Innwa-Ads-Banner-1-1170X200

စီးတီးရဲ့ လက်ရှိအခြေနေနဲ့ ပွဲပြီး ပြောစရာ ၃ချက်

မန်စီးတီးရဲ့ လက်ရှိအခြေအနေဟာ Pep Guardiola ခေတ်မှာ အဆိုးရွားဆုံးလို့တောင် ပြောလို့ရတဲ့ စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။ မနှစ်ကပိုဆိုးတာမဟုတ်ဘူးလားလို့မေးရင် ဟုတ်ပါတယ် မနှစ်ကပိုဆိုးတာပါ။ ဒါပေမယ့် Pep ရဲ့ စီးတီးဟာ မနှစ်က လွဲလ်ို့၊ ဒီနှစ် ရာသီ၊ ဒီလို ဖလားလုရတဲ့အခြေနေမျိူးမှာ ဘယ်တော့မှ အမှတ်လျော့ခဲ့တဲ့အသင်းမဟုတ်ပါဘူး။ ခုတော့ ၃ပွဲဆက် အမှတ်လျော့ခဲ့ပြီး ဖလားကို အာဆင်နယ်လက်ထဲ အပ်ရမယ့်အခြေနေကိုရောက်ပြီလို့ဆိုရပါမယ်။

ဘရိုက်တန်နဲ့ပွဲမှာ ၁-၁ သရေကျခဲ့တာဟာ စီးတီးအတွက် ရိုးရိုးတန်းတန်း အမှတ်လျော့တာမျိုးမဟုတ်ဘဲ အသင်းရဲ့ အားနည်းချက်တွေ အကုန်လုံး အပြင်ကို ထွက်လာတဲ့ပွဲလို့ မြင်ပါတယ်။ အဓိကအားဖြင့် ဒဏ်ရာရကစားသမားတွေရဲ့ ထိုးနှက်ချက်ဟာ စီးတီးအတွက် “ နံပါတ်တစ်” ရန်သူဖြစ်နေပြီး ဒါဟာ ချန်ပီယံဆုကို လက်လွှတ်ရမယ့်အထိ ကြီးမားတဲ့ အကြောင်းရင်း ဖြစ်လာနိုင်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ မန်စီးတီးရဲ့ ကစားပုံကို ကြည့်ရင် နည်းဗျူဟာပိုင်းဆိုင်ရာ အားနည်းချက် (Tactical Weaknesses) တွေက ထင်ရှားနေပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ဘရိုက်တန်က ပွဲကို အသာစီးနဲ့ ပြန်ထိန်းသွားနိုင်တာဟာ စီးတီးရဲ့
အားနည်းချက် ၃ ခုကြောင့်လို့ ပြောလို့ရပါတယ်။

၁။ ကွင်းလယ်ထိန်းချုပ်မှု လျော့ရဲခြင်း (Midfield Vacuum)
Rodri မရှိတာဟာ စီးတီးအတွက် “ ဗဟိုချက်” ပျောက်ဆုံးသွားတာပါ။ Gonzalez ဟာ ဘောလုံးဖြန့်ဝေမှုပိုင်းမှာ ကောင်းပေမယ့်၊ ဘရိုက်တန်ရဲ့ တစ်ကွင်းလုံးလှုပ်ရှားတဲ့ ကွင်းလယ်လူတွေကို ဖိအားပေးနိုင်စွမ်းမှာ အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၇၀လောက်ထိ ဘရိုက်တန်က ကစားသမားအပြောင်းအလဲတွေ မလုပ်ပဲ ကွင်းလယ်မှာ ကစားသမားအင်အား overload လုပ်ပြီး ပိုသုံးလာတဲ့အခါ စီးတီးကွင်းလယ်က “ ဟာကွက်” ဖြစ်သွားပြီး ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုတွေကို လုံးဝ မတားဆီးနိုင်တော့တာကို တွေ့ခဲ့ရပါတယ်။ Rodri ကို ထည့်လိုက်မှသာ ပြန်လည်တည်ငြိမ်ခဲ့ပါတယ်။

၂။ ညာခြမ်း ခံစစ်အားနည်းချက် (Right-side Vulnerability)

ဒါက တော်တော်လေး သိသာတဲ့ အချက်ပါ။ ဘရိုက်တန်ရဲ့ တိုက်စစ် ၄၅% နီးပါးဟာ စီးတီးရဲ့ ညာခြမ်း Matheus Nunes ဘက်ကနေ လာတာပါ။ Nunes ဟာ နှေးကွေးလွန်းပြီး Kaoru Mitoma ရဲ့ လျင်မြန်တဲ့ ထိုးဖောက်မှုတွေကို တားဆီးဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ Rico Lewis ဝင်လာချိန်မှာ အနည်းငယ်တည်ငြိမ်သွားဟန်ရှိပေမယ့်ဆေးမမှီခဲ့တော့ပါဘူး။

၃။ ခံစစ်တန်း မြင့်လွန်းခြင်းနှင့် ပွဲပန်းလွန်းခြင်း

Pep ရဲ့ ထုံးစံအတိုင်း ခံစစ်တန်းကို အမြင့်ကြီး (High Line) ထားကစားခဲ့ပေမယ့်၊ ဒီပွဲမှာတော့ အဲဒီနည်းဗျူဟာက ကောင်တာပြန်တိုက်ခိုက်ခံခဲ့ရပါတယ်။ ဘရိုက်တန်ရဲ့ တိုက်စစ်မှူးတွေက စီးတီး ခံစစ်တန်းရဲ့ နောက်ကျောကို လျင်လျင်မြန်မြန် ထိုးဖောက်နိုင်ခဲ့တာပါ။ အထူးသဖြင့် ပွဲပြီးခါနီး စီးတီးကစားသမားတွေ ပင်ပန်းလာတာကိုတွေ့ခဲ့ရပြီး အခါ ခံစစ်ကို ပြန်ဆင်းဖို့ ပျက်ကွက်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ပြ်ိုင်ဘက်ကိုအနိုင်ဂ်ိုးတော့မပေးခဲ့ရပါဘူး။