Innwa-Ads-Banner-1-1170X200

Estêvão Willian ဘယ်လိုကစားနေသလဲ?

ဒီနေ့ ပြောပြမယ့် အကြောင်းအရာကတော့ Chelsea အသင်းရဲ့ ကြယ်ပွင့်အသစ်လေး Estêvão Willian အကြောင်းပါ။ အရင်ဆုံး ချဲလ်ဆီးနဲ့ ပထမဆုံးရာသီမှာ ဘယ်လို စွမ်းဆောင်နေလဲ၊ ဘယ်လို နည်းဗျူဟာနဲ့ ကစားနေလဲ ဆိုတာကို အသေးစိတ် ပြောပြသွားမှာပါ။

Estêvão Willian က ၂၀၀၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဘရာဇီးလ်ကလေးတစ်ယောက်ပါ။ အသက် ၁၈ နှစ်သာရှိသေးတဲ့ သူ့ကို Chelsea က ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဥရောပကို ရောက်လာတော့ သူ့ပခုံးပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး တင်ထားခဲ့ပေမယ့် သူဟာ လက်ရှိချိန်ထိတည်
တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နေနိုင်တုန်းပဲ။

Optaဒေတာ ရဲ့ အချက်အလက်တွေအရ သူ့ကို အဓိကအားဖြင့် ညာတောင်ပံမှာ ထားပြီး ဘယ်ခြေနဲ့ အတွင်းဘက်ကို cut-insideဝင်ကန်တတ်တဲ့ ပုံစံပါ။ Champions League မှာဆိုရင် မိနစ် တော်တော်များများ ကစားပြီးပြီ။ ၃ဂိုးသွင်းထားပြီး Ajax နဲ့ပွဲက ပင်နယ်တီဂိုးကြောင့် Chelsea ရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး Champions League ဂိုးသွင်းနိုင်သူဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။

Maressca ဟာ ကစားကွက်နဲ့ရင်နှီးအောင် ဖြည်းဖြည်းချင်း ထည့်သွင်းကစားခိုင်းတာမျိုးမဟုတ်ပဲ ချက်ချင်းတာဝန်တွေ ပုံအောချပေးထားတာကို ကြည့်ခြင်းအားဖြင့် အသင်းက သူ့ကို အရမ်းယုံကြည်ထားတယ်ဆိုတာ သိသာတယ်။
နည်းပြ Enzo Maresca ရဲ့ နည်းဗျူဟာထဲမှာ Estêvão က ဘယ်လိုနေရာယူထားလဲ ဆိုတာကို ကြည့်ကြည့်ရအောင်။ Maresca က ပိုင်ဆိုင်မှုအသားပေးကစားဟန်နဲ့ နေရာချထားမှု တိကျတဲ့ ကစားပုံကို နှစ်သက်သူပါ။ အသက် ၁၈ နှစ်သာရှိသေးတဲ့ Estêvão က အဲ့ဒီစနစ်ထဲမှာ အံ့သြစရာကောင်းအောင် လိုက်ဖက်နေခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ Estavoဟာ ညာခြမ်းကနေ အတွင်းဘက်ကို ဖြတ်ဝင်ကစားတတ်တဲ့ Inverted Winger တစ်ယောက်ပါ။ တောင်ပံမှာ ကပ်နေတာမျိုး မဟုတ်ဘဲ ညာဘက် (half-space) ထဲကို ဝင်လာပြီး ညာနောက်ခံလူနဲ့ အလယ်တန်းကစားသမားတွေနဲ့ triangle တည်ဆောက်ပြီး ဖန်တီးမှုတွေ လုပ်ပေးတတ်တယ်။ ဒါကြောင့် ညာနောက်ခံလူတွေ ဟာ အပြင်ဘက်ကို ပြေးတက်ဖို့ နေရာလွတ်ရလေ့ရှိပြီး ပြိုင်ဘက် ရဲ့ ခံစစ်အတွင်းလိုင်း လမ်းကြောင်းတွေလည်း ဖွင့်ပေးနိုင်ပါတယ်။

ဒုတိယအချက်အနေနဲ့ ကောင်တာတိုက်စစ်ကစားဟန်မှာ Estavo ကစားဟန်ဟာ ပြိုင်ဘက်တွေက်ိုတော်တော်လေး ဒုက္ခပေးနိုင်တယ်။ ဘောလုံးနဲ့ ဒါမှမဟုတ် နေရာလွတ်ကို အပြေးအလွှား တိုက်ရိုက်
ဝင်နေရာယူကစားနိုင်တာက သူ့ရဲ့ လက်နက်တစ်ခုပါ။ တစ်နာရီကို အမြန်နှုန်း၂၈.၇ ကီလိုမီတာပဲ ရှိပေမယ့် ပထမဆုံးခြေလှမ်းရဲ့ အရှိန်နဲ့ ကျဉ်းမြောင်းတဲ့နေရာလွတ်ထဲမှာ လှည့်လည်ကစားနိုင်စွမ်းက ပြိုင်ဘက်နောက်ခံလူတွေအတွက်အိမ်မက်ဆိုးတစ်ခုလည်းဖြစ်တယ်။

