Innwa-Ads-Banner-1-1170X200

ဘာစီလိုနာက ဟန်ဆီဖလစ်ရဲ့ လက်ရာခြေရာ

ဟန်ဆီဖလစ် ဘာစီလိုနာနည်းပြဖြစ်လာပြီဆိုတဲ့အချိန်မှာ အံ့အားသင့်ခဲ့ရတဲ့ လူတစ်စုရှိခဲ့တာတော့ အမှန်ပါပဲ။ ဘာစီလိုနာဆိုတာက နောက်ဆုံးနှစ်တွေထဲမှာ စပိန်နည်းပြမဟုတ်ရင် နယ်သာလန်နည်း ပြတွေကိုပဲခန့်ထားပြီး သူတို့ရဲ့ တီကီတာကာ ရိုးရာကစားဟန်ကိုပဲ ကိုင်စွဲထားတဲ့ အသင်းပါ။ ဆို တော့ ဟန်ဆီဖလစ်လို ဂျာမန်နည်းပြနဲ့ တိုက်ရိုက်ဆန်တဲ့ ကစားဟန်ကို နှစ်သက်တဲ့လူတစ်ယောက် ကို ခန့်အပ်လိုက်တဲ့အခါ ဘာစီလိုနာရဲ့ တီကီတာကာက ဘယ်လိုများဖြစ်လာမလဲ။ ဟန်ဆီဖလစ်က ပဲ တီကီတာကာကို ကစားမှာလား၊ ဒါမှမဟုတ် ဘာစီလိုနာကပဲ တီကီတာကာကနေ ခွဲထွက်တော့မှာ လားဆိုတာကို မေးခွန်းတွေ ထုတ်လာခဲ့ကြပါတယ်။

တီကီတာကာလို့ခေါ်တဲ့ ကစားသမားတွေ နီးနီးကပ်ကပ်နေပြီး အတိုပေးတွေနဲ့ ရွှေ့လျားနေတဲ့ ကစားဟန်ဟာ စပိန်လက်ရွေးစင်အသင်းမှာလည်း အဓိက ကစားဟန်အဖြစ် အချိန်အကြာကြီးရှိ နေခဲ့တာပါ။ အထူးသဖြင့် စပိန်လက်ရွေးစင်အသင်းမှာ ဘာစီလိုနာ ကစားသမားတွေက အဓိက ဝင်ရိုးအဖြစ်ရှိနေခဲ့တဲ့ ကာလတွေမှာဆိုရင် ပိုတွေ့ရတတ်တာပေါ့။ သို့သော် ပြီးခဲ့တဲ့ ယူရိုမှာ ဒယ် လာဖွန်တေးရဲ့ စပိန်က မတူညီတဲ့ချဉ်းကပ်ပုံနဲ့ အောင်မြင်မှု ယူပြခဲ့ပြီး စပိန်ရဲ့ ရိုးရာကစားဟန်က နေ လမ်းခွဲထွက်ခဲ့ပါတယ်။

အဲဒီလိုပဲ ဟန်ဆီဖလစ်ကလည်း ဘာစီလိုနာကို ဂျာမန်စတိုင် တိုက်ရိုက်ဆန်တဲ့ ကစားဟန်နဲ့ စပိန်စ တိုင် တီကီတာကာတို့ကို အချိုးကျကျ ရောစပ်ပြထားပြီး ပိုထွေပြားတဲ့ ကစားဟန်တစ်ခုကို တည် ဆောက်ပြလာပါတော့တယ်။ အထူးသဖြင့် တီကီတာကာ နဲ့ ဘာစီလိုနာဟာ ကာလတစ်ခုလောက် ကြာလာပြီဖြစ်တာကြောင့် လာလီဂါ ပြိုင်ဖက်တွေနဲ့ ဥရောပပြိုင်ဖက်ကြီးတွေက ဒီတီကီတာကာ ကစားဟန်ရဲ့ ပုံသေအစဉ်တွေကို သဘောပေါက်လာကြပြီး ပိုပိတ်ဆို့တားဆီးလာနိုင်တာကြောင့် ဘာစီလိုနာအနေနဲ့ နောက်ပိုင်းနှစ်တွေမှာ ရလဒ်တွေ ဆိုးလာခဲ့တဲ့အခါ အပြောင်းအလဲလုပ်ဖို့ဆိုတာ မလွှဲရှောင်သာတော့ပါဘူး။

