မန်ယူနိုက်တက်ဟာ ဆာအဲလက်စ် ခေတ်လွန်ကတည်းက အောင်မြင်မှုကို အရင်လို အဆင့်အတန်း ပြန်ရောက်ဖို့ ဝေးကွာလာခဲ့ပြီး တဖြည်းဖြည်း ဆုတ်ယုတ်လာတာ အခု အမိုရင်လက်ထက်ထိ စံချိန်ကောင်းတွေက မရှိတော့သလောက်ကို ကျိုးပြတ်ကုန်ခဲ့ပါတယ်။ အသင်းဟာ အားလုံးက လေးစားကြောက်ရွံရတဲ့ အဆင့်အတန်းတစ်ခုမှာ မရှိတော့ဘဲ အသင်းငယ်တွေကတောင် အိုးထရက်ဖို့ဒ်မှာ ဘယ်လိုကစားရင် အနိုင်ရနိုင်တယ်ဆိုတာ သိနေတဲ့အသင်းမျိုး၊ အသင်းလတ်တွေကတောင် မကြောက်တော့တဲ့အသင်းမျိုးဖြစ်လာခဲ့ပါတယ်။
ဒီလို ဆက်တိုက်ကျဆင်းနေတဲ့ ယူနိုက်တက်မှာ သံသရာလည်နေတဲ့ ပြဿနာတစ်ခုကတော့ နည်းပြ နဲ့ ခေါ်ထားတဲ့ကစားသမားတွေအကြားက ပြဿနာပါပဲ။
ဆာအဲလက်စ် ထွက်သွားတဲ့နောက်ပိုင်း မိုရက်စ် လက်ထက်မှာ တိုနီခရူးလို ကစားသမားကို ခေါ်ဖို့ အထိ သဘောတူညီမှုရမလောက်ဖြစ်ခဲ့ပေမဲ့ မိုရက်စ်ပြုတ်သွားတာနဲ့ အားလုံးပြီးဆုံးသွားခဲ့ပါတယ်။ သူ့လက်ထက်မှာ ထူးထူးခြားခြားခေါ်ပေးခဲ့တာဆိုလို့ ဖယ်လိုင်နီနဲ့ မာတာပဲရှိခဲ့ပြီး ဇာဟာကို ပြန် လက်လွှတ်ခဲ့ရပါတယ်။ မိုရက်စ် ပြုတ်သွားပြီးတဲ့နောက် ဗန်ဟားလို ဝါရင့်နည်းပြမျိုးကို ခေါ်ခဲ့ပေမဲ့ ကစားသမားတွေကို ခေါ်ပေးတဲ့နေရာမှာတော့ နည်းပြစိတ်ကြိုက်မဟုတ်ဘဲ အသင်းရဲ့ အရည်အချင်း မပြည့်မီတဲ့ ဘုတ်အဖွဲ့က ခေါ်ခဲ့တာပါ။ ဆိုတော့ နာမည်ကျော်တွေတော့ ရောက်လာပေမဲ့ ဗန်ဟားနဲ့ တော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါက ဒီမာရီယာနဲ့ ဗန်ဟားအကြားက ပြဿနာမှာတင် သိသာစေပါ တယ်။ ဗန်ဟား ပြန်ထွက်သွားချိန်မှာ သူ့စိတ်တိုင်းကျလည်းမဟုတ်၊ သူ့အကြိုက်နဲ့ လိုက်မယ့် ကစား သမားတွေကို စုထားသလို ဖြစ်နေပြီး နောက်ရောက်လာတဲ့ မော်ရင်ညိုလက်ထက်ကျ အဆင်မပြေ တော့ပြန်ပါဘူး။
မော်ရင်ညိုလက်ထက်မှာ ဗန်ဟားလက်ထက်က ရှဝိန်းစတိုင်ဂါတို့လို ကစားသမားတွေနဲ့ အဆင်မ ပြေခဲ့ဘဲ ကစားသမားတွေ ပြန်ရောင်းခဲ့ရသလို ကစားသမားသစ်တွေ ပြန်ခေါ်ခဲ့ရပြန်ပါတယ်။ ဗန် ဟားခေါ်ယူခဲ့တဲ့ အန်တိုနီ မာရှယ်ကို မော်ရင်ညို သဘောမကျခဲ့တာမျိုးတွေက ဒီလိုပြဿနာကို သိ သာထင်ရှားစေပါတယ်။ မော်ရင်ညိုကိုယ်တိုင်ကလည်း သူပဲ ခေါ်ထားခဲ့ပြီး သူ့လက်ထက်မှာ အဆင် လည်း ပြေနေတဲ့ မာခီတာယန်းကို ဆန်းချက်နဲ့လဲပစ်ခဲ့တဲ့အမှားတွေ လုပ်ခဲ့တာပါပဲ။
