ပရီမီယာလိဂ်အသင်းတွေ ဘယ်လောက်ပိုက်ဆံသုံးလဲဆိုတာ ဟိုးအရင်ကတည်းက ပရိသတ်တွေအရမ်းစိတ်ဝင်စားကြတဲ့ အရာတစ်ခုပါ။ “Net Spend” (အသားတင်သုံးစွဲမှု) ဆိုတဲ့ စကားလုံးကပရိသတ်တွေရဲ့ စိတ်ထဲမှာ စွဲနေပါပြီ။ ဒါပေမယ့် net spend ဆိုတာက အပြောင်းအရွှေ့ကြေးကနေအမြတ်ထွက်လား၊ ရှုံးလားဆိုတာလောက်ပဲ ပြောပြနိုင်ပြီး အဲဒီပိုက်ဆံကိုသုံးပြီးကွင်းထဲမှာ ဘယ်လိုအောင်မြင်မှုတွေ ဖန်တီးနိုင်ခဲ့ ဆိုတာကိုတော့ မပြောပြနိုင်ပါဘူး။ဒါကြောင့် MoneyballIndex ဆိုတဲ့ အညွှန်းတစ်ခုကို ထုတ်လိုက်တာပဲဖြစ်ပါတယ်။ ဒီ Moneyball Index ကိုတွက်ချက်ဖို့အတွက်၊ လွန်ခဲ့တဲ့ (၅) ရာသီမှာ အနည်းဆုံး (၃) ရာသီ ကစားခဲ့တဲ့(၂၀၂၅-၂၆ ရာသီအပါအဝင်) စုစုပေါင်း (၂၁) သင်းကို အောက်က အချက်တွေပေါ်မူတည်ပြီးအဆင့်သတ်မှတ်ခဲ့ပါတယ်။
၁။ Net Spend (သုံးစွဲမှုအဆင့်)
၂။ Performance (ရမှတ်နဲ့ ဖလားရမှတ် စွမ်းဆောင်ရည်အဆင့်)
အဲဒီနှစ်ခုကြားက ကွာဟချက်ကို တွက်လိုက်ရင် Moneyball Index ထွက်လာပါတယ်။ အပေါင်းများလေလေ… အသင်းက ငွေနည်းနည်းနဲ့ရလဒ်အရမ်းကောင်းလေလေ။ အနုတ်များလေလေ… ပိုက်ဆံအများကြီးထည့်ပေမယ့် ရလဒ်က သိပ်မကောင်းလေလေ။သုညနားမှာဆိုရင်တော့ မျှော်မှန်းချက်နဲ့ အတိအကျ ကိုက်တယ်လို့ ဆိုလိုတာပေါ့။
အခု အသင်း ၂၁ သင်း ရဲ့ Moneyball Index အဆင့်စာရင်း အပြည့်အစုံကိုကြေညာလိုက်ပြီဖြစ်လို့ အသင်း ၁ သင်း စီရဲ့ အကြောင်းတွေကို ဖော်ပြပေးသွားပါမယ်။
၂၁။ Nottingham Forest * Moneyball Index: -9
ငါးနှစ်အတွင်း net spend မှာအဆင့် ၈ နေရာမှာ ရှိနေတဲ့ Forest ဟာ €375million ကျော် သုံးခဲ့ပါတယ်။ ၂၀၂၂-၂၃ မှာပရီမီယာလိဂ်ပြန်တက်ချိန်နဲ့ ဒီနွေရာသီမှာ Europa League အတွက် အများကြီး ထည့်ခဲ့တာပါ။ ဒါပေမဲ့ Forest ရဲ့အောင်မြင်မှုကို ကွင်းထဲမှာ နည်းနည်းပါးပါးမြင်ခဲ့ရတာက ပြီးခဲ့တဲ့ရာသီတစ်ခုပဲ ရှိပြီး အဲ့ဒီအောင်မြင်မှုကလည်းသူတို့သုံးလိုက်တဲ့ ပိုက်ဆံနဲ့ လုံးဝကို မတန်ဘူးဖြစ်နေခဲ့တဲ့အတွက် အဆင့် ၂၁ နေရာမှာရှိနေတာဖြစ်ပါတယ်။
၂၀။ Burnley * Moneyball Index: -8
Burnley လည်း သူတို့ရဲ့ငွေကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ပါဘူး။ Premier League (၈၇) ပွဲကနေလည်း (၆၉) မှတ်ပဲ ရခဲ့တယ်။ယူရို သန်း ၄၀၀ နီးပါး သုံးခဲ့ပြီး ကွင်းထဲမှာ ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပဲ ပြန်ရတာကယူရို သန်း ၂၅၀ ကျော်ပဲ ရှိခဲ့ပါတယ်။
၁၉။ Bournemouth* Moneyball Index: -6