ဘောလုံးမှာ Meta လို့ခေါ်တဲ့ ကစားဟန်ပုံစံတစ်မျိုးက ကာလရှည်အကြာကြီး ရပ်တည်လို့မရဘဲ သူ့ကို တန်ပြန်မယ့် ကစားဟန်တွေကို အချိန်တစ်ခုမှာတော့ ရှာတွေ့လာကြမှာထုံးစံပါပဲ။ အဲဒီလို ရှာတွေ့လာကြတဲ့အခါ မူလအားကောင်းခဲ့တဲ့ ကစားဟန်တွေက ပြောင်းလဲကြရပါတယ်။ မပြောင်း လဲရင်တော့ ကျန်ရစ်ခဲ့မှာပါပဲ။ ဘောလုံးမှာ လုံးဝပြီးပြည့်စုံနေတဲ့ ကစားဟန်ဆိုတာ မရှိဘူးလို့ ဒါ ကြောင့်ပြောကြတာပါ။

တီကီတာကာ တုန်းက ကစားသမားတွေကို ပိုနီးနီးကပ်ကပ်နေစေပြီး ပေး-ရွေ့ ဆိုတဲ့ ပုံစံမျိုးနဲ့ ရွှေ့ လျား၊ တဖြည်းဖြည်းချင်း စိမ့်ဝင် အကွက်ဆင်ကစားကြပေမဲ့ နောက်ပိုင်းမှာ တခြားအသင်းတွေက ပိုပြီး စုစည်းကျစ်လစ်တဲ့ ခံစစ်ပုံစံတွေ၊ ပိတ်ဆို့မှုပုံစံတွေနဲ့ တန်ပြန်လာတဲ့အခါ ဖန်တီးမှုတွေကျ ဆင်းလာတာ၊ ဘောလုံးဆုံးရှုံးမှုတွေ ပိုများလာပြီး တန်ပြန်တိုက်စစ်တွေခွင့်ပြုပေးလာခဲ့ရပါတယ်။

သိကြတဲ့အတိုင်း ဟန်ဆီဖလစ်ဟာ ဘာစီလိုနာကို အရှက်တကွဲရလဒ်မျိုးရစေခဲ့တဲ့ ဘိုင်ယန်အသင်း ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြပါ။ သူကိုယ်တိုင် ဘာစီလိုနာရဲ့ ရိုးရာကစားဟန် တီကီတာကာကို အား နည်းချက်ရှာ ဖျက်စီးပြခဲ့ဖူးတာကြောင့် ဘာစီလိုနာကို သူကိုင်တွယ်ရတဲ့အခါ အဲဒီအားနည်းချက်တွေ ကို ရှင်းလင်းထုတ်ပြီး သူလိုချင်တဲ့အချက်တွေနဲ့ ပေါင်းစပ် ပိုကြွယ်ဝတဲ့ပုံစံကို ပြင်ဆင်လာခဲ့ပါတော့ တယ်။ ဥရောပမှာတော့ ဒါကို ဘာစီလိုနာက ဂျာမန်တော်လှန်ရေးတစ်ရပ်လို့ နာမည်ပေးထားကြပါ တယ်။

ဟန်ဆီဖလစ်က သူ့ ကစားကွက်ကို ပိုတိုက်ရိုက်ဆန်တဲ့ပုံစံသုံးပါတယ်။ သူ့ခံစစ်ဗဟိုကစားသမားတွေ ကို ကွင်းလယ်ကစားသမားတစ်ယောက်လို ဘောလုံးပေးနိုင်၊ ရွေ့လျားနိုင်၊ ဘောလုံးကိုင်ကစားနိုင်တဲ့ သူတွေအဖြစ် သူက လိုလားပါတယ်။ ဒါက သူ့အသင်းရဲ့ လိုလားချက် ပထမအဆင့်ပါပဲ။ အဲဒီကစား သမားတွေနဲ့ ဂိုးသမားက ပေါင်းစပ်ပြီး လိုင်းတွေကို ကျော်ဖြတ်သွားတဲ့ ပေးပို့ချက်တွေနဲ့ တိုက်စစ်ဇုန် တွေဆီကို ဘောလုံးပေးပို့ပါတယ်။

အဲဒီလို ပေးပို့တဲ့အခါ ဘောလုံးဆုံးရှုံးနိုင်ခြေရှိတဲ့အတွက် ဒါကို ကာကွယ်ဖို့ရာ ကွင်းလယ်ကစားသ မားတွေ၊ လိုအပ်ရင် တောင်ပံကစားသမားတွေအထိ ဆင်းလာပြီး နေရာလွတ်ပေါ်အောင် ဝိုင်းကူပုံ ဖော်ကြတာက သူ့ကစားကွက်ရဲ့အသက်ပါပဲ။ သူကစားကွက်မှာ ကွင်းလယ်ကစားသမား ၃ ယောက် က တကယ့်ကို ဂျိုကာလို ကစားရပြီး ကွင်းလယ်တိုက်စစ် ကစားသမားက လိုအပ်တဲ့နေရာစုံကို လိုက်ကစားခွင့်ရတဲ့ Roaming type ကစားစေတာပါ။

