Innwa-Ads-Banner-1-1170X200

“ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ အထိရောက်ဆုံး ဂိုးကန်သွင်းနိုင်ကြသူများ – xGOT ရဲ့ နောက်ကွယ်က အမှန်တရား”

ပရီးမီးယားလိဂ်မှာ အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးတွေလို့ သင်တွေးမိတဲ့အခါ… Erling Haaland၊ Mohamed Salah၊ Alexander Isak စတဲ့ နာမည်တွေဟာ ချက်ချင်းပေါ်လာတတ်ပါတယ်။ သူတို့ဟာ ဂိုးသွင်းရတာကို လွယ်ကူသလိုမျိုး ဖြစ်အောင် ကစားပြတတ်တဲ့ကြယ်ပွင့်တွေပါ။ ဘာကြောင့်များ ကစားသမားတစ်ယောက်ကို ဂိုးသွင်းကောင်းတယ်လို့ သတ်မှတ်ရတာလဲ?*”

ဂိုးအရေအတွက်ကိုပဲကြည့်တာလား? သူတို့ရဲ့ ဂိုးသွင်းတိကျသေချာမှူလား? ဒါမှမဟုတ် ဂိုးရှေ့မှာရှိတဲ့ ယုံကြည်မှုလား?
ကောင်းပြီ။ ဒါကိုတိုင်းတာဖို့ နည်းလမ်းအသစ်တစ်ခုရှိပါတယ်။ ပြီးတော့ ဒါကကျွန်တော်တို့ ဂိုးသွင်းတာကြည့်ရှုပုံကို ထာဝရ ပြောင်းလဲပစ်နိုင်ပါတယ်။

အရင်က ကိန်းဂဏန်းတွေကို မေ့ထားလိုက်ပါ။ ဒီနေ့ခေတ် ဘောလုံးမှာတော့ ခွဲခြမ်းစိတ်ဖြာသူတွေဟာ Expected Goals on Target ခေါ် xGOT လို့ခေါ်တဲ့ အရာကို သုံးနေကြပါပြီ။

Expected Goals (xG) က သင် ဘောလုံးမကန်ခင်… အကွာအဝေး၊ ထောင့်နဲ့ ခံစစ်ကာကွယ်ရေးဖိအားပေါ်မူတည်ပြီး ဂိုးဝင်နိုင်ခြေ အလားအလာ ကို တိုင်းတာတယ်ဆိုရင်…xGOT ကတော့ သင် ဘောလုံးကန်ပြီးနောက်… ဂိုးပေါက်ထဲ ဘယ်နေရာကို တည့်အောင်ကန်လဲဆိုတာပေါ် မူတည်တိုင်းတာတာပါ။

သင့်ရဲ့ xGOT က xG ထက် မြင့်နေတယ်ဆိုရင်… ဆိုလိုတာက ကျွမ်းကျင်မှု၊ တိကျသေချာမှုနဲ့ နေရာချထားမှုတို့ကြောင့် ဂိုးဝင်နိုင်ခြေ အလားအလာကို မြှင့်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူတွေက တကယ်တမ်း ဒီအချက်ကို အကျိုးရှိရှိအသုံးချနိုင်လဲ။ ဘယ်သူတွေက အခွင့်အရေးသေးသေးလေးတွေကို ဂိုးတွေအဖြစ် ပြောင်းလဲနိုင်လဲဆိုတာကို ပြောပြနေတာပါ။ပြီးတော့… ဒီစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ ကစားသမားတစ်ချို့ရဲ့နာမည်တွေက သင့်ကို အံ့အားသင့်စေပါလိမ့်မယ်။”

အဆင့် ၁၀ မှာရှိတာက Liverpool က Mohamed Salah ပါ။ Arne Slot အောက်မှာ ဂိုးသွင်းဖို့တာဝန်အားလုံးကို သယ်ဆောင်နေရတာမဟုတ်ပေမယ့် သူကန်လိုက်တဲ့အချိန်မှာတော့ အရင်လိုထိရောက်နေဆဲပါပဲ။ +0.62 ကွာခြားချက်နဲ့ Salah ဟာ မကြာခဏ မကန်တော့ပေမယ့် ကန်လိုက်တိုင်းတော့ ကမ္ဘာ့အဆင့်မီ တိကျမှုရှိနေဆဲပါ။