၂၀၂၂-၂၃နဲ့ ၂၀၂၃-၂၄ ရာသီတွေမှာ €200 million ကျော် သုံးခဲ့ပေမယ့် ရောင်းချတာ €1.5million ပဲ ရခဲ့တယ်။ Illia Zabarnyi၊ Dango Ouattara၊ Milos Kerkez၊ Tyler Adams၊ Hamed Traore လိုတို့ ကစားသမားတွေ ခေါ်ခဲ့ပေမယ့်ကွင်းပေါ်မှာ ရလဒ်မထွက်ခဲ့တော့ ရင်းရတာနဲ့ ရလဒ်နဲ့က လုံးဝ မမျှဘူး ဖြစ်ခဲ့ပါတယ်။
၁၈။ Leeds * Moneyball Index:-4
Leeds United လည်းတန်းဆင်း-တန်းတက် ကိစ္စတွေနဲ့ ရုန်းကန်ခဲ့ရတာက သူတို့ရဲ့ Moneyball Index ကို ထိခိုက်စေပါတယ်။ ၂၀၂၅ နွေရာသီမှာငွေအများကြီး သုံးခဲ့ပေမယ့် ရောင်းချတာက မရှိသလောက်ပဲ။ ဒါပေမယ့် Championshipမှာတော့ Georginio Rutter၊ Archie Gray၊ Crysensio Summerville၊ Luis Sinisterra တို့ကို ရောင်းပြီးပိုက်ဆံကောင်းကောင်း ရခဲ့ပေမဲ့ ကွင်းထဲမှာ အောင်မြင်မှုက နည်းနေဆဲပါ။
၁၇။ ManUtd * Moneyball Index: -4
Man U ကတော့ Chelseaပြီးရင် ဒုတိယအများဆုံး သုံးခဲ့တဲ့အသင်း။ €1 billion ကျော်ထည့်ခဲ့ပြီး ပြန်ရတာက €300 million ကျော်ပဲ။Net Spend အများဆုံးဖြစ်ပေမဲ့ကွင်းထဲမှာ အောင်မြင်မှုကတော့ အတော်နည်းနေပါတယ်။ (၄) နှစ်ဆက်တိုက် ပိုက်ဆံအများကြီးသုံးခဲ့ပေမယ့် ထိပ်ဆုံး (၄) သင်းကို တစ်ကြိမ်ပဲ ဝင်နိုင်ခဲ့တယ်။ ဖလား (၂)လုံးရတာတောင် သူတို့ရဲ့ အောင်မြင်မှုက မှန်းချက်နဲ့နှမ်းထွက် သိပ်မကိုက်နေပါဘူး။
၁၆။ Fulham* Moneyball Index: -3
Fulham က ပြီးခဲ့တဲ့(၅) ရာသီမှာ ဒုတိယ အနည်းဆုံး သုံးစွဲတဲ့အသင်း (ယူရို သန်း ၃၀၀ ကျော်) ဖြစ်ပေမဲ့ ဝင်ငွေအနည်းဆုံးလည်းဖြစ်တယ် (ယူရို သန်း ၁၇၀)။ Net Spend အရတော့ အလယ်အလတ်လောက် ရှိပေမယ့် စွမ်းဆောင်ရည်က သိပ်ပြီးတော့မကောင်းလှပါဘူး။
၁၅။ WestHam * Moneyball Index: -2
West Ham အတွက်တော့ Uefa Conference League ဆုရခဲ့ပေမယ့် စွမ်းဆောင်ရည်က ပျမ်းမျှပါပဲ။ ယူရို သန်း ၇၀၀ ကျော် သုံးခဲ့ပြီး ငါးနှစ်မှာတစ်နှစ်ပဲ ရောင်းချတာ ပိုများခဲ့တဲ့အတွက် ယူရို သန်း ၃၃၀ လောက်ပဲ ပြန်ရခဲ့တဲ့ အသင်းပါ။
၁၄။ Newcastle* Moneyball Index: -2
Newcastle ဟာ Net Spend မှာ ငါးခုမြောက် အများဆုံးပါ။ AlexanderIsak ကို Liverpool ကို ရောင်းလိုက်ပေမယ့် ၂၀၂၅ နွေမှာသုံးတာ ပိုများခဲ့ပါတယ်။ ဖလားတစ်ခု ရပြီး တိုးတက်လာပေမယ့် သူတို့သုံးထားသလောက် မျှော်လင့်ထားတဲ့စံနှုန်းကိုတော့ မမီသေးပါဘူး။
၁၃။ Tottenham* Moneyball Index: -2
