Innwa-Ads-Banner-1-1170X200

မန်စီးတီးကထွက်ခွာခဲ့ရတဲ့ အကြောင်းရင်း

မန်စီးတီးကထွက်ခွာခဲ့ရတဲ့ အကြောင်းရင်း

အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၈၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အဲဗာရက်စ်က မန်စီးတီးကထွက်ခွာဖြစ်ခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောပြလာပါတယ်။

“ကျနော်က အရေးကြီးတဲ့ ပွဲတွေကို တကယ်ကြီးဝင်ကစားချင်ခဲ့တာပါ။ ချန်ပီယံလိဂ် ဖိုင်နယ်လိုမျိုး၊ ဆီမီးလိုမျိုးပွဲတွေမှာ ဝင်နွှဲချင်တာပေါ့ဗျာ။ ဒါပေမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဝင်မကန်ခဲ့ရဘူး။ ဆီမီးမှာကြတော့လည်း မိနစ်အနည်းပဲ ကစားခွင့်ရခဲ့တာလေ။ အဲ့မှာပဲ ကျနော်စဉ်းသားမိတာပေ့ါ၊ ငါအပြောင်းအလဲတစ်ခုလုပ်ရတော့မယ်ဆိုပြီးတော့လေ”

ရေးဗားပလိတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် အဲဗာရက်စ်တယောက် မန်စီးတီးအတွက် ၁၀၃ ပွဲကစားပြီး ၃၆ ဂိုးသွင်း ၁၇ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ အဲ့ထဲကမှ ၆၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး အများစုကတော့ အာလင်းဟာလန်း ဒဏ်ရာရ ဒါမှမဟုတ် အနားယူနေတဲ့ အချိန်တွေမှာသာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ တချိုပွဲတွေမှာဆို ကွင်းလယ်လူအဖြစ် ကစားခဲ့ရတာမျိုးတွေပါ ရှိခဲ့တာပါ။

အခုရာသီမှာတော့ ဂျူလီယန်အဲဗာရက်စ်တယောက် အက်သလက်တီကိုအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၃၉ ပွဲကစား ဂိုး ၂၀ သွင်းပြီး ၅ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ဂရစ်ဇ်မန်းနဲ့ အတွဲညီညီ ခြေစွမ်းပြနိုင်နေပါပြီ။ နောက်ထပ်ခြေစွမ်းကောင်းတွေထပ်မံပြသပြီး ဂွာဒီယိုလာမှားခဲ့ကြောင်း သက်သေပြနိုင်မလား ဆိုတာကတော့ ……