Innwa-Ads-Banner-1-1170X200

FA ဖလားကထွက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ကို ချိန်နေတာပါနော်

FAဖလားမှာ ဖူဟမ်အသင်းကို ပင်နယ်တီနဲ့ ရှုံးပြီးတဲ့နောက်မှာတော့ မန်ယူအသင်းနည်းပြ အမော်ရင်က

“ပရီးမီးယားလိဂ်ကို အရယူဖို့ဆိုတာ အဓိကရည်မှန်းချက်ပါ။ ပွဲတွေရှုံးနေ၊ ဖလားပွဲတွေကနေ ထွက်နေရပေမယ့် ရည်မှန်းချက်ကတော့ မပြောင်းပါဘူး။ ပရီးမီးယားလိဂ်ပါပဲ။ အချိန်တွေ ဘယ်လောက်ထိယူရမလဲ မသိသေးပေမယ့် ရည်မှန်းချက်က မပြောင်းပါဘူး။

ကျနော် ကစားသမားတွေအကြောင်းပိုပြီး သိလာပြီ။ ဒီလိဂ်ရဲ့ အကြောင်းပိုပိုသိလာပြီ။ ဒီကစားသမားအစုအဖွဲနဲ့ ဘယ်လိုအခင်းအကျင်းကစားရမလဲ ပိုသိလာပြီ။ အနာဂတ်မှာ သေချာတွေ့ရတော့မှာပါ”

လို ပြောကြားသွားပါတယ်။

လက်ရှိမှာတော့ မန်ယူအသင်းဟာ နည်းပြသစ် အမော်ရင်ရဲ့ လက်အောက်မှာ 10 ပွဲနိုင်၊ 5 ပွဲ သရေ၊ 9 ပွဲရှုံးထားပါတယ်။