မော်ရင်ညိုထွက်သွားချိန်မှာ ပေါ့ဘာလို ကစားသမားတွေ၊ မာတစ်လို ကစားသမားတွေ အသင်းမှာ ကျန်နေခဲ့ပြီး သူ့နေရာကို ဆက်ခံတဲ့ ဆိုးရှားက အဲဒီကစားသမားတွေနဲ့ ရှေ့ဆက်ခဲ့ပါတယ်။ ဖရက် ဟာလည်း မော်ရင်ညိုလက်ထက်မှာပဲ ရောက်လာတာဖြစ်ပေမဲ့ သူ့နေရာအမှန်ဖြစ်တဲ့ နံပါတ် ၈ နေရာအစား နံပါတ် ၆ လိုလို ကစားနေခဲ့ရတာတွေ၊ နံပါတ် ၆ လုံးဝမဟုတ်တဲ့ မက်တိုမီနေးကို နံပါတ် ၆ အဖြစ် အတင်းသုံးခဲ့တာတွေ ဒီပြဿနာတွေက ဆက်ရှိနေတုန်းပါ။
ဗန်ဟားလက်ထက်ကတည်းက သူလိုချင်တဲ့ကစားသမားတွေအစား မော်ဂန် ရှနိုက်ဒါလင်၊ ဖယ်ကာ အို စတဲ့ကစားသမားတွေကို ခေါ်ပေးခဲ့တဲ့ အသင်းဘုတ်အဖွဲ့ဟာ မော်ရင်ညိုလက်ထက်မှာ နံပါတ် ၆ မာတစ်နေရာ ကစားဖို့ ကစားသမားရှာဖွေမယ့်အစား ဖရက်ကို ခေါ်လိုက်တာ၊ ဟာရဲရားလို ကစားသမားမျိုးကို နောက်ဆုံးအချိန်မှ စာချုပ်ကမ်းလှမ်းတာကြောင့် လက်လွှတ်လိုက်ရတာတွေ ဖြစ်စေခဲ့တာ ကိုလည်းချန်ထားလို့မရပါဘူး။ အက်ဒ်ဝုဒ်ဝါ့ဒ် ဦးဆောင်တဲ့ ဘုတ်အဖွဲ့ဟာ အရည်အချင်း မရှိတာ ထက်ကို အများကြီးပိုပါတယ်။
အဲရစ်တန်ဟက်လက်ထက်မှာလည်း ဒီလိုပါပဲ။ နည်းပြစိတ်ကြိုက် နည်းပြဖိအားနဲ့ ခေါ်ပေးတဲ့ က စားသမားတွေက အလုပ်မဖြစ်၊ အသင်းဖက်က သဘောကျလို့ ခေါ်ထားတဲ့ ကစားသမားတွေက လည်း ခြေစွမ်းကအံမဝင်ဖြစ်နေတာကြောင့် ရုန်းကန်နေရဆဲပါ။ ဒီမှာ သိသာတဲ့ အချက်တစ်ခုကို ဆွဲထုတ်ပြချင်ပါတယ်။
ဆာအဲလက်စ် ချန်ရစ်ခဲ့တဲ့ အသင်းက ချန်ပီယံဖြစ်ထားတဲ့အသင်းဆိုပေမဲ့ ပြန်လည်တည်ဆောက်ဖို့၊ အင်အားဖြည့်တင်းဖို့ လိုနေတဲ့အသင်းပါ။ ဆာအဲလက်စ်က တစ်ဦးချင်းစီမံမှုကောင်းတဲ့အတွက် က စားသမားဆီကနေ ညှစ်ထုတ်ယူနိုင်ခဲ့ပေမဲ့ အဲဒီလိုမျိုးကို ဆာအဲလက်စ်လို အရှိန်အဝါမရှိသေးတဲ့ မို ရက်စ်မလုပ်နိုင်ပါဘူး။ ဆိုတော့ လုပ်ခဲ့သင့်တာက မိုရက်စ်ကို သူနဲ့လိုက်ဖက်မယ့် ကစားသမားမျိုး တွေ ဖြည့်တင်းပေးခဲ့သင့်တာပါ။ မိုရက်စ်က အဲဒီလို ထောက်ပံ့မှုမျိုးမရခဲ့ဘဲ ဖယ်လိုင်နီ၊ မာတာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
