Innwa-Ads-Banner-1-1170X200

မီးမလောင်သေးတဲ့ နွေရာသီ တိုက်စစ်မှူးများ

ဒီနှစ်ပရီးမီးယားလိဂ်ရာသီဟာ ပုံမှန်ထက်ပိုပြီး စောင့်စားရတဲ့ခံစားချက်တစ်ခုကို လေထဲမှာသိသိသာသာခံစားရပါတယ်။ ပရိသတ်တွေဟာ တောက်မဲ့မီးခဲတစ်ရဲရဲကို စောင့်မျှော်နေကြတာပါ။ ဒီအရာကဘာလဲ? နွေရာသီဈေးကွက်က Arsenal အတွက် Viktor Gyökeres၊ Liverpool အတွက် Alexander Isak နဲ့ Manchester United အတွက် Benjamin Šeško တို့လို တိုက်စစ်မှူးသစ်တွေကို ခေါ်ဆောင်လာခဲ့ပါတယ်။ လက်မှတ်ထိုးခေါ်ယူမှုသုံးခု၊ ကစားဟန်သုံးမျိုး၊ မျှော်လင့်ချက်ကြီးမားတဲ့ ကလပ်သုံးခုပေါ့။ ဒါဟာ အင်္ဂလန်မှာ တိုက်စစ်မှူးရဲ့တာဝန်ကို ပြန်လည်ပြောပြပေးမယ့် နွေရာသီတစ်ခုဖြစ်သင့်တာပါ။ ဒါပေမယ့် ရာသီစကစားလာတဲ့အခါမှာတော့ ထူးဆန်းတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်… မီးခဲတွေဟာ တောက်မလာသေးဘူး။

ဒီအခိုက်အတန့်ကို စိတ်ဝင်စားဖို့ကောင်းစေတာက ဒီကစားသမားတွေ ကစားဟန်ညံ့နေလို့မဟုတ်ပါဘူး။ လုံးဝကိုဆန့်ကျင်ဘက်ပါပဲ။ တိုက်စစ်မှူးအသစ်တွေဟာ ဥရောပရဲ့တခြားနေရာတွေထက် ပိုမိုမြန်ဆန်၊ ပိုမိုကြမ်းတမ်း၊ ပိုမိုဗျူဟာကျပြီး ပိုမိုခက်ထန်တဲ့လိဂ်ထဲကို ဝင်လာကြတာများပါတယ်။ ခွန်အားနဲ့ မရပ်မနားရွေ့လျားနိုင်စွမ်းရှိတဲ့ Gyökeres ဟာ သူ့ပြေးလွှားကစားဟန်တွေအတွက် အချိန်ကိုက်ဖြစ်ရမယ်၊ ထိမှုတိုင်းက ဖိအားအောက်ကနေရှင်သန်ရမယ်၊ ဆုံးဖြတ်ချက်တိုင်းကို အပြင်းထန်ဆုံးခံစစ်ဖိအားအောက်မှာ မြန်ဆန်နေရမှာပါ။ ဒါပေမဲ့ဖြစ်မလာသေးပါဘူး။ Arsenal ရဲ့တိုက်စစ်ဟာ နားလည်ဖို့အချိန်ယူရတဲ့ ပုံစံမို့ အချိန်ယူရပါမယ်။

