ဒီဇာတ်လမ်းက လိဂ်ဇယားတွေ ဒါမှမဟုတ် ဆုတံဆိပ်အရေအတွက်၊ စံချိန်မှတ်တမ်းအကြောင်း မဟုတ်ပါဘူး။ ဒါက လူသားတွေရဲ့ ဇာတ်လမ်းပါ။ ဒါက ကွင်းထဲက အောင်ပွဲတွေအကြောင်းတင် မဟုတ်တော့ဘူး။ ဘဝထဲက အောင်ပွဲတွေအကြောင်းပါ။ စစ်မျက်နှာစာက နေ့စဉ်လုပ်ရိုးလုပ်စဉ်ထဲ ဝင်ရောက်လာတဲ့ ဒီမြေပေါ်မှာ ဘောလုံးကွင်းဟာ ခိုလှုံရာနေရာ ဖြစ်လာခဲ့တယ်။”
Mykola Matvienko – Shakhtar Donetsk ရဲ့ကစားသမားဟာ ယူကရိန်းအသင်းအတွက် ဂိုးတွေ ကာကွယ်နေသူပါ။ဒါပေမယ့် သူ့မိသားစုအိမ်ကိုတော့ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘူး။ ရုရှားရဲ့ ဒရုန်းအောက်မှာ အကုန်လုံးအသက်ဆုံးပါးခဲ့ရပါတယ်။ တိကျတဲ့ သတင်းတော့ မထုတ်ပြန်ခဲ့ပေမယ် Mativienko ရဲ့ Instagram မှာ post တင်ပြီး ပြန်
ဖျက်သွားခဲ့တာပါ။ သူတင်ခဲ့တာက “ငါမိသားစုကို ငါမကာကွယ်နိုင်ခဲ့ဘူး”ဆိုတဲ့ စာသားလေးပါ။
“Ruslan Malinovskyi – အီတလီမှာ ကစားနေတဲ့ နာမည်ကျော် တိုက်စစ်မှူးဟာ ဂိုးတွေ သွင်းနေပေမယ့် ပိုနာကျင်စရာကောင်းတာက သူ့ချစ်ရသူတွေကို ယူကရိန်းကနေ ခေါ်ထုတ်ရင်း ကားမောင်းခဲ့ရတဲ့ အမှတ်တရပါ။ နယ်စပ်ဂိတ်တွေ ဖြတ်ကျော်၊ လေယာဉ်တိုက်ခိုက်မှု သတိပေးချာင်းသံတွေ နားထောင်ရင်း ကားမောင်းခဲ့ရတဲ့ ၄၈ နာရီ ဟာ ကြောက်စရာအကောင်းဆုံးလို့ ဆိုခဲ့တယ်။ဒီလိုခရီးဟာ သူကစားခဲ့တဲ့ ဘောလုံးပွဲတိုင်းထက် ပိုပြီး ကြောက်စရာကောင်းနေခဲ့ပါတယ်။
“Oleksandr Zinchenko ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဟောင်းပါ။ ဒါပေမယ့် သူ့ရဲ့ငိုကြွေးချက်က ကမ္ဘာကို လှုပ်ခတ်သွားစေခဲ့တယ်။’ကျွန်တော့်နိုင်ငံမှာ ဖြစ်နေတာတွေကို ကမ္ဘာကြီးက နားလည်ပါစေ.’။ ဒီစကားလေးတွေက ဘောလုံးသမားတစ်ယောက်ရဲ့ နှလုံးသားကို ဖော်ပြနေတယ်…”
“Vitaliy Mykolenko – Everton ကစားသမားဟာ လီဗာပူးမှာ အင်္ဂလန်ဘောလုံးကို ကစားနေသူပါ။ဒါပေမယ့် သူ့စိတ်နှလုံးသားကတော့ ယူကရိန်းမှာပါရှိနေခဲ့ပါတယ်။ အင်္ဂလန်မှာ ကစားနေပေမယ့် မနက်တိုင်းက တူညီတဲ့ပုံစံနဲ့ စတင်တယ်။ ယူကရိန်းက သူ့မိဘတွေဆီ ဖုန်းဆက်တာ၊ အကြိမ်တိုင်း ‘အဆင်ပြေရဲ့လား’ လို့ မေးမြန်းရတာ။ ဖုန်းခေါ်ဆိုသံတိုင်းမှာ ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်တွေ ရောနေခဲ့တယ်။သူဟာ သူ့မိဘတွေကို ကယ်တင်ဖို့ လျှို့ဝှက်စွာ ယူကရိန်းကို ပြန်သွားခဲ့တယ်။ အသက်အန္တရာယ်ကို ရင်ဆိုင်ပြီး သူ့ချစ်ရသူတွေကို ကယ်တင်နိုင်ခဲ့တယ်။
“Andriy Yarmolenko – West Ham United ကစားသမားဟောင်း
သူဟာ စစ်ပွဲကြောင့် လက်နက်ကိုင်တပ်ထဲ ဝင်ခဲ့ရတယ်။ ဒါပေမယ့် ဘောလုံးကွင်းထဲ ပြန်ရောက်လာတဲ့အခါ သူရဲ့ပထမဆုံး ဂိုးဟာ ယူကရိန်းလူမျိုးအားလုံးအတွက် အောင်ပွဲတစ်ခု ဖြစ်သွားတယ်။
ဒီဂိုးက ဘောလုံးဂိုးတစ်ဂိုးထက် ပိုပါတယ်။ ဒါက အားကစားထက် ပိုပါတယ်။
ဒီကစားသမားတွေဟာ သူတို့ရဲ့ဘဝမှာ နှစ်ချီတိုက်ပွဲတွေ တိုက်နေကြရပါတယ်။ကွင်းပေါ်မှာ အောင်ပွဲဆင်ဖို့ တိုက်ပွဲ၊ ကွင်းပြင်ပမှာ အသက်ရှင်ဖို့ တိုက်ပွဲဒါပေမယ့် သူတို့ဟာ ဘယ်တော့မှ လက်မလျှော့ကြဘူး။ ဘောလုံးဆိုတာ ဘဝထက် မကအရေးကြီးတယ်ဆိုတာရယ်၊ စစ်ဆိုတာ ကစားပွဲမဟုတ်တယ်ဆိုတာပါ။ယူကရိန်းကစားသမားတွေရဲ့ ခြေဖဝါးတိုင်းမှာ သူတို့ရဲ့ နိုင်ငံအတွက် ချစ်ခြင်းမေတ္တာ၊ သူတို့ရဲ့ မိသားစုအတွက်သူတို့ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပါဝင်နေပါတယ်။ ဒါက မနက်ဖြန် ရောက်လာရမယ်ဆိုတဲ့ ကတိပါ။ ကမ္ဘာကြီးက ဇောက်ထိုးမှောက်ခုံ ဖြစ်သွားရင်တောင် သူတို့ ဆက်ပြေးနေမယ်၊ ဆက်တိုက်နေမယ်ဆိုတဲ့ သတိပေးချက်ပါ – ကွင်းပေါ်မှာရော ကွင်းပြင်ပမှာပါ။”