ယာမဲလို တောင်ပံကစားသမားကို ပိုင်ဆိုင်ထားတာကြောင့် ယာမဲရဲ့ အတိုးအလှုပ်တွေနဲ့ တောင်ပံအ စွန်အထိ ကစားကွက်ကို ဆွဲချဲ့ပြီး ကွင်းလယ်တိုက်စစ်မှာ စုပြုံစိုးမိုးတဲ့ပုံစံက ဟန်ဆီဖလစ်ရဲ့ပုံစံပါပဲ။ သူက သူ့အသင်း ကစားသမား ၈ ယောက်-၉ ယောက်လောက်အထိကို ရှေ့တက် လိုက်ပါကစားစေ ပြီး တစ်ခါတစ်ရံ အဝေးဘောတွေ ပေးပို့ ခက်လောက်အောင် ပြိုင်ဖက်က ပိတ်ဆို့ထားတဲ့အခါ ပိတ် ဆိုမှုတွေကို ဖွင့်ဖို့ ဗဟိုခံစစ်ကစားသမားက လစ်ဘရိုကစားသမားတစ်ယောက်လိုမျိုး ဘောလုံးကို ဆွဲ တက်သွားတာမျိုး သူက ညွန်ကြားလေ့ရှိပါတယ်။ ဒီတော့မှ ပြိုင်ဖက်ရဲ့ ခံစစ်ပထမလိုင်းက တုံ့ပြန် လာရပြီး ဒုတိယလိုင်း ခံစစ်ပါ ပုံစံပျက်သွားစေတာပါ။ အဲဒီလို ဖြစ်လာအောင် သူ့ရဲ့ ကွင်းလယ်ကစား သမားတွေက လိုအပ်သလို ဆင်းလာပြီး တွဲကစားပေးလေ့ရှိပါတယ်။

ရာဖင်ညာကိုလည်း တောင်ပံမှာ ပွဲထွက်ထားခိုင်းပေမဲ့ တကယ်တမ်း အော်မိုက အောက်ကိုဆင်းသွား တဲ့အခါ ရာဖင်ညာက အတွင်းမှာ ရောက်နေတာကို ပရိသတ်တွေ တော်တော်များများတွေ့ရမှာပါ။ ယာမဲကတော့ အဲဒီလို အတွင်းမဝင်ဘဲ အသင်းရဲ့ တိုက်စစ်ကစားကွက်ကိုချဲ့ထွင်ဖို့ တောင်ပံမှာပဲရှိနေ ပြီး ခွန်ဒေးက ဒါကို တက်ကူလေ့ရှိပါတယ်။

ကစားသမားတွေကို တီကီတာကာတုန်းကလို ပုံသေဆန်တဲ့ လှုပ်ရှားမှုအစဉ်အစား သူတို့ရဲ့ ဖြတ်ထိုး ဥာဏ်နဲ့အမြင်အလိုက် လွတ်လပ်စွာ လှုပ်ရှားစေတာကြောင့် ဟန်ဆီဖလစ်ရဲ့ တိုက်စစ်ကစားပုံက ခန့်မှန်းရခက်ပြီး ပြိုင်ဖက်တွေ တားဆီးဖို့ ခက်နေစေတာပါ။ ဒါပေမဲ့ တဖက်မှာလည်း တိုက်စစ်ကို လိုက်ပါတဲ့ ကစားသမားတွေများတဲ့အခါ အထူးသဖြင့် ခံစစ်အစွန်ဧရိယာတွေက အလွတ်တွေ ကျန် ရစ်ခဲ့ပြီး အဲဒီကနေ အခွင့်အရေးတွေပြန်ပေးရတာ၊ ဘောလုံးကို စွန့်စားမှုယူပြီး လိုင်းတွေကျော်ဖြတ် ပေးတဲ့အခါ အမှားလုပ်မိရင် ဂိုးတွေပြန်ပေးရတာတွေကတော့ ရှိနေဦးမှာပါပဲ။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ မျက်စိရှေ့မှောက်မှာ ဘာစီလိုနာ အသွင်သစ်က ပုံပေါ်လာနေခဲ့ပါပြီ။