Innwa-Ads-Banner-1-1170X200

မန်ချက်စတာယူနိုက်တက် နဲ့ ပဲလေ့စ်ပွဲအား နည်းစနစ်ပိုင်းရချဉ်းကပ်ကြည့်ခြင်း

Red Devils တွေဟာ ပင်ပန်းနေတဲ့ Eagles တွေကိုအပြစ်ပေးနိုင်ခဲ့တယ်။ ပထမပိုင်းမှာ အတော်လေးခက်ခက်ခဲခဲကစားနေခဲ့ရတဲ့ Manchester United ဟာ နောက်ကနေဂိုးတွေလိုက်သွင်းပြီး Crystal Palace ကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ သုံးပွဲကြာအနိုင်မရခဲ့တဲ့ အသင်းအတွက် အရမ်းလိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ Leny Yoro က Jean-Philippe Mateta ကို မလိုအပ်ဘဲ foulလုပ်မိခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး Mateta ကသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ Bruno Fernandes ရဲ့ ဘောလုံးဉာဏ်ကောင်းလွမ်းတဲ့ ဖန်တီးမှု နှစ်ကြိမ်ကြောင့် set-piece ကနေ ဂိုးနှစ်ဂိုး ပြန်ရပြီး အနိုင်၃မှတ်ကို လုယူနိုင်ခဲ့တာပါ။ Joshua Zirkzee က ချေပဂိုး၊ Mason Mount က အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲကို အရင်ဆုံးနည်းစနစ်ပိုင်းအရ ချဉ်းကပ်ကြည့်ရအောင်။

၁. United ရဲ့ set-piece ခြိမ်းခြောက်မှု – လူသိနည်းနေသေးတဲ့ လက်နက်ကောင်း

Build Up Playကနေ အခွင့်အရေးတွေသိပ်မဖန်တီးနိုင်ခဲ့ပေမယ့် set-piece ကတော့ United ရဲ့ လျှို့ဝှက်လက်နက်တစ်ခုဖြစ်လာခဲ့ပါပြီ။ United ဟာ Zirkzee နဲ့ Mount တို့ရဲ့ ဂိုးတွေနဲ့ လိဂ်မှာ set-piece ကနေ ဂိုးအများဆုံး သွင်းထားတဲ့ အသင်းတွေထဲ ပါဝင်လာပါတယ်။ Bruno Fernandes ရဲ့ လျင်မြန်တဲ့ ဖရီးကစ်ကန်ချက်နဲ့ ဉာဏ်ကောင်းလွန်းတဲ့ lay-off play တွေကြောင့် ဒီဂိုးတွေ ရခဲ့တာပါ။ set-piece နဲ့ long ball တွေကို အားကိုးလာကြတဲ့ ခေတ်ရေစီးကြောင်းထဲမှာ Ruben Amorim ဟာ ၃-၄-၃ ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး နည်းစနစ်ကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးနိုင်ခဲ့တာကြောင့် ရလဒ်ကောင်းတွေ ပြန်ရခဲ့ပါတယ်။ ပြိုင်ဘက်က United ကို ဘောလုံးပိုင်ဆိုင်နေတဲ့အချိန် ဘယ်လို ကာကွယ်ရမလဲ သိနေပေမယ့် set-piece ကနေ ခြိမ်းခြောက်လာတာကိုတော့ မှန်းဆလို့မရတော့ပါဘူး။ ဒါဟာ United ရဲ့ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါ။

၂. ဒုတိယပိုင်း ပြင်းထန်တဲ့ pressing
ပထမပိုင်းမှာ Palace က United ကို ပြေးလွှားအားကုန်နေသလို ခံစားရအောင် ကစားပြနိုင်ခဲ့ပါတယ်။ Mateta က centre-back တွေကို Long Ball တွေနဲ့ ဆွဲထုတ်နေခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းအရောက်မှာတော့ Amorim ဟာ pressing ကို ပိုပြင်းထန်အောင် ကစားပြခဲ့တာကြောင့် အလှည့်အပြောင်တွေ ဖြစ်လာခဲ့ရပါတယ်။ Diogo Dalot နဲ့ Amad Diallo တို့ကို ရှေ့တက်ခိုင်းပြီး Daniel Muñoz နဲ့ Tyrick Mitchell ဆီ ဘောလုံးရောက်တိုင်း ချက်ချင်းဖိအားပေးခိုင်းခဲ့ပါတယ်။ wing-back တွေကို ရှေ့တက်ခိုင်းတာ အန္တရာယ်များပေမယ့် Palace ရဲ့ ဘောလုံးလမ်းကြောင်းကို ပိတ်ဆို့နိုင်ခဲ့ပြီး ပွဲရဲ့ Tempo ကို United ဘက် လွှဲပေးနိုင်ခဲ့ပါတယ်။
အရေးကြီးဆုံးကတော့ ပထမပိုင်း ရှုပ်ထွေးနေချိန်မှာတောင် United က ပွဲကို လက်လွတ်မခံခဲ့ဘူး။ Zirkzee ဆီပို့တဲ့ Long Ballတွေ မထိရောက်ခဲ့ပေမယ့် နည်းစနစ်ပိုင်းမှာ သိပ်မပြောင်းလဲခဲ့ပဲ Pressing မြှင့်တင်ခဲ့ရုံနဲ့ Palace ကို အနိုင်ယူပြနိုင်ခဲ့ပါတယ်။

