ဘောလုံးရာသီတိုင်းမှာ ပြဿနာပေးတတ်တဲ့အရာတွေရှိပါတယ်။တစ်ချို့က ပြိုင်ဘက်တွေပါ။
တစ်ချို့က ဒိုင်တွေပါ။ဒါပေမယ့် Premier League မန်နေဂျာတွေအတွက်ကတော့… သူတို့ရဲ့ အကြီးမားဆုံးရန်သူဟာ ပြိုင်ဘက်ကလပ်မဟုတ်ပါဘူး။ကစားသမားတစ်ယောက်လည်းမဟုတ်ပါဘူး။
ဒါဟာ ပြက္ခဒိန်ထဲက ရက်စွဲတစ်ခုပါ။ မန်နေဂျာတွေ ထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးသွားနိုင်တဲ့ ရက်သတ္တပတ်ပါ။ သူတို့ တည်ဆောက်ခဲ့တဲ့ အရာအားလုံး… ပြိုလဲသွားနိုင်တဲ့ရက်သတ္တပတ်ပေါ့။ ဒါကတော့ မန်နေဂျာတွေ ဘာကြောင့် နိုဝင်ဘာ အားလပ်ရက်ကို ကြောက်ရွံ့ ရတယ်ဆိုတဲ့ မပြောပြတဲ့ဇာတ်လမ်းနဲ့.ဒါဟာ ဘာကြောင့် ရာသီတစ်ခုအတွင်းက အန္တရာယ်အရှိဆုံး အချိန်ကာလအဖြစ် ပြောင်းလဲသွားနိုင်လဲဆိုတာ ပြောပြပေးသွားမှာပါ။
ပရိသတ်တွေအတွက်တော့ နိုဝင်ဘာ international ပွဲတွေဟာ အန္တရာယ်မရှိဘူးလို့ ထင်ရပါတယ်။
နိုဝင်ဘာဟာ ချစ်ကြည်ရေးပွဲတွေ၊ ခြေစစ်ပွဲတွေနဲ့ လေ့ကျင့်ရေးဓာတ်ပုံတွေ နဲ့ ဂျာစီအသစ်တွေအကြောင်းပဲမဟုတ်ပါဘူး။ အချိန်အနည်းငယ် နားလိုက်ရတာပါ။ ဒါပေမယ့် Premier League မန်နေဂျာတွေအတွက်ကတော့ ဒါဟာ ပြဿနာတစ်ခုပါပဲ။
သူတို့ရဲ့ စူပါစတားတွေဟာ လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားကြတယ်။ သူတို့ရဲ့ နည်းဗျူဟာ အစီအစဉ်တွေဟာ ရပ်တန့်သွားတယ်။သူတို့ရဲ့ ဒဏ်ရာရစာရင်းဟာ ပိုတိုးလာတယ်။ပြီးတော့ သူတို့ရဲ့ ဒဿနဟာ အလှည့်ပြောင်းဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ဘာကြောင့်လဲ။
ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာဟာ “အားလပ်ရက်” တစ်ခုသက်သက် မဟုတ်လို့ပါ။
ဒါဟာ ပင်ပန်းနွမ်းနယ်မှုနဲ့ ဖိအားတွေ တွေ့ဆုံရာ အချိန်ကာလပါ။ ဒဏ်ရာတွေ ထူပြောလာတဲ့ လပါ။ အားကစား သိပ္ပံပညာရှင်တွေတောင် ဒီလကို “အန္တရာယ်အရှိဆုံးလ” လို့ ခေါ်ကြသေးတယ်။
ကလပ်ပွဲတွေရဲ့ ပြင်းထန်မှု + ခရီးသွားလာမှု + အေးမြတဲ့ ရာသီဥတုဟာ ဒဏ်ရာအတွက် အကောင်းဆုံး မုန်တိုင်းကြီးပါပဲ။ မန်နေဂျာတွေ ဒါကို မုန်းတယ်… ဘာဖြစ်လာမလဲဆိုတာ သူတို့သိလို့ပါ။
ပရိသတ်အများစု ဒီအကြောင်း မသိကြပါဘူး…
