာကောင်းလို့ အောင်မြင်မှုရသွားတယ်ထင်ကြတာပါ။ အဲ့ဒီနောက်ကွယ်မှာ မိသားစု၊ အမေ၊ အဖေ၊ သူငယ်ချင်း၊ မန်နေဂျာတွေအားလုံးရဲ့ အားပေးမှု၊ ဖေးမမှုအထောက်အကူတွေကြောင့်ပဲ ကျွန်တော် ဒီနေ့ ဒီနေရာကိုရောက်နေရတာပါ။ ချန်ပီယံဆိုတဲ့နာမည်ထက် ပိုတန်ဖိုးကြီးပြီး မေ့မရတဲ့အရာကတော့ အမေ့ စကားတွေပါ။ အဲဒီ တစ်ခုပဲ။ အိပ်မက်တွေကို ထားခဲ့တော့မယ့်အချိန်မှာ “မာကာရေ သတိရစမ်းပါ မနက်တိုင်း နောက်ဖေးခြံထဲ မှာ ဘောလုံးကစားခဲ့တာတွေကို၊ အဲ့ဒါနင့်အိမ်မက်တွေလေလို့ “အမေ ပြန်လည် အားပေးခဲ့တဲ့ အဲဒီစကားကကျွန်တော့်ဘဝ အတွက် အမှတ်တရဖြစ်နေဆဲပါ။ အမေသာမရှိခဲ့ရင် ကျွန်တော်ခုချိန် အာဂျင်တီးနားမှာ ဘောလုံးမကန်ပဲ ဘာတွေလုပ်နေမလဲ ဆိုတာပါပဲ။

author avatar
Innwas Editor