၃. Palace ရဲ့ ဒုတိယပိုင်း ပင်ပန်းနွမ်းနယ်မှု
ဒုတိယပိုင်းမှာ Palace ဟာ လုံးဝကို ပထမပိုင်းတုန်းက သူတို့မဟုတ်တော့သလို ဖြစ်သွားခဲ့ပါတယ်။ ကြာသပတေးနေ့က Strasbourg ကို အဝေးကွင်းသွားကစားပြီး ပြန်လာရတာဖြစ်လို့ပင်ပန်းနွမ်းနယ်မှု သိသိသာသာ မြင်တွေ့ရခဲ့တယ်။ ပွဲကြာလာတာနဲ့အမျှ United က Palace ဧရိယာထဲမှာ နေရာလွတ်တွေ ပိုရလာပြီး အလှည့်ပြောင်းတွေကိုဖန်တီးခဲ့တာပါ။

ပထမပိုင်း Palace က ကန်သွင်းချက် ၉-၆ နဲ့ ဦးဆောင်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ United က ၈-၅ နဲ့ လွှမ်းမိုးသွားခဲ့ပါတယ်။ ဒီရာသီမှာ Conference League ပွဲပြီးတိုင်း Palace အနေနဲ့ ရမှတ် ၅ မှတ်ပဲ ရထားတာဟာ ဒီအချက်ကို သက်သေပြနေတာလဲဖြစ်တယ်။ ပထမဆုံးအကြိမ် ဥရောပဘောလုံးနဲ့ ပရီးမီးယားလိဂ်ရဲ့ အနိမ့်အမြင့်မရှိတဲ့ အရှိန်ကို တွဲကစားရတာ အသင်းအတွက် အတော်လေး ပင်ပန်းနေတယ်ဆိုတာသူတို့သိသွားလောက်ပါပြီ။

၄. အရမ်းကောင်းနေတဲ့ Luke Shaw
Luke Shaw ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိဂ်ပွဲ ခုနစ်ပွဲပဲ ကစားခဲ့ရသူပါ။ ဒဏ်ရာတွေက သူ့ကို အဆက်မပြတ် နှောင့်ယှက်နေခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာ သူ့ရဲ့ စွယ်စုံရကစားဟန်နဲ့ လှုပ်ရှားသွက်လက်မှုတွေက သိသိသာသာ ထင်ဟပ်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။
အထူးသဖြင့် Mateta က back-three ကို ဒုက္ခပေးနေချိန်မှာ အတော်လေးကျစ်ကျစ်လစ်လစ်နဲ့ မန်ယူခံစစ်ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။
• Clearance ၃ ကြိမ်
• Aerial duel ၂ ကြိမ် အနိုင်ယူ
• အလယ်တန်းမှာ ဘောလုံး ၂ ကြိမ် ပြန်ဆွဲယူ
• Interception နဲ့ clearance ပေါင်း ၆ ကြိမ်
Amorim ရဲ့ back-three စနစ်မှာ ခံစစ်မှူးတွေ ရှေ့တက်ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေကို လိုက်ကပ်ရတာ များပါတယ်။ Lisandro Martínez မရှိတဲ့အချိန်မှာ Luke Shaw က ဘယ်ဖက် centre-back နေရာကိုပိုင်ပိုင်နိုင်နိုင် ကစားပြနိုင်နေပြီလို့ ဆိုရမှာပါ။ သုံးပွဲကြာ အနိုင်မရခဲ့တဲ့ United ဟာ Palace လို ခက်ခဲတဲ့ ပြိုင်ဘက်ကို နောက်ကနေ လိုက်အနိုင်ယူနိုင်ခဲ့တာကြောင့် Ruben Amorim အတွက် အတော်လေးကို အားရဖွယ် အနိုင် တစ်ခုလို့ဆိုရမှာလည်းဖြစ်ပါတယ်။