Net Spend စတုတ္ထနေရာမှာရှိနေတဲ့ Tottenham Hotspur ဟာလည်း လွန်ခဲ့တဲ့(၅) ရာသီမှာ €950 million နီးပါးသုံးခဲ့ပြီး €300 million အောက်ပဲပြန်ဝင်ခဲ့ပါတယ်။ဖလားတစ်ခုတည်းနဲ့ ကွင်းထဲက စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။
၁၂။ Chelsea* Moneyball Index: -1
Chelsea အနေနဲ့ အသုံးစရိတ်မှာ နံပါတ် ၁ (€1.8 billion ကျော်)ဖြ်ပေမယ့် ရောင်းချမှုက €1 billion ကျော် ရခဲ့လို့ net spend မှာ တတိယပဲ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီကConference League နဲ့ ClubWorld Cup ရခဲ့လို့သိပ်မဆိုးပေမယ့် စွမ်းဆောင်ရည်ကတော့ အနည်းငယ် မျှော်လင့်ချက်အောက်မှာ ရှိနေတုန်းပါ။
၁၁။ Arsenal* Moneyball Index: -1
Arsenal ဟာလွန်ခဲ့တဲ့ (၅) ရာသီအတွင်း ဖလားတစ်ခုမှ မရဘဲနဲ့ အဆင့်မြင့်
မြင့်မှာ အမြဲရှိနေရခြင်းကတော့ Mikel Arteta ရဲ့ အကောင်းဆုံးလုပ်ဆောင်မှုပါ။ Net Spend မှာဒုတိယအများဆုံး သုံးစွဲခဲ့တဲ့အသင်းဖြစ်ပြီး ယူရို ၁ ဘီလီယံနီးပါး သုံးကာ ယူရိုသန်း ၂၀၀ ကျော်ပဲ ပြန်ရခဲ့တယ်။ ဒီနှစ် ချန်ပီယံဖြစ်ရင်တော့ အဆင့်အများကြီးတက်လာမယ်လို့ ယူဆရပါတယ်။
- အဆင့် ၁၀မှ ၁ အထိ (ပိုက်ဆံနည်းနည်းနဲ့ Performance ကောင်းကြသူများ)
၁၀။ Southampton* Moneyball Index: 0
Southampton ကတော့ NetSpend ကိုအခြေခံပြီး တစ်သင်းတည်းသော မျှော်လင့်ထားတဲ့အတိုင်းအတိအကျ စွမ်းဆောင်ခဲ့တဲ့ အသင်းတစ်ခုပါ။ Net Spend အနိမ့်ဆုံးအသင်း ဖြစ်ပြီးပြောင်းရွှေ့ကြေးအတွက် သုံးစွဲတာထက် ယူရို ၄ သန်း ပိုရခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ Championshipမှာ ကျနေတာမို့ ပရိသတ်တွေ သိပ်မကျေနပ်နေကြပါဘူး။
၉။ CrystalPalace * Moneyball Index: +1
ပြီးခဲ့တဲ့ရာသီမှာ Crystal Palace အတွက် ပထမဆုံးဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့လို့ ပ
ရိသတ်တွေ ဂုဏ်ယူနေကြပါတယ်။ Eberechi Eze နဲ့ Michael Olise တို့ကို ရောင်းပြီး net spend ကို ယူရို သန်း ၁၆၀ ကျော်ထိ လျှော့ချနိုင်ခဲ့တဲ့အသင်းပါ။
၈။ Brentford* Moneyball Index: +2
Brentford ဟာ ငွေသုံးစွဲတတ်ပုံကြောင့်အမြဲချီးကျူးခံရတဲ့ အသင်းပါ။ ယူရို သန်း ၃၅၀ ကျေ် သုံးပြီး BryanMbeumo၊ Yoane Wissa၊ Ivan Toney၊ David Raya တို့ကိုရောင်းခဲ့တဲ့အတွက် ယူရို သန်း ၂၅၀အောက် ပြန်ရခဲ့ပါတယ်။
၇။ Leicester* Moneyball Index: +3
Leicester City ဟာ အခုပရီးမီးယားလိဂ်မှာ မရှိတော့ပေမယ့် Net Spend အနိမ့်ဆုံး (-€41.46m) နဲ့ ရလဒ်က မျှော်လင့်ထားတာထက်ကောင်းခဲ့ပါတယ်။ ယူရို သန်း ၂၅၀ ကျော် သုံးကာ ယူရို သန်း ၃၀၀ အောက်ရောင်းချနိုင်ခဲ့တယ်။
