Innwa-Ads-Banner-1-1170X200

“မထင်မှတ်ထားတဲ့ ကမ္ဘာ့ရန်ဖက်အသင်းတွေ”

ဘောလုံးပရိသတ်တစ်ယောက်ဟာ ဘယ်အသင်းကို အားပေးမယ်ဆိုတာ သူ့စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်စာရင်းတွေကိုတော့ ဘယ်တော့မှ ရွေးချယ်လို့မရပါဘူး။ အဲဒီ မွေးရာပါ မုန်းတီးမှုဟာ များသောအားဖြင့် ဒေသတွင်း ပြိုင်ဆိုင်မှု၊ ဒါမှမဟုတ် တူညီတဲ့ ဖလားတွေအတွက် ရာဇဝင်တွင်အောင်တိုက်ခိုက်နေကြတာကနေ ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ ဘောလုံးလောကဆိုတာ အမြဲတမ်း ရိုးရှင်းနေတာ မဟုတ်ပါဘူး။ ဒီနေ့ ပြောပြပေးမှာကတော့ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အထူးဆန်းဆုံး၊ အံ့သြစရာအကောင်းဆုံး ရန်ဖက်ပြိုင်ဆိုင်မှု ၅ ခုပါပဲ။

၁. Australia vs Uruguay
ပထမဆုံးတွေ့ဆုံခဲ့တာ ၁၉၇၄ ဧပြီမှာပါ။
စုစုပေါင်း၉ ပွဲကစားပြီး တစ်သင်းစီက ၄ ပွဲစီ အနိုင်ရထားပါတယ်။ ဒီပြိုင်ဆိုင်မှုဟာ တကယ်ကို ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုကနေ စတင်ခဲ့တာပါ။ ၁၉၇၄ ကမ္ဘာ့ဖလားမတိုင်ခင် ခြေစစ်ပွဲတစ်ပွဲမှာ သြစတြေးလျ တိုက်စစ်မှူး Ray Baartz ဟာ ကစားသမာဘဝ ဆုံးရှုံးလိုက်ရပါတယ်။ အသက်က ၂၇ပဲရှိသေးတာပါ။ ပွဲရဲ့ပထမပိုင်းမှာ Uruguay ကစားသမား Luis Garisto ရဲ့ “ကရာတေးလှံ” လို့ မီဒီယာက ခေါ်ခဲ့တဲ့ ကန်ချက်နဲ့ လည်ပင်းကို ထိမိခဲ့တာကြောင့် သွေးကြောတစ်ခု ပိတ်ဆို့သွားခဲ့တာပါ။ Baartz ဟာ ခေါင်းဒဏ်ရာနဲ့ဂိုးသွင်းပေးခဲ့ပြီး သြစတြေးလျ ကို ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမေ့ နောက်တစ်နေ့မနက်မှာ ဆေးရုံတင်ခဲ့ရပြီး ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ရသလို ပရော်ဖက်ရှင်နယ်ဘောလုံး ဘယ်တော့မှ မပြန်နိုင်တော့ပါဘူး။ အသက်ပါပေးလိုက်ရပါတယ်။
နှစ်၃၀ အကြာမှာတော့ သြစတြေးလျဟာ Uruguay ကို နှစ်ကျော့စလုံး အနိုင်ယူပြီး ၂၀၀၆ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာ John Aloisi ရဲ့ ကန်ချက်နဲ့ အနိုင်ရခဲ့တဲ့ အဲဒီနေ့ကို သြစတြေးလျမှာ “၁၆ နိုဝင်ဘာ” လို့ပဲ ခေါ်ကြပါတယ်။ ဒီရန်ဖက်ဟာ တကယ်ပဲ သွေးချင်းမနီးပေမဲ့ နာကျင်မှုတွေက နက်ရှိုင်းနေဆဲပါ။

၂. Brighton & Hove Albion vs Crystal Palace
ပထမဆုံးတွေ့ဆုံ မှုက ၁၉၂၀ ဒီဇင်ဘာမှာပါ။
၁၁၁ ပွဲကစားထားပြီး Brighton က ၄၂ကြိမ်နဲ့ Palace ၃၈ ပွဲအနိုင်အသီးသီးရထားကြတယ်။
ဒီအသင်းနှစ်သင်းကြားမှာ ကီလိုမီတာ ၈၀ ကျော် ကွာဝေးပေမဲ့ ဆက်ဆံရေးက အလွန်ပြင်းထန်တယ်။ တကယ်တော့ ပြဿနာအစဟာ ၁၉၇၆-၇၇ ရာသီ နှစ်သင်းလုံးရဲ့ မန်နေဂျာတွေဖြစ်တဲ့ Alan Mullery (Brighton) နဲ့ Terry Venables (Palace) ဆိုတဲ့ Tottenham အသင်းဖော်ဟောင်းနှစ်ယောက်ကြားက ရန်ငြိုးကနေ စခဲ့တာပါ။ ၁၉၇၆ FA Cup ပထမအဆင့် ပြန်ကစားရတဲ့ပွဲမှာ Palace က အနိုင်ရခဲ့ပြီး Mullery က ပရိသတ်တွေဆဲဆိုတာကို အိတ်ထဲက ပိုက်ဆံအနည်းငယ်ထုတ်ပြီး မြေပေါ်ပစ်ချပြခဲ့တယ်။ “Crystal Palace တွေဟာ ဒီလောက်ပဲ တန်ဖိုးရှိတယ်” လို့ အော်ခဲ့ပါတယ်။ အဲဒီကတည်းက မီးလောင်ရာလေပင့်သလို ဖြစ်သွားခဲ့ပြီး အခုဆိုရင် နှစ်သင်းစလုံး Premier League မှာ ရှိတော့ ရာသီတိုင်း ရန်ငြိုးဟာ တစ်ခါမှ လျော့မသွားပါဘူး။