အဆင့် ၉ – Nottingham Forest က Neco Williams ပါ။
မျှော်လင့်ထားတဲ့ နာမည်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဝေးလ်းကစားသမားက 0.2 xG ကနေ 0.84 xGOT အထိ… +0.64 တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ Forest အနေနဲ့ သူ့ကို အခွင့်ရေးပေး ကန်ခွင့်ပေးသင့်ပြီထင်တယ်။

အဆင့် ၈၊ Liverpool က Ryan Gravenberch ပါ။
ပုံမှန်အားဖြင့် ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပေမယ့်… ဂိုးသွင်းဖို့အတွက် position မမှန်တဲ့နေရာတွေကနေ ရလဒ်ကောင်းတွေ ရရှိအောင်လုပ်နိုင်ခဲ့တယ် – 0.32 xG ကနေ 1.02 xGOT အထိပါ။ ဒါဟာ ဉာဏ်ရည်နဲ့ နည်းပညာပါပဲ။

အဆင့် ၇၊ အခုဆို West Ham နဲ့ရှိနေတဲ့ Callum Wilson ပါ။
ဂိုးပေါက်ခြိမ်းခြောက်မှု ၆ကြိမ်၊ ဂိုးတစ်ဂိုး၊ ပြီးတော့ +0.73 ကွာခြားချက်ရှိတယ်။ ဒီရာသီမှာ တစ်ကြိမ်ပဲ စကစားခွင့်ရခဲ့ပေမယ့်… အခွင့်အရေးရတဲ့အခါမှာတော့ သူဟာ အေးအေးဆေးဆေး၊ စိတ်ရှည်ရှည်နဲ့ သေချာပေါက်ဂိုးသွင်းတတ်သူပါ။

အဆင့် ၆ မှာတော့ Burnley က Jaidon Anthony ပါ။
ဒီနှစ်Burnley ရဲ့ အဓိကလူဖြစ်လာခဲ့တယ် – သွင်းဂိုးသုံးဂိုးရှိပြီးဖြစ်ပြီး xGလိဂ်မှာ အဆင့်၆ ရောက်နေတယ်။ သူ့ရဲ့ နေရာချထားမှုက xG ကို 2.06 ကနေ 2.86 အထိ တင်ပေးနိုင်တယ်၊ +0.8 ကွာခြားချက်ပါ သူဟာ ကြုံတိုင်းကန်နေရုံတင်မကဘဲ ရွေးချယ်ကန်တတ်သူ ဆိုတာကို ပြသနေတာပါ။

အဆင့် ၅၊ Fulham အတွက်ကစားနေတဲ့ Harry Wilson ပါ။
ဒီရာသီမှာ ဂိုးပေါက်ခြိမ်းခြောက်မှု ငါးကြိမ်ပဲရှိပေမယ့် တစ်ကြိမ်စီတိုင်းကို တန်ဖိုးရှိရှိအသုံးချနိုင်ခဲ့တယ် ။ 0.47 xG ကို 1.29 xGOT အထိ တိုးမြှင့်နိုင်ခဲ့တယ်။ Wilson က ကန်လိုက်ပြီဆိုရင်… ဂိုးပိုက်ထဲရောက်မယ်ဆိုတာ သေချာနေပြီဖြစ်ပါတယ်။

အဆင့် ၄ – Chelsea က Moises Caicedo ပါ။
ဟုတ်ပါတယ်.. သင် အမှန်တကယ်ကြားလိုက်ရတာပါပဲ။ ဒီအီကွေဒေါကစားသမားကို ဂိုးသွင်းတဲ့အရာနဲ့ လူသိမများပေမယ့်… ဒီရာသီမှာတော့ ဂိုးနှစ်ဂိုးနဲ့အတူ 0.43 xG ကို 1.29 xGOT အထိ ပြောင်းလဲနိုင်ခဲ့တယ်။ တိကျမှု၊ အေးဆေးတည်ငြိမ်မှု။ မျှော်လင့်မထားတဲ့ ကျွမ်းကျင်မှုပါ။

