Granit Xhaka ဆိုတာ Arsenal ပရိသတ်များနဲ့ခရီးရှည်အတူတူဖြတ်သန်းခဲ့တဲ့ကစားသမားပါ။မသိတဲ့သူလဲမရှိပါဘူး။ ၂၀၁၉ နိုဝင်ဘာတုန်းက Crystal Palace နဲ့ သရေကျခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရလို့ ဆွစ်ဇာလန်ကြယ်ပွင့်ဟာ ပရိသတ်တွေကို လက်ဟန်အမူအရာပြုကာ ဆဲဆိုခဲ့ပါတယ်။” တနင်္ဂနွေနေ့က ကွင်းထဲမှာ လူစားလဲခံခဲ့လို့ ကျွန်တော် ပွက်
ပွက်ဆူသွားခဲ့တယ်” လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့တယ်။
Xhaka ရဲ့ မိသားစုဟာ လူမှုကွန်ရက်ပေါ်မှာ ပစ်မှတ်ထားခံခဲ့ရပြီး ဒါဟာ အံ့အားသင့်စရာတော့မဟုတ်ခဲ့ပါဘူး။ Xhaka ဟာ Mikel Arteta နဲ့အတူ သူ့ကံကြမ္မာကို ပြန်လည်ပြင်ဆင်နိုင်ခဲ့သူဖြစ်ပါတယ်။ “ Mikel နဲ့ နှစ်ကြိမ်တိုင်တိုင်ပြောပြီးတဲ့နောက် ဆက်နေဖို့ သူကကျွန်တော့်ကို ချော့မော့ခဲ့တယ်” လို့ Xhaka က ဒီအပတ် The Athletic မှာ ပြောကြားခဲ့ပါတယ်။ Emirates မှာ သူ့နောက်ဆုံးရာသီဟာ အကောင်းဆုံးရာသီတစ်ခုဖြစ်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာတော့ Bayer Leverkusen ကိုသွားရောက်ခဲ့ပြီး ဂျာမန်အသင်းကို သမိုင်းမှာပထမဆုံး လိဂ်ဖလားရဖို့ ကူညီပေးန်ိုင်ခဲ့တာပါ။
ဒီနွေရာသီမှာတော့ Sunderland ဟာ Xhaka ကို အင်္ဂလန်ပြန်ခေါ်နိုင်ခဲ့တယ်။ ဒါဟာ ဘယ်လောက်ကောင်းတဲ့ခေါ်ယူမှုလဲဆိုတာ လက်ရှိ Xhaka impact ကသက်သေပါ။ Black Cats အသင်းဟာ ပရီးမီးယားလိဂ်ပြန်လည်တက်ရောက်လားပြီးနောက် အကြီးအကျယ်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်။ Xhaka ဟာ Marc Guiu ရဲ့ Stadium of Light မှာ အသစ်ဝယ်ယူခဲ့တဲ့ ကစားသမား ၁၄ ဦးထဲက တစ်ဦးဖြစ်ပြီးဒီလိုအပြောင်းအလဲကြီးဟာ Sunderland ကို အကောင်းဆုံး မောင်းနှင်နေပါပြီ။
ရာသီစထဲကဖြေဖြေးချင်း သိသိသာသာတိုးတက်လာခဲ့တယ်။ ပွဲစဉ် ၁၀ အပြီးမှာတော့ Sunderland ဟာ လက်ရှိချန်ပီယံ Liverpool နဲ့ တန်းတူအဆင့်မှာရပ်တည်နေနိုင်နေပါပြီ။ Crystal Palace၊ Aston Villa နဲ့ Chelsea တို့ကို အကောင်းဆုံးရလဒ်တွေနဲ့ ရင်ဆိုင်ပြခဲ့တယ်။ Wilson Isidor ဟာ Black Cats အတွက် အဓိကဂိုးတွေသွင်းပေးနေသူဖြစ်ပေမယ့် Xhaka ကတော့ Sunderland အတွက် ကြယ်ပွင့်ကစားသမားအဖြစ် သက်သေပြနေပါပြီ။
Regis Le Bris ဟာ Sunderland အတွက် Xhaka ကို အဓိကကစားသမားအဖြစ် စောစောစီးစီးသတ်မှတ်ခဲ့တယ်။ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီမစခင် ပြင်သစ်နည်းပြဟာ Xhaka ကို Sunderland ရဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး အတွေ့အကြုံမရှိသေးတဲ့အသင်းထဲမှာ အတွေ့အကြုံရှိသူဖြစ်တဲ့အတွက် ဒီဆုံးဖြတ်ချက်ဟာ အဓိပ္ပာယ်တဲ့ ဆုံးဖြတ်ချက်ပါ။ Le Bris ဟာ Xhaka ကို အသင်းရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ မြင်ခဲ့တယ်။ အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်မှုဟာ အခုချိန်မှာတော့ အကျိုးကျေးဇူးတွေရနေပြီလဲဖြစ်ပါတယ်။ Xhaka ကို Le Bris က “ မြေပြင်ပေါ်က နည်းပြ” လို့ ရည်ညွှန်းပြောဆိုခဲ့တယ်။