၃. Beşiktaş vs Bursaspor
ပထမဆုံးတွေ့ဆုံမှုက ၁၉၆၇ အောက်တိုဘာလတုန်းကပါ။ ပွဲ ၁၀၀ ကစားပြီး Beşiktaş ၄၆ပွဲနိုင်၊ Bursaspor ၁၆ ပွဲအနိုင်ရထားတယ်။ ၂၀၀၃-၀၄ ရာသီတုန်းက Beşiktaş ဟာ အဆင့် ၃ နေရာရောက်နေချိန် Bursasporကတော့ တန်ဆင်းဖို့ ရုန်းကန်နေရတာပါ။ ရာသီပိတ်နောက်ဆုံးပွဲမှာ Besktasအနေနဲ့ ကလပ်အောက်ဆုံးကအသင်းကို အနိုင်ကန်နိုင်ရင် Bursaspor ဟာ လိဂ်မှာကျန်ရစ်မှာဖြစ်ပါတယ်။ Besikatsကတော့ နောက်ဆုံးပွဲမှာ ရှုံးန်ိမ်ပြီး Bursaporကို တန်းဆင်းစေခဲ့တယ်။ ဒါကို Bursaspor ပရိသတ်တွေက “တမင်ရှုံးပေးတာ” လို့ ယူဆပြီး ကိုယ့်ကွင်းကထိုင်ခုံတွေကို ရိုပ်ချိုးပစ်ခဲ့ကြတယ်။ အဲဒီကတည်းက နှစ်ဖက်ပရိသတ်ကြားမှာ မတရားမှုဆိုတဲ့ ခံစားချက်က အမြဲတမ်း ကျန်ရစ်နေခဲ့ပြီ ဒီနေ့ထိတိုင် မပြီးဆေးသေးပါဘူး။

၄. Celtic vs Hamburg
ပထမဆုံးတွေ့ဆုံမှုက ၁၉၉၆ စက်တင်ဘာတုန်းကပါ။ ၄ ပွဲပဲ ကစားဖူးပြီး Celticအနေနဲ့ တစ်ပွဲမှ မနိုင်ခဲ့ပါဘူး။ ဒီရန်ဖက်ဟာ တကယ်တော့ “ရန်သူရဲ့သူငယ်ချင်းက ငါ့ရန်သူ” ဆိုတဲ့ အယူအဆကနေ စခဲ့တာပါ။ Hamburg ဟာ Rangers နဲ့ ခင်မင်ရင်းနှီးပြီး၊ ၁၉၉၆ နဲ့ ၂၀၀၉ Celtic ကို အနိုင်ယူခဲ့ချိန်မှာ Rangers ပရိသတ်တွေဟာ Hamburg ကို အားပေးခဲ့ပါတယ်။ အထူးသဖြင့် Hamburg ကွင်းမှာ “No Surrender” ဆိုတဲ့ Rangers အလံကြီးကို တစ်ခုလုံး ဖုံးအုပ်ထားတာကို Celtic ပရိသတ်တွေ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ၂၀၁၈ Hamburg တန်းဆင်းသွားတော့ Celtic ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာမှာ ဝိုင်းလှောင်ခဲ့ကြတာ က်ို အခုထိ မှတ်မိကြပါတယ်။

၅. Coventry City vs Sunderland
ပထမဆုံးတွေ့ဆုံမှုက ၁၉၃၀ ဇန်နဝါရီမှာစတယ်။
ဒီပွဲကို ဖန်တီးခဲ့သူက Jimmy Hill ပါ။ ၁၉၇၆-၇၇ ရာသီမှာ Coventry ဥက္ကဋ္ဌဖြစ်တဲ့ Hill ဟာ ပွဲစဉ်နောက်ဆုံးနေ့မှာ Sunderland ရှုံးပြီးမှ Coventry ရဲ့ပွဲကို စတင်ခိုင်းခဲ့တယ်။ လိုအပ်တဲ့အချက်အလက်တွေ ကစားသမားတွေကို ကြေညာပေးခဲ့ပါတယ်။ ရလဒ်ကတော့ Coventry နဲ့ Bristol City တို့ ၂-၂ နဲ့ သရေကျခဲ့တယ်။ နှစ်သင်းစလုံး တန်းမဆင်းရတော့ဘူး။ Sunderland ကတော့ တန်းဆင်းသွားခဲ့ရပါတယ်။ အဲဒီကတည်းက Sunderland ပရိသတ်တွေဟာ Jimmy Hill ရုပ်ထုကို ကျိန်ဆဲတာ အခုထိ မရပ်သေးပါဘူး။

ဒီလို ရန်ဖက်ပြဿနာတွေဟာ ပထဝီမြေပြင်အနေထားနဲ့ မဆိုင်ပဲ သမိုင်းနဲ့ ဆိုင်နေတာဟာ ဘောလုံးလောကရဲ့ အံ့သြစရာ အရသာသစ်တွေပါ။ တစ်ချက်တည်းနဲ့ တစ်သက်လုံး မုန်းတီးမှုကို ဖန်တီးနိုင်တယ်ဆိုတာ ဒီဒါဘီတွေက သက်သေပြပါပဲ။