နိုဝင်ဘာ အားလပ်ရက် မတိုင်ခင် ကလပ်တွေနဲ့ နိုင်ငံအသင်းတွေကြားမှာ ကတောက်ကဆအမြဲဖြစ်လေ့ရှိပါတယ်။ ကစားသမားတစ်ယောက်ဟာ လေ့ကျင့်ရေးမှာ ကြွက်သားတွေ တင်းမာနေတယ်လို့ ခံစားရတယ်။ကလပ််ဆရာဝန်တွေက သူ့ကို နားခိုင်းတယ်။နိုင်ငံအသင်းတွေကကျတော့ ဘယ်လိုပဲဖြစ်ဖြစ် လာခိုင်းတယ်။ ကလပ်တွေက ကစားသမားကို ဆုံးရှုံးရမှာကို ကြောက်တယ်။ နိုင်ငံအသင်းတွေကကျတော့ ခြေစစ်ပွဲတွေ ရှုံးမှာကို ကြောက်တယ်။တစ်ချို့ကလပ်တွေဆိုရင် သီးသန့်ဆေးဘက်ဆိုင်ရာ စာတွေတောင် ပို့ကြတယ်။ တစ်ချို့ နိုင်ငံအသင်းတွေက ဒါတွေကို လျစ်လျူရှုကြတယ်။မန်နေဂျာတွေဟာ ဘာမှမတတ်နိုင်တဲ့အပြင် သူတို့ရဲ့ ကစားသမားတွေ ပင်ပန်းနွမ်းနယ်ပြီး ဒါမှမဟုတ်ဒဏ်ရာရပြီး ပြန်လာနိုင်တယ်ဆိုတာကို သိရှိပြီး ထိုင်ကြည့်နေရတယ်။
ဒီအပိုင်းကို ပရိသတ်တွေ ဘယ်တော့မှ မမြင်ဖူးကြပါဘူး။တောင်အမေရိက၊အာဖရိက၊အာရှ၊ ခရီးရှည်တွေ။ ၁၂ နာရီကြာ အချိန်ဇုန် ကွာခြားမှုတွေ။၈ ရက်အတွင်း ပွဲ ၃ ပွဲ။
ဘရာဇီးလ် ကစားသမားတစ်ယောက်ဟာ လန်ဒန်ကနေ São Paulo ကို ပျံသန်းတယ်။ စိုထိုင်းဆ ၄၀°C ရှိတဲ့ နေရာမှာ ကစားတယ်။ပြီးရင် ဘိုလီးဗီးယားက တောင်တန်းဒေသထဲ နောက်ထပ် ၁၂ နာရီ ပျံသန်းရတယ်။ ပြီးရင် လန်ဒန်ကို ပြန်လာတယ်။ ပြီးတော့ စနေနေ့မှာ Manchester City နဲ့ ပွဲထွက်ဖို့ မျှော်လင့်ခံထားရတယ်။မန်နေဂျာတွေဟာ ဒီဂဏန်းတွေကို သိကြတယ်။အန္တရာယ်ကိုလည်း သိကြတယ်။ဒါပေမယ့် သူတို့မှာ ရွေးချယ်စရာ မရှိကြပါဘူး။
နိုဝင်ဘာလဟာ မန်နေဂျာတွေအနေနဲ့ သူတို့ရဲ့ နည်းဗျူဟာတွေ အဆိုးကောင်းကိုစတင်မြင်တွေ့ရတဲ့ လပါ။အသင်းရဲ့ ညီညွတ်မှု ပိုကောင်းလာတယ်။ ကစားသမားတွေဟာလည်း ဖိအားပေးတဲ့ အချက်ပြမှုတွေကို နားလည်လာကြတယ်။ အရွေ့အပြောင်းတွေဟာ အလိုအလျောက်ဖြစ်လာတယ်။ပြီးတော့ အရာအားလုံး ရပ်တန့်သွားတယ်။
ဘာဖြစ်လို့လဲ? နိုင်ငံအသင်းတွေရဲ့ လေ့ကျင့်မှုပုံစံဟာ မတူညီကြပါဘူး။တစ်ချို့ နည်းပြတွေက တောင်ပံကစားသမားတွေကို အထောင်ထားဆော့တာရှိတယ်။တစ်ချို့က တိုက်စစ်ကစားသမားရဲ့ ရွေ့လျားမှုပုံစံကို ပြောင်းလဲလိုက်တယ်။ တစ်ချို့က ကွင်းလယ်ကစားသမားကို လုံးဝအသစ်ဖြစ်တဲ့ အခန်းကဏ္ဍထဲ ထည့်ကစားခိုင်းလိုက်တယ်။ ကစားသမားတွေ ပြန်ရောက်လာတဲ့အခါ မန်နေဂျာတွေက “ကျွန်တော့်အသင်းက… သူစိမ်းတွေလို ပြန်ကစားနေတယ်” လို့ မကြာခဏ ညည်းညူကြတယ်။နှစ်ပတ်—ဆုံးရှုံးသွားတယ်။
ဟန်ချက်ညီမှု—ပျက်သွားတယ်။
မန်နေဂျာတိုင်းမှာ အိပ်မက်ဆိုးတစ်ခု ရှိပါတယ်။
