Innwa-Ads-Banner-1-1170X200

မိုဆာလတ် သိုမဟုတ် လက်ရှိရာသီရဲ့ အကောင်းဆုံး ကစားသမား

လီပါပူးအသင်းရဲ့ နောက်ဆုံး ၈ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်အပြီးမှာတော့ မိုဆာလတ်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး+ဂိုးဖန်တီးမှု အကြိမ် ၄၀ အထက် ၂ရာသီလုပ်ပြနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား အဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီ။

လီပါပူးအသင်းကို စရောက်တဲ့အချိန်ကတည်းက အသင်းရဲ့ အဓိကကစာသမားအဖြစ် နေရာယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာ အခုဆို ၈ရာသီထိရ်ှလာခဲ့ပါပြီ။

သံသယမျက်လုံးတွေအောက်ကနေ ဘယ်တော့များ ခြေစွမ်းကျသွားမလဲ ခြေစွမ်းကျသွားမလဲ စောင့်ကြည့်ခံခဲ့ရပေမယ့် မိုတစ်ယောက်ကတော့ သူ့ခြေစွမ်းကို အမြဲလိုလိုပဲ ထိန်းသိမ်းပြသနိုင်ခဲ့တာပါ။

ဒီရာသီအစမှာလည်း ဆော်ဒီအသင်းတွေဆီပြောင်းတော့မလို အသံတွေ ထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့တွေအပေါ် စိတ်မရောက်ဘဲ လက်ရှိအသင်းအပေါ် အပြည့်အဝ အာရုံစိုက်ထားပြီး အကောင်းဆုံးခြေစွမ်းတွေပါ ပြသနေတာကတော့ မိုရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကိုပါ အတုယူစရာပါ။

အခုဆိုရင် မိုဆာလတ်တယောက် လီပါပူးအတွက် 387 ပွဲ ကစားပြီး 241 ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး လီပါပူးအသင်းရဲ့ ဂန္တဝင်တဦးအဖြစ် ထည်ထည်ဝါဝါရှိနေပါပြီ။

ဒီရာသီမှာ လီပါပူးကို နည်းပြသစ်လက်အောက်မှာ ယိမ်းယိုင်မသွားအောင် စီနီယာ ကစားသမားတစ်ဦးအဖြစ် အကောင်းဆုံး အထောက်အကူပြုနေပြီး ခြေစွမ်းပိုင်းကလည်း အကောင်းဆုံးပြသနေနိုင်တာမို လီပါပူးသာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တိုကို ရယူနိုင်ခဲ့ရင်တော့ ဘလွန်ဒီအောက မိုဆာလတ်အတွက်ပါပဲ။

ဘောလုံးပရိတ်သတ်တွေကလည်း ကိုယ်လုပ်စရာရှိတာကို အသံတိတ်လုပ်ပြနေတဲ့ မိုအတွက် ဘလွန်ဒီအော ရသွားစေချင်စိတ်လူတိုင်းမှာ ရှိကြလိမ့်မယ်လိုပဲ မြင်မိပါတယ်။