Innwa-Ads-Banner-1-1170X200

ချဲလ်ဆီးရဲ့ အသံမထွက်တဲ့ တိုးတိုးတ်ိတ်တိတ်သူရဲကောင်း ( Malo Gusto)

ချယ်လ်ဆီးအသင်း အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲဟာ ပရီးမီးယားလိဂ်၄ ပွဲဆက် အနိုင်မရခဲ့တဲ့ အခြေအနေဆိုးကို အဆုံးသတ်ပေးခဲ့ပါတယ်။ ဒီအောင်ပွဲရဲ့ အဓိက ဇာတ်လိုက်ကတော့ ခုနောက်ပိုင်းသိသိသာသာ ကောင်းလာခဲ့တဲ့ Malo Gusto ပဲ ဖြစ်ပါတယ်။ ဘာစီလိုနာကို ၃-၀ နဲ့ ရိုက်ခွဲခဲ့ပြီးနောက် ချယ်လ်ဆီးဟာ တော်တော်လေး အခြေနေဆကာင်းပြီလို့ထင်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ဘုန်မောက်တို့နဲ့ သရေကျခဲ့သလို၊ လိဒ်စ်ကိုလဲအဝေးကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါသေးတယ်။ ချန်ပီယံလိဂ်မှာလည်း အတ္တလန်တာနဲ့ အဝေးကွင်းမှာ ဦးဆောင်ဂိုးရပြီးမှ ၂-၁ နဲ့ ပြန်အရှုံးပေးခဲ့ရပါတယ်။ ဒါပေမဲ့ Enzo Maresca ရဲ့ ကစားသမားတွေဟာ အဲဗာတန်နဲ့ပွဲမှာ ပြန်လည်နိုးထလာခဲ့ကြပါပြီ။

ပွဲချိန် ၂၁ မိနစ်မှာ Malo Gusto ဟာ ကွင်းလယ်တည့်တည့်မှာ နေရာယူပြီး Cole Palmer ကို ပြီးပြည့်စုံတဲ့ ဖန်တီးမှုတစ်ခု ပေးပို့ခဲ့ရာမှ Palmer က Jordan Pickford ကို ကျော်ဖြတ်ပြီး သူ့ရဲ့ ဒဏ်ရာခရီးကအပြန် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် ချက်ချင်းတိုက်စစ်ဆင်လာတဲ့ Gusto ဟာ Enzo Fernández ရဲ့ ပြန်လည်ဖန်တီးပေးမှုကို Everton ဂိုးဧရိယာထဲ ဝင်ရောက်ပြီး တစ်ချက်ထိနည်းစနစ်နဲ့ ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒီလို ပထမပိုင်း ၄၅ မိနစ်တည်းနဲ့ Malo Gusto ဟာ သူ့ရဲ့ ဒီရာသီပရီးမီးယားလိဂ် ဂိုးနဲ့ ဖန်တီးမှုစုစုပေါင်းဟာ နှစ်ဆ မြှင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်က ထူးချွန်ခဲ့သလို၊ ခံစစ်ဘက်မှာလည်း ဆက်တိုက် မနားမနေအလုပ်လုပ်နေခဲ့ပါတယ်။ Final Third zone ထဲကို ပေးပို့မှု ၁၂ ကြိမ်၊ စုစုပေါင်း ပေးပို့မှု ၆၇ ကြိမ်အနက် အကြိမ် ၆၀ အောင်မြင်၊ အခွင့်အရေး ဖန်တီးမှု ၂ ကြိမ်၊ long ball ပေးပို့မှု ၆ ကြိမ်အနက် ၄ ကြိမ် အောင်မြင်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာလဲ ဘောလုံးရှင်းထုတ်မှု ၄ ကြိမ်၊ ဘောလုံးပြန်လည်ရရှိမှု ၄ ကြိမ်၊ ကြားဖြတ်ယူမှု ၁ ကြိမ်၊ တစ်ဦးချင်း ယှဉ်ပြိုင်ကျော်ဖြတ်မှု ၃ ကြိမ်အနက် ၂ ကြိမ် အနိုင်ရပြီး တစ်ကြိမ်သာ ကျော်ဖြတ်ခံခဲ့ရပါတယ်။