တတိယအချက်က သူ့ရဲ့ ဘောလုံးကိုထိန်းကစားနိုင်စွမ်းပါ။ တစ်ပွဲပျှမ်းမျှ ၃.၇ကြိမ်ထိ လိမ်
ခေါက်ကျော်ဖြတ်နိုင်စွမ်းရှိတယ်။ ဒါဟာ show offလုပ်တာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ကစားတာပါ။ ပထမခံစစ်တန်းကို ဖြတ်ဖို့၊ ခံစစ်ကို ပျက်စီးအောင် ဆွဲဖြဲဖို့၊ Half Spaceတွေထဲက ကွက်လပ်တွေကို အခွင့်ရေးယူနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ။ အခွင့်အရေးဖန်တီးမှုမှာလည်း တစ်ပွဲကို ၁.၄ ကြိမ်လောက် ဖန်တီးပေးနေပြီး xG + xA စုစုပေါင်းရလဒ်က ၀.၉ လောက်ရှိပါတယ်။ ဒါက ၁၈ နှစ်အရွယ် ကစားသမားတစ်ယောက်အတွက် အံ့သြစရာ ကောင်းလွန်းတယ်။ ပြိုင်ဘက် ခံစစ်ရဲ့ ပိတ်ဆို့ခံထားရတဲ့ အချိန်မှာတောင် တစ်ခုခုရအောင်လုပ်ပြနိုင်စွမ်းလဲရှိပါသေးတယ်။

ခံစစ်ပိုင်းမှာတော့ အခုချိန်ထိ သိပ်မပါဝင်သေးပါဘူး။ ဘောလုံးပြန်ယူတာ၊ ပိတ်ဆို့တာ အနည်းငယ်ပဲလောက်ပဲရှိမယ်။ ဒါပေမယ့် ဒါက အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ပုံမှန်အခြေအနေဖြစ်ပြီး ကစားချိန်များလာတာနဲ့အမျှ၊ ခန္ဓာကိုယ် ပိုအားကောင်းလာတာနဲ့အမျှ၊ နည်းဗျူဟာကို ပိုနားလည်လာတာနဲ့အမျှ တိုးတက်လာမှာ သေချာပါတယ်။

စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလဲ Senior ကစားသမားတစ်ယောက်လို အမြင့်ဆုံးမှာရှိနေခဲ့တယ်။ အမှားကြောက်တယ်ဆိုတာ မရှိဘူး၊ ယုံကြည်မှုအပြည့်နဲ့ ဆက်လက်ကြိုးစားတတ်တယ်လို့ သူကိုယ်တိုင် ပြောဖူးပါတယ်။ Champions League မှာ အသင်းရဲ့ အငယ်ဆုံးကစားသမားအဖြစ် ပင်နယ်တီကန်ဖို့ ရဲရဲဝံ့ဝံ့ ထရပ်ပေးထဲက ဒီကစားသမားရဲ့ စိတ်ဓာတ်ကို အတိုင်းသားမြင်ရတယ်။

အားနည်းချက်တွေလည်း ရှိပါသေးတယ်။ ခံစစ်ပိုင်း ပိုတိကျဖို့၊ ပြေးလွှားပိတ်ဆို့ဖို့၊ နောက်ခံလူတွေကို ကူညီနိုင်ဖို့ လိုအပ်ပါသေးတယ်။ နောက်ဆုံး Final Third Zoneတွေထဲမှာ ဆုံးဖြတ်ချက်ချတာက တခါတလေ အပိုလုပ်မိတာ၊ အန္တရာယ်များတဲ့ ပေးပို့မှုတွေ ရွေးမိတာတွေတော့ လောလောဆယ်မြင်နေရသေးပါတယ်။ ဒါပေမယ့် ဒါတွေက အချိန်နဲ့အမျှ ပြေလည်သွားမယ့် အရာတွေပါ။

Chelsea အတွက် Estêvão က ရေတိုမှာတော့ လူစားဝင်ပြီး ပွဲကိုပြောင်းလဲပေးနိုင်တဲ့ ကစားသမား၊ ပြိုင်ဘက်ကို မမျှော်လင့်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးနိုင်သူ၊ Champions League ရဲ့ လက်နက်တစ်ခု ဖြစ်နေပါပြီ။
ရေရှည်မှာတော့ သူဟာ Premier League ရဲ့ အကောင်းဆုံး Inside forward တစ်ယောက်၊ Chelsea ရဲ့ ညာခြမ်းတိုက်စစ်ရဲ့အဓိက ဖန်တီးသူအဖြစ် ရပ်တည်လာနိုင်မယ့်ကစားသမား ဖြစ်လာနိုင်ပါတယ်။

Estêvão Willian ဟာ Chelsea ရောက်လာပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ အရည်အသွေးတွေကို သက်သေပြလိုက်နိုင်ပါပြီ။ နည်းပညာ၊ နည်းဗျူဟာ နားလည်မှု၊ ရဲရင့်တဲ့ စိတ်ဓာတ်၊ ကိန်းဂဏန်းတွေအားလုံး ပေါင်းစပ်ကြည့်ရင် အသက် ၁၈ နှစ်မှာ ဒီလို စွမ်းဆောင်နိုင်တာက အံ့သြစရာပါ။ Chelsea ရဲ့ နောက်ဆယ်စုနှစ်ကို ဒီဘ
ရာဇီးလ်လူလေးငယ်က ဦးဆောင်သွားနိုင်ဖို့အလားအလာကောင်းတွေလဲရှိနေပါတယ်။ Estêvão Willian ဆိုတဲ့ ကြယ်ပွင့်လေးဟာ ဖြည်းဖြည်းချင်း တောက်ပလာနေပြီလဲဖြစ်ပါတယ်။

author avatar
Innwas Editor