ဖုန်းခေါ်သံတစ်ချက်။အများအားဖြင့် မနက်
စောစော။အများအားဖြင့် ကလပ်ဆရာဝန်ဆီကပါ။
“သတင်းဆိုးတွေရှိတယ်။”
ဒါဟာ ခြေကျင်းဝတ် လိမ်သွားတာ ဖြစ်နိုင်တယ်။ ပေါင်ရင်းကြွက်သား စုတ်ပြဲတာ ဖြစ်နိုင်တယ်။ မိုင်ပေါင်း ၅၀၀၀ အကွာက ကွင်းပေါ်မှာ အရွတ်စုတ်ပြဲသွားတာ ဖြစ်နိုင်တယ်။ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုတွေဟာ international breakတွေကြောင့် ရရှိလာတဲ့ ဒဏ်ရာတွေရဲ့ နောက်ဆက်တွဲကိစ္စကြောင့် ပြောင်းလဲခဲ့ရတယ်။Champions League အိပ်မက်တွေ ပြိုလဲခဲ့တယ်။မန်နေဂျာတွေ အလုပ်ပြုတ်ခဲ့ကြတယ်။ဒါတွေအားလုံးဟာ သူတို့ ဘယ်တော့မှ မထိန်းချုပ်နိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲကြောင့်ပါ။
International break ပြီးသွားတဲ့အခါပရိသတ်တွေ စိတ်လှုပ်ရှားသွားကြတယ်။ဘောလုံးပြန်စပြီ! Premier League ပြန်ရောက်လာပြီ!ပွဲကောင်းတွေ ရက်သတ္တပတ်တိုင်း။ဒါပေမယ့် မန်နေဂျာတွေကရော?သူတို့ဟာ ကြောက်ရွံ့မှုနဲ့ သူတို့ရဲ့လေ့ကျင့်ရေးအစီရင်ခံစာတွေကို ငေးကြည့်နေကြတယ်။
ကစားသမားတွေဟာ ပင်ပန်းနွမ်းနယ်ပြီး ရောက်လာကြတယ်။အိပ်စက်မှုပုံစံတွေ ပျက်သွားတယ်။ပွဲစဉ်ရဲ့ မိနစ်၆၀မှ ပေါ်လာတတ်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေ။ အရာအားလုံးကို—ကြံ့ခိုင်မှု၊ နည်းဗျူဟာ၊ အသင်းစိတ်ဓာတ်—ကို ၄၈ နာရီအတွင်းမှာ ပြန်လည်တည်ဆောက်ရမယ်။ ဒါကြောင့်မို့လို့ အားလပ်ရက်ပြီးတာနဲ့ ချက်ချင်း အံ့သြစရာရလဒ်တွေ အများကြီး တွေ့ရတာပါ။
Arsenal က အမှတ်တွေ ဆုံးရှုံးတယ်။
Liverpool က သုံးဂိုးသွင်းခံလိုက်ရတယ်။
Chelsea က လေးလံထိုင်းမှိုင်းနေတယ်။
Manchester United က ရုတ်တရက်
Rhythnပျက်သွားတယ်။
ဒါတွေကြားရတော့မှာပါ။ ဒါဟာ နိုဝင်ဘာ အားလပ်ရက်ပါပဲ။
နိုဝင်ဘာ အားလပ်ရက်ဟာ ချန်ပီယံဆုတွေ ဆုံးရှုံးရာနေရာပါ။ရေရှည်ဒဏ်ရာတွေ ရရှိရာနေရာပါ။
ဟန်ချက်ညီမှုတွေ ပျောက်ကွယ်ရာနေရာပါ။ အရမ်းကောင်းတဲ့ ရာသီဟာ အကျပ်အတည်းဖြစ်သွားနိုင်တယ်။ အေးဆေးတည်ငြိမ်တဲ့ ရာသီဟာ ညအတွင်းမှာပဲ အံ့အားသင့်စရာဖြစ်သွားနိုင်တယ်။
ဒါကြောင့်မို့လို့ မန်နေဂျာတွေ ဒါကို မုန်းတာပါ။
ဘာဖြစ်လို့လဲဆိုတော့ ရက်သတ္တပတ် နှစ်ပတ်ကြာသူတို့ရဲ့ ကံကြမ္မာဟာ အခြားသူတွေရဲ့ လက်ထဲမှာ ရှိနေလို့ပါပဲ။