Gusto နဲ့ Reece James တို့ ရဲ့ ညာနောက်ခံလူနေရာနဲ့ အလယ်တန်းကြား နေရာပြောင်းလဲကစားပုံက Everton အသင်းကို လုံးဝ ဘယ်လိုကိုင်တွယ်ရမှန်း မသိအောင် လုပ်နိုင်ခဲ့ပါတယ်။ Enzo Maresca က “သူတို့ဟာ အရမ်းကောင်းတဲ့ ကစားသမားတွေ ဖြစ်တယ်။ ကောင်းတဲ့ ကစားသမားဆိုရင် ဘယ်နေရာမှာမဆို ကစားနိုင်တယ်။ နောက်တန်းရော အလယ်တန်းရောပါ။ Malo ဟာ အခွင့်အရေးကို ကောင်းကောင်း အသုံးချခဲ့ပြီး Cole ကို ဂိုးဖန်တီးပေးနိုင်ခဲ့လို့ ကျွန်တော် Malo အတွက် အရမ်းပျော်တယ်” လို့ ပြောကြားခဲ့ပါတယ်။Stamford Bridge မှာ ပြသခဲ့တဲ့ သူ့ရဲ့ စွမ်ဆောင်ရည်ဟာ ပွဲထူးဆုံး ကစားသမားဆု ထိုက်တန်သလို ခံစားရပါတယ်။ ဒါပေမဲ့ ဒါဟာ တစ်ခါတစ်လေကြက်ကန်းတိုးတာမျိုး မဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းမှာ အမြဲတမ်းတိုးတိုးတိတ်တိတ်နဲ့ ကြီးကြီးမားမား အထောက်အကူ ပေးနေတဲ့ သူရဲကောင်းတစ်ယောက် နောက်ဆုံး သူ့ထိုက်တန်တဲ့ ချီးကျူးမှုကို ရရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

Opta Score က Gusto ကို ၆၈% rating သတ်မှတ်ထားပြီး၊ ပရီးမီးယားလိဂ်တစ်ခုလုံးရဲ့ဘယ်/ညာနောက်ခံလူတွေထဲက ၆ ယောက်ပဲ သူ့ထက် ပိုမြင့်ပါတယ်။ အဲဒီထဲမှာ သူ့အသင်းဖော် Marc Cucurellaက (၇၂%) နဲ့ပါဝင်ထားပါတယ်။ ချယ်လ်ဆီးအသင်းမှာတော့ ခံစစ်ပိုင်းမှာ ဘောလုံးပြန်လည်ရရှိမှု (၂၉ ကြိမ်) အများဆုံး၊ ဖြတ်ထုတ်
မှု(၂၅ ကြိမ်)၊ တိုက်စစ်လမ်းကြောင်းအတွက်ဘောလုံးရရှိမှု (၅ ကြိမ်)၊ ဖြတ်ကျော်ပေးပို့မှု (၅ ကြိမ်) စတဲ့ အချက်အလက်တွေမှာ ထိပ်ဆုံးသုံးနေရာအတွင်း ရှိနေသူ ဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲအပြီး Match of the Day မှာ လီဗာပူးလ်အသင်းဟောင်း အင်္ဂလန်လက်ရွေးစင် Danny Murphy က Malo Gusto ကို ချီးကျူးခဲ့ပါတယ်။
“အတားအဆီးတချို့ ရှိခဲ့ပေမယ့် ဒါက အရေးကြီးတဲ့ အောင်ပွဲပါ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားက Malo Gusto ပါပဲ။ အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ။ ကွင်းလယ်တန်းမှာ သူတစ်ခါတလေ မြင်ဖူးပေမယ့် ဒီနေ့မှာတော့ အံ့သြဖွယ် ပေးပို့မှုတွေ ပြသခဲ့ပါတယ်။ Cole Palmer ကို ဂိုးဖန်တီးပေးတာလည်း ပါပါတယ်။ Reece James ရဲ့ ပေးပို့နိုင်စွမ်းနဲ့ နည်းပညာကို ချီးကျူးခဲ့ကြပေမယ့် Malo Gusto မှာလည်း အဲဒီလို အရည်အသွေးတွေ အများကြီး ရှိပါတယ်။ ညာနောက်ခံနဲ့ အလယ်တန်းနှစ်ခုစလုံး ကစားနိုင်တဲ့ ကစားသမား နှစ်ယောက်ရှိတာ အသင်းအတွက် ကံကောင်းခြင်းပါပဲ။ သူ့မှာ ဘောလုံးပေးပို့တဲ့ပုံစံ အမျိုးမျိုး ရှိပါတယ်။ ချယ်လ်ဆီးပွဲတိုင်း သူရဲ့အရည်ချင်းကို အသုံးချနေတာပါ။ မန်နေဂျာအတွက် ရွေးချယ်ရခက်ခဲပေမယ့် အရမ်းကောင်းတဲ့ ရွေးချယ်စရာ ဖြစ်နေပါတယ်။ ခံစစ်ပိုင်းမှာလည်း အလွန်ကောင်းပါတယ်” လို့ Danny Murphy က ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ Malo Gusto ဟာ ချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အမြဲတမ်း ထမ်းပိုးနေသူဖြစ်ပြီး၊ အခု သူဟာ ဒီထက်ထိုက်တန်တဲ့ ချီးကျူးမှုကို ပိုမိုရရှိလာဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်းပြောကြားရင်းး..