ဒီနေ့ မန်ချက်စတာ ယူနိုက်တက် အသင်း ခြေစွမ်းကောင်းတွေပြန်လည်ရရှိလာပုံကို ဝေမျှသွားမှာဖြစ်ပါတယ်။ လူအတော်များများက Ruben Amorim ကို အရှုံးပေးလိုက်ကြပြီလို့ ထင်ခဲ့ကြတယ်။ အထူးသဖြင့် set-piece ကစားရာမှာ ကျွမ်းကျင်တဲ့ Brentford အသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်းမှာဆို ဒီအခြေအနေကို ပိုလို့တောင်သဘောတူခဲ့ကြမယ်ထင်တယ်။
ဒါပေမယ့် ဒီပြောင်းလဲမှုကတော့ အံ့သြဖွယ်ကောင်းလောက်အောင် ဖြစ်ခဲ့တယ်။ လက်ရှိအချိန်မှာဆိုရင် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ငါးပွဲအတွင်း လေးပွဲအနိုင်ရယူပြီး သူတို့ရဲ့ ကံကြမ္မာကို ပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။ဒီမှတ်တမ်းကောင်းရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ Matheus Cunha နဲ့ Bryan Mbeumo တို့လို တိုက်စစ်မှူးတွေရဲ့ စွမ်းရည်တွေအပြင် ဘောလုံးမရှိချိန်မှာ သူတို့ကြောင့် ရရှိလာတဲ့ အခွင့်ရေးတွေကလည်း အဓိကပါဝင်နေပါတယ်။
ဒီဆောင်းပါးမှာတော့ အဓိကသုံးချက်ကို ထောက်ပြထားပါတယ်။ ပထမတစ်ချက်က ဘောလုံးမပိုင်ဆိုင်ထားချိန် မန်ယူရဲ့ 4-4-2 စနစ်ဖြစ်ပြီး ဒုတိယကအချက်တော့ Cunha နဲ့ Mbeumo တို့ရဲ့ ဘောလုံးရှိချိန်၊ မရှိချိန် ကြိုးစားအားထုတ်မှုတို့ကြောင့်ဖြစ်ပါတယ်။ တတိယအချက်ကတော့ ဘောလုံးမရှိချိန် သူတို့ရဲ့ ကွင်းတွင်းလုပ်ဆောင်ချက်တွေကြောင့် အခြားကစားသမားတွေအပေါ် ရရှိလာတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။
Brighton and Hove Albion တို့နဲ့ ကစားခဲ့တဲ့ပွဲဟာ ဒီစနစ်ရဲ့ ထိရောက်မှုကို သက်သေပြနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ မြင်အောင်ပြောရရင် Luke Shaw ဟာ အတွင်းထိဆင်းကစားတတ်တဲ့ Georginio Rutter ကို တောက်လျှောက် မာကင်း ကပ်ကစားခဲ့တယ်။ ဒါကြောင့် Casemiro နဲ့ Bruno Fernandes တို့ဟာ Carlos Baleba နဲ့ Yasin Ayari တို့ကို 1 by 1 ရင်ဆိုင်ကစာခဲ့ရပါတယ်။ဒီအခြေနေမှာ တိုက်စစ်ကစားသမားနှစ်ဦး ဖြစ်တဲ့ Bryan Mbeumo နဲ့ Benjamin Sesko တို့ကတော့ နောက်ဆင်းပြီး ပြိုင်ဘက်အသင်းရဲ့ Baleba သို့မဟုတ် Ayari ဆီကို ပို့မယ့် ဘောလုံးလမ်းကြောင်းတွေကို ပိတ်ဆို့ကစားခဲ့ကြတယ်။
ဒီနည်းစနစ်ဟာ smart ကျတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပြီး Brighton အသင်းအနေနဲလည်း ကွင်းအလယ်နေရာမှာ S paceတွေရဖို့ ခက်ခဲသွားခဲ့တယ်။Cunha နဲ့ Mbeumo တို့ဟာ Sesko နဲ့အတူတိုက်စစ်မှူးနှစ်ဦးအဖြစ် အပြန်အလှန် လှည့်ကစားနိုင်စွမ်းရှိကြပြီး Brighton ရဲ့ ဘောလုံးလမ်းကြောင်းနှစ်ခုလုံးကို ချုပ်ထိန်းထားနိုင်ခဲ့တယ်။ Cunha တစ်ဦးတည်း တိုက်စစ်မှာ တစ်ယောက်ထဲရကစားနေချိန်မှာ Sesoko ဖြစ်ဖြစ်၊ Mbeumo တစ်ဦးဦးကတော့ ကွင်းလယ်အတွင်းထဲမှာပြန်ဝင်ပြီး ၄-၄-၂ ပုံစံ ချိန်းဆော့တာပါ။ ဒီနည်းစနစ်ဟာ ပြိုင်ဘက်ကွင်းလယ်ကစားသမားတွေအတွက် ဘောလုံးကိုလှည့်ပြီး ကစားဖို့ နေရာကျဉ်းမြောင်းစေခဲ့ပါတယ်။ ဘောလုံးရှိချိန်မှာလည်း Cunha နဲ့ Mbeumo တို့ဟာ ကွင်းလယ်တန်းရဲ့ half-space တွေထဲကို ပြန်ဆင်းပြီး ကစားတတ်ကြတယ်။ ဒါကြောင့် ပြိုင်ဘက်ခံစစ် ကစားသမား နှစ်ဦးဟာ အမြဲတမ်းလိုလို သူတို့နှစ်ဦးကို တစ်ယောက်ကိုတစ်ယောက် လူကပ်ကစားရပါတော့တယ်။