Liverpool Isak ရဲ့ဇာတ်လမ်ကလည်း တူတူပါပဲ။ Arne Slot ရဲ့ Liverpool စနစ်ဟာ စဉ်ဆက်မပျက်လည်ပတ်မှုနဲ့ လိုင်းတွေကြားက ဉာဏ်ရှိရှိလှုပ်ရှားရတဲ့ ရွေ့လျားမှုတွေကို တောင်းဆိုပါတယ်။ Isak ဟာ နည်းစနစ်ပိုင်းအရ အရည်အချင်းပြည့်ဝတဲ့၊ တိုက်စစ်မှူးဖြစ်ပေမယ့် တစ်ယောက်ထဲ လှည့်လည် ထိုးဖောက်ရတာကိုကြိုက်တဲ့ ကစားသမားမျိုးပါ။ သူ့ရဲ့ဘောလုံးထိချက်နဲ့ နေရာယူမှုကတော့ မျှော်လင့်ချက်ရှိပေမယ့် ဂိုးတွေကတော့ ရောက်မလာသေပါဘူး။ သူကစားဟန်ညံ့နေလို့မဟုတ်ပါဘူး – Liverpool ရဲ့စနစ်ဟာ အသစ်ကပြန်လည်ချိတ်ဆက်နေရလို့ပါ။ အသင်းတစ်သင်း ပြောင်းလဲနေချိန်မှာ၊ ထိပ်တန်းတိုက်စစ်မှူးတွေလည်း Rhythmမိဖို့ အချိန်လိုအပ်ပါတယ်။ တစ်ချက်ထူးခြားတာကတော့ သူ့ရဲ့အကောင်းဆုံးအခိုက်အတန့်တွေမှာ သူဘာဖြစ်လာနိုင်မလဲဆိုတဲ့ အရိပ်
အမြွက်တွေကိုပြသထားပြီးသားဖြစ်ပါတယ်။

Manchester United မှာ Šeško အတွက်ကတော့ စိန်ခေါ်မှုဟာ လုံးဝကိုခြားနားပါတယ်။ နွေရာသီ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ၃ယောက်ထဲမှာခြေစွမ်းသိပ်မပြနိုင်သေးတာ သူပဲကျန်တော့တယ်။ United ရဲ့တိုက်စစ်ဟာ ဘယ်လိုလုပ်ဆောင်ရမယ်၊ ဘယ်လိုဖန်တီးရမယ်၊ ထိန်းချုပ်မှုမဆုံးရှုံးဘဲ ကြားခံနေရာကနေ တိုက်စစ်နေရာကို ဘယ်လိုချိတ်ဆက်ရမယ်ဆိုတာကို သင်ယူနေဆဲပါ။ Šeško ရဲ့အဓိကတန်ဆာပလာတွေဖြစ်တဲ့ အရပ်မြင့်တာ၊အမြန်နှုန်း၊ ပင်ကိုယ်ဉာဏ်နဲ့ အဆုံးသတ်နိုင်မှု – ကတော့ နောက်ပိုင်းတော့ အသုံးဝင်လာမှာပါ။ ပြဿနာတစ်ခုက နည်းပြအမ်မိုရင်းက Seśko ကို ဦးတည်ပြီး ကစားကွက် တည်ဆောက်ထားတာမဟုတ်ပဲ Cunha နဲ့ Mebeumoသာ အဓိကဖြစ်နေတာပါ။ သူဟာ ဘောလုံးပို့မှုတွေရောက်လာဖို့၊ တြိဂံပုံစံ ဖွဲ့စည်းမှုတွေဖြစ်ပေါ်ဖို့၊ အသင်းကတည်ငြိမ်လာဖို့ကို စောင့်ဆိုင်းနေရသူလည်းဖြစ်ပါတယ်။ အဲဒီအချိန်ရောက်လာရင်လည်း သူဟာ အခုပရိသတ်တွေမြင်နေရတဲ့ တိတ်ဆိတ်နေတဲ့ပုံရိပ်နဲ့ လုံးဝကိုကွဲပြားသွားမှာပါ။

ဒါဟာ ကိန်းဂဏန်းတွေနဲ့ ဖမ်းမရသေးတဲ့ အဓိကအချက်ပါပဲ။ နောက်လာမယ့် လတွေနှစ်တွေမှာပေါ်လာမယ့် သတင်းခေါင်းစဉ်ကတော့ သူတို့တစ်ယောက်ချင်းစီဟာ စတင်ပျံတက်ဖို့ ဘယ်လောက်နီးကပ်နေသလဲဆိုတာပါပဲ။ ပုဂ္ဂ်ိုလ်စွဲမထားပဲ ပရီးမီးယားလိဂ်ပရ်ိသတ်အမြင်နဲ့ကြည့်မ​ယ်ဆိုရင် ဒီ ၃ယောက်လုံးရဲ့ ဂိုးတွေကို မြင်ချင်မိတာတော့ အမှန်တရားပါပဲ။