မိုရက်ဆီကနေ ဆက်ခံတဲ့ ဗန်ဟားက ဘောလုံးပိုင်ဆိုင်မှု အသားပေးနည်းပြတစ်ယောက်ပါ။ ခံစစ် ၃ ယောက်တန်းနဲ့ တောင်ပံခံစစ်ကစားသမားတွေ သုံးဖို့ အားသန်တဲ့သူပါ။ ဆိုတော့ မိုရက်လို ရှေးရိုး ဆန်ဆန်ကစားတဲ့နည်းပြတစ်ယောက်ချန်ရစ်တဲ့ လူစာရင်းဟောင်းနဲ့ အလုပ်မဖြစ်တော့ပါဘူး။ ဒါ ကြောင့် ဘောလုံးကိုင်ကစားနိုင်တဲ့ ကစားသမားတွေကို ပြန်ခေါ်ရပါတယ်။ အဲဒီလို ပြန်ခေါ်တော့ လည်း ဘောလုံးဒါရိုက်တာ၊ နည်းစနစ်ဒါရိုက်တာ မရှိဘဲ ခေါ်ခဲ့တာကြောင့် မလုပ်မဖြစ်ခဲ့ဘဲ ဗန် ဟားလည်း ပြုတ်သွားခဲ့ပြီး သူ့နေရာမှာ အစားထိုးခဲ့တာက မော်ရင်ညိုနဲ့ပါ။ မော်ရင်ညိုက ခံစစ် အားသန်နည်းပြတစ်ယောက်ဖြစ်ပြီး သူ့အတွက် မာကျောတဲ့ လူကောင်ကြီးမားတဲ့ ကစားသမားတွေ၊ လုပ်အားတိုးအားရှိတဲ့ ကစားသမားမျိုးတွေ လိုအပ်ပါတယ်။ ဆိုတော့ နည်းဗျူဟာ အပြောင်းအလဲမှာ ကစားသမားတွေ ထပ်ပြောင်းရပြန်ပါတယ်။ မော်ရင်ညိုထွက်သွားတော့ ဆိုးရှားရောက်လာပြီး သူက အသက်သွင်းဖို့ ကြိုးစားတာကတော့ တန်ပြန်တိုက်စစ်ပုံစံဖြစ်သွားပြန်ပါတယ်။
ဆိုးရှားထွက်သွားတဲ့အခါ ရင်းနက်ဝင်လာခဲ့ပြီး ရင်းနက်က Pressing ကစားဟန်ကို အသက်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်တော့ပါဘူး။ သူကိုယ်တိုင်ကလည်း ယာယီနည်းပြပဲ ဖြစ်နေလို့ပါ။ အဲဒီ နောက် ခန့်လိုက်တာကတော့ တန်ဟက်ပါ။ တန်ဟက်လက်ထက်မှာ ဘရူနိုလို ဆိုးရှားရဲ့ တန်ပြန် တိုက်စစ်ကစားဟန်ထဲက ကစားသမားတွေကို နောက်တကြိမ် ကစားဟန်အသစ်နဲ့ ပြန်အသားကျ အောင် လုပ်ရပြန်ပါတယ်။ လိုအပ်တဲ့ကစားသမားတွေခေါ်ပြန်တော့လည်း ဝုဒ်ဝါ့ဒ်မဟုတ်တော့ပေ မဲ့ ဂျွန်မားတော့နဲ့အဖွဲ့ကလည်း ထူးမခြားနား အရည်အချင်းကင်းမဲ့နေပြန်ပါတယ်။ မတန်တဆဈေးတွေ ပေးရသလို အလုပ်လည်းမဖြစ်ခဲ့ပါဘူး။
ဆိုတော့ ယူနိုက်တက်မှာ နည်းစနစ်ဒါရိုက်တာက လမ်းညွန်ပေးထားတဲ့ ကစားဟန်အတိုင်း စနစ်တ ကျအကောင်အထည်ဖော်ပေးတဲ့ နည်းပြနဲ့ နည်းပြလိုအပ်တဲ့ ကစားသမားကို အတိအကျ သေသေချာချာ ခေါ်ပေးနိုင်မယ့် ဘုတ်အဖွဲ့ရှိလာဖို့ လိုအပ်နေခဲ့တာ မြင်သာပါတယ်။ အခု ဆာဂျင် ရက်ကလစ်ဖ် နဲ့ သူ့ဘုတ်အဖွဲ့က ဒါမျိုး လုပ်နိုင်မလား။ လက်ရှိနည်းပြအမိုရင် ကရော ရွှေထီးဆောင်းခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ အရင်ကာလတွေဆီ ပြန်ဆွဲခေါ်သွားနိုင်မလား။ ဖာဂူဆန်နောက်ပိုင်း နည်းပြတွေလိုပဲ အိုးထရက်ဖို့ဒ်ကွင်းကြီးကို အရှုံးနဲ့လက်ပြ နှုတ်ဆက်သွားရမလားဆိုတာတော့…