ဒီအချက်ကြောင့်မန်ယူရဲ့ တိုက်စစ်သုံးယောက်လုံးမှာတစ်ယောက်က free role ဖြစ်လာပြီး False 9 ဆန်ဆန် တိုက်စစ်လမ်းကြောင်းတွေကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကစားဟန်ကြောင့်ပဲ တောင်ပံနှစ်ဖက်လုံးမှာ နေရာလွတ်တွေ ရလာတယ်။ Sesko နဲ့ wing backs ကစားသမားတွေ လုပ်ကွက်ရလာခဲ့တာပါ။ မြင်အောင်ပြောရရင် Brighton ရဲ့တိုက်စစ်သုံးဦးက မန်ယူရဲ့ ခံစစ်ကိုဖိကစားလာတဲ့အချိန် Luke Shaw အနေနဲ့ Cunha ဆီကို ဘောလုံးပေးပို့နိုင်ခဲ့တယ်။ ဘရာဇီးကစားသမားဟာ ဘောလုံးကို လက်ခံပြီး ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး သွားနိုင်ခဲ့တယ်။ Amroim ရဲ့ Pressing Lock ဖြည်ပုံဖြည်နည်းက အထာတော့တော်တော်ကျပါတယ်ဃ
ဘောလုံးမရှိချိန်မှာလည်း သူတို့ရဲ့ ကြိုးစားမှုတွေကို မြင်တွေ့နိုင်ပါတယ်။ ပွဲစဉ်ရဲ့ အစောပိုင်းအချိန်တုန်းက Brighton ရဲ့ Mats Wieffer ဟာ မန်ယူရဲ့ ခံစစ်တန်းနောက်မှာ နေရာလွတ်ရှာပြီး ကစားနိုင်ခဲ့တယ်။
ဒါပေမယ့် Wieffer က ဘောလုံးကို ကန်သွင်းဖို့ ပြင်ဆင်နေချိန်မှာ Cunha ဟာနောက်ထိ ကိုက်၄၀ကျော်ကျော်ဆင်းလာတယ်။ ဘောလုံးကို ဝင်ဖြတ်နိုင်ခဲ့တယ်။
ဒီလို ကြိုးစားမှုမျိုးဟာ မန်ယူတိုက်စစ်ကစားသမားတွေရဲ့ ကစားဟန်ကို ကောင်းကောင်းသရုပ်ဖော်နိုင်တယ်။ Cunha က တိုက်စစ်အတွက် ဘောလုံးလက်ခံဖို့ တောင်ပံကို ချိန်းသွားတဲ့အခါတိုင်း မန်ယူရဲ့ ကွင်းလယ်ကစားသမားတွေဟာ ပြိုင်ဘက်ရဲ့ နောက်ခံလူတွေဆီကို သွားမယ့် ဘောလုံးလမ်းကြောင်းအတွက် အဆင်သင့် ပိတ်ဆို့နိုင်ခဲ့ကြတယ်။ Cunhaကို တားဆီးလို့မရအောင် 1 by 1 အခြေနေတွေကို ဖန်တီးတယ်။ နည်းစနစ်ကအဲ့လိုပါ။ တကယ်တမ်းလက်တွေ့ အဲ့ဒီနည်းစနစ်နဲ့ ဂိုးရသွားတာက Mbeumoပါ။ နောက်ဆုံးအပိတ်ဂိုးမှာ Brunoတစ်ယောက် ဟန်ပြပြီး ဘောလုံးကို လက်ခံမလိုလိုနဲ့ ဟပေးလိုက်တယ်။ ဘရိုက်တန်ဘက်က Brunoဘောလုံး လက်ခံမယ်ထင်ပြီး ဝင်ဖျက်တယ်။ Bruno အသားလေးဟပေးလိုက်တဲ့အချိန် တစ်ချက်ခုတ် နှစ်ချက်ပြတ်သွားတယ်။ဘောလုံးလုံးဝ မထိပဲ Pressing Unlock+ Assist ရခဲ့တယ်။
ဒီလိုကစားဟန်ကြောင့် ပြိုင်ဘက်တွေအနေနဲ့ နေရာလွတ်နည်းလာပြီး ကစားရခက်တဲ့ အခြေအနေကိုဖြစ်ပေါ်စေခဲ့တယ်။ Cunha နဲ့ Mbeumo တို့ဟာ Brentford နဲ့ Wolverhampton Wanders လို ဘောလုံးမရှိချိန် ကစားဟန် ကောင်းမွန်တဲ့ အသင်းတွေကနေ လာခဲ့ကြတာဖြစ်လို့ သူတို့ရဲ့ ဒီလိုကစားဟန်မျိုးကို တွေ့ရတာ အံ့သြစရာမရှိပါဘူး။
Mbeumo နဲ့ Cunha တို့ရဲ့ နာမည်တွေကို ဂိုးသွင်းသူတွေအဖြစ် မြင်တွေ့ရမှာဖြစ်ပေမယ့် သူတို့ဟာ ဒီအသင်းကို ဘောလုံးရှိချိန်၊ မရှိချိန် ကစားဟန်အလွှာပေါင်းစုံနဲ့ မြှင့်တင်ပေးနေကြတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။