ခြေစွမ်းပိုင်းကို ချဉ်းကပ်ရရင်လဲ Xhaka ဟာ ပြောစရာမလိုအောင်ကောင်းနေခဲ့တယ်။ ၁၀ပွဲမှာ ပျမ်းမျှဘောလုံးပိုင်ဆိုင်မှုနှုန်း ၄၄.၁% သာရှိတဲ့ Sunderland အသင်းအတွက် တိုက်စစ်ဆင်မယ်ဘောလုံးကို မြန်မြန်ဆန်ဆန်ရှေ့ကို ပ်ို့ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ Xhaka ဟာ သူ့ရဲ့ကျွမ်းကျင်မှုကိုပြသနေတယ်။ သူဟာ ဘောလုံးဖြန့်ဝေမှု၊ အထူးသဖြင့် rotation footballမှာနာမည်ကြီးပါတယ်။ မိနစ် ၉၀ မှာ ၅.၂ ကြိမ် အောင်မြင်တဲ့ rotation pass နဲ့ ၈၀-၉၅ ရာခိုင်နှုန်းကြား အမြဲလှည့်လည်ဖြန်းဖြူးနေတာပါ။Sunderland ရဲ့တိုက်စစ်ရဲ့ ၂၂% ဟာ ကွင်းအလယ်လမ်းကြောင်းကနေတိုက်စစစ်ဆင်တာဖြစ်ပြီး Xhaka ကို ကွင်းအလယ် အထိုင်ထားပြီး ဒီအပိုင်းကို တာဝန်ပေးခဲ့တဲ့ နည်းပြ Le Brisကိုလဲ ချီးကျူမိချင်ပါတယ်။ Black Cats အသင်းဟာ အရင်ချန်ပီယံရှစ်ရာသီကထက် ပိုပြီးတုံ့ပြန်မှုအားကောင်းကောင်းနဲ့ ကစားနေခဲ့ပြီး Xakha လ်ို လုပ်အားနှုန်းကောင်းကောင်းနဲ့ အတွေ့ကြုံရှိတဲ့ ကစားသမားမှသာ အဆင်ပြေနိုင်မှာပါ။
Xhaka ဟာ ဘောလုံးမပါဘဲကစားတဲ့နေရာမှာလည်း ထူးချွန်ပါတယ်။ မိနစ် ၉၀ မှာ ၂ကြိမ်သာတစ်ယောက်ထဲရှိနေခဲ့ပြီး ကျန်တဲ့ ၆၀-၈၀ ရာခိုင်နှုန်းမှာတော့ အသင်းဖော်တွေနဲ့ ဘောလုံးလာမယ့် လမ်းကြောင်းမှာ ဘောလုံးမရှိပဲနေပြတာလဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးပိုင်ဆိုင်မှုအကောင်းဆုံး ကစားသမားတွေထဲမှာ တတိယမြောက်အဖြစ်ရပ်တည်နေခဲ့ပါတယ်။ အပေါ်မှာ Rice နဲ့ Gravenbech သာကျန်ပါတော့တယ်။
ဒ့ါအပြင် Xakhaဟာ Sunderland ပေါ်ကဖိအားကိုလျှော့ချဖို့ သူ့ရဲ့အတွေ့အကြုံနဲ့ ပွဲဖတ်နိုင်မှုကိုအများဆုံးအသုံးချနေပါတယ်။ ဒါကြောင့် Sunderland ဟာ ဒီရာသီမှာ လိဂ်ဂိုး ၈ ဂိုးသာပေးခဲ့ရပါတယ်။ Arsenal နဲပွဲက ၃ဂိုးပေးခဲ့ရတာကလွဲရင် ဘယ်သူကိုမှဒီထက်ပေးဂိုးများ အောင်မပေးခဲ့ရပါဘူး။
ဒီအပတ်ကန်မယ့် Arsenal ရဲ့ set-piece ကစားပုံဟာ ဒီရာသီမှာ 10 out of 10ပါ။ ဒီရာသီမှာ ထောင့်ကန်ဘော နဲ့ ဖရီးကစ်တွေကနေ ၁၀ ကြိမ်ဂိုးသွင်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတွေထဲမှာအများဆုံးဖြစ်ပါတယ်။ Arteta အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှု ၅၈.၃% နဲ့ တတိယနေရာမှာရှိပါတယ်။ သူတို့ဟာ Stadium of Light မှာ အသာစီးကစားမှာဖြစ်ပါတယ်။ ဒါဟာ Sunderland အတွက် အခွင့်ကောင်းဖြစ်ပါတယ်။ Black Cats အသင်းဟာ ဒီရာသီသူတို့ရဲ့ နိုင်ပွဲငါးပွဲထဲက လေးပွဲဟာ ဘောလုံးပိုင်ဆိုင်မှု သိသိသာသာလျော့နည်းတာကိုမြင်တွေ့ခဲ့ရပါတယ်။
“ စနေ့ပွဲဟာ Special ဖြစ်မှာပါ၊ ဘာလို့လဲဆိုတော့ အခုကျွန်တော်က အာဆင်နယ်ရဲ့ ပြိုင်ဘက်အသင်းမှာ ရောက်နေလို့ပါ” လို့ Xhaka က The Athletic နဲ့ဆက်ပြောကြားခဲ့ပါတယ်။ Sunderland အသင်းဟာ စနစ်တကျဖွဲ့စည်းထားပြီး Black Cats အသင်း တစ်ခုခုလုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။