၆။ Everton* Moneyball Index: +4
လွန်ခဲ့တဲ့(၅) ရာသီမှာ Everton ဟာ ရတာထက် နည်းနည်းပဲ ပိုသုံး
ခဲ့ပါတယ်။ Anthony Gordon၊ Richarlison၊ Amadou Onana တို့ကို ရောင်းပြီး အများကြီးရခဲ့ပေမယ့် အမှတ်လျှော့ခံရတာတောင် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေနိုင်ခဲ့တာကချီးကျူးစရာပါ။
၅။ Wolves* Moneyball Index: +4
ဝင်ငွေရောထွက်ငွေပါ ယူရို သန်း ၅၀၀ ဝန်းကျင်ရှိပြီး Net Spend သုညနီးပါးနဲ့ လည်ပတ်နေတာကတော့ Wolves ပါ။ ပိုက်ဆံကို ကောင်းကောင်းအသုံးပြုနိုင်ခဲ့လို့ အခုထိ ပရီးမီးယားလိဂ်မှာ မကျသေးတာက အံ့သြစရာပါပဲ။
၄။ Liverpool* Moneyball Index: +4
Liverpool ဟာပရီးမီးယားလိဂ်မှာ ဆဌမအများဆုံး သုံးစွဲခဲ့တဲ့အသင်းဖြစ်သလို ဆဌမအများဆုံးဝင်ငွေရှိတဲ့အသင်းလည်း ဖြစ်တယ်။ သုံးတဲ့ ပိုက်ဆံနဲ့ အောင်မြင်မှုက ထပ်တူကျခဲ့ပါတယ်။ပရီးမီးယားလိဂ်ချန်ပီယံလည်းဖြစ်ပြီး ဆုတွေအများကြီးရထားတာကြောင့် လိဂ်မှာတသမတ်တည်း ကစားနိုင်ခဲ့တဲ့ အသင်းပါ။
၃။ ManCity * Moneyball Index: +6
Manchester City ဟာ လွန်ခဲ့တဲ့ (၅) ရာသီအတွင်း ဖလားပေါင်းစုံရယူထားတဲ့ အအောင်မြင်ဆုံးအသင်းပါ။ ယူရို ၁ ဘီလီယံကျော် သုံးခဲ့ပေမယ့် RaheemSterling၊ Gabriel Jesus၊ Julian Alvarez တို့ကို ရောင်းချမှုကနေလည်း ငွေများများပြန်ရခဲ့ပါတယ်။
၂။ AstonVilla * Moneyball Index: +8
Aston Villa ဟာ ယူရိုသန်း ၆၀၀ နီးပါး သုံးခဲ့ပြီး ကစားသမားများစွာအတွက် ခွဲ
ဝေသုံးစွဲခဲ့တယ်။ ဒါပေမဲ့ပြောင်းရွှေ့ကြေး ရရှိမှုမှာ အဆင့် (၃) ရှိတယ်။ ကွင်းထဲမှာလည်း ပြီးခဲ့တဲ့ (၃)ရာသီဆက်တိုက် ရမှတ် (၆၀) ကျော် ရအောင် လုပ်နိုင်ခဲ့တာကတော့ တကယ့်ကို ကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုလို့ ပြောရမှာပါ။
၁။ Brighton* Moneyball Index: +10
Brighton ကတော့ MoneyballIndex ရဲ့ ချန်ပီယံပါပဲ။ ဒီ (၅)နှစ်တာကာလမှာ Marc Cucurella နဲ့ JoaoPedro တို့ကိုခေါ်ယူပြီး ပြန်ရောင်းတာတွေ၊ Moises Caicedo ကို ဈေးကြီးပေး ရောင်းတာတွေ လုပ်ခဲ့ပါတယ်။Net Spend ကအနုတ်လက္ခဏာ (Net Spend -€2.61m) ပြနေတဲ့အသင်းဖြစ်ပေမဲ့ ငွေတစ်ယူရိုကို အများဆုံး တန်ဖိုးထုတ်ပေးနိုင်ပြီး ပရီးမီးယားလိဂ်မှာအခြေကျတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့တာကတော့ သူတို့ရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုကြောင့်လို့ဆိုနိုင်ပါတယ်။