အဆင့် ၃ မှာ – Tottenham Hotspur က Richarlison ပါ။
Thomas Frank အောက်မှာ ပြန်လည်မွေးဖွားလာသူပါ။ ဂိုးပေါက်ခြိမ်းခြောက်မှု ၁၃ ကြိမ်၊ 1.64 xG၊ ပြီး
တော့ 2.59 xGOT – +0.95 တိုးတက်မှုကြီးပါပဲ။
သူဟာ ယုံကြည်မှုတွေနဲ့ပြန်ကစားနေပြီ။- ပြီးခဲ့တဲ့ရာသီက လမ်းပျောက်နေတဲ့ တိုက်စစ်သမားအဖြစ်နဲ့ မဟုတ်တော့ပါဘူး။

အဆင့် ၂ – West Ham United ရဲ့ Jarrod Bowen ပါ။
အမြဲတမ်း မှန်ကန်တဲ့နေရာမှာ၊ အမြဲတမ်း ကန်ချက်ပြင်ဆင်ထားသူပါ။ သူ့ရဲ့ xG ကို 0.67 ကနေ 1.71 အထိ… +1.04 ကွာခြားချက်နဲ့ တိုးမြှင့်နိုင်ခဲ့တယ်။ ကန်ချက်တိုင်းဟာအမြဲထိရောက်
တယ်။ – သူဟာ သူ့ရဲ့Rhythm ကို ပြန်ရှာတွေ့နေပြီလဲဖြစ်တယ်။

ပြီးတော့… အဆင့် ၁ မှာ… အားလုံးထ အံ့ဩသင့်ဆုံးဖြစ်မယ့်သူ – Arsenal က Jurrien Timber ပါ။
ဟုတ်ပါတယ် – ခံစစ်ကစားသမားတစ်ယောက်ပါ။ ကန်ချက်ငါးကြိမ်ကနေပဲ ဂိုးနှစ်ဂိုးသွင်းနိုင်ခဲ့တယ်။
ဒီစာရင်းမှာ မပါသင့်တဲ့ နောက်တန်းကစားသမားတစ်ယောက်ဟာ… Salah၊ Richarlison နဲ့ Bowen တို့ပါဝင်တဲ့ စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်။ သူဟာ 1.2 xG ကို 2.45 xGOT အထိ – အံ့ဩစရာကောင်းတဲ့ +1.25 ကွာခြားချက် နဲ့ ပြောင်းလဲနိုင်ခဲ့တယ်။ဒါဟာ ကံကောင်းတာမဟုတ်ပါဘူး။ ဒါဟာ ပြည့်စုံတဲ့ အကောင်အထည်ဖော်မှုပါ။”

ဒါဆို… ဒါတွေအားလုံးက ဘာကိုပြောနေတာလဲဂိုးသွင်းခြင်းအတတ်ပညာဟာ ကိန်းဂဏန်းပမာဏသက်သက်အတွက်မဟုတ်တော့ဘူး။ ဒါဟာ အရည်အသွေးပါ ပါလာတာပါ။ခဏခဏအကြိမ်ရေးများများကန်တာမဟုတ်ဘူး။ဘောလုံးကို ဘယ်လောက်ကောင်းကောင်း ထိသလဲဆိုတာပါ။”

Timber၊ Caicedo နဲ့ Gravenberch တို့လို ကစားသမားတွေဟာ ဂ်ိုးသွင်းတယ်ဆိုတာနံပါတ် ၉ တွေကနေပဲ ရနိုင်တာမဟုတ်ဘူးဆိုတာကို သက်သေပြနေပါတယ်။ အလားတူပဲ… Salah နဲ့ Richarlison တို့လို ရိုးရာဂိုးသွင်းစက်တွေကလည်း သတိပေးနေပါတယ်။ သူတို့ဟာ ဒီစာရင်းမှာ အမြဲရှိနေတတ်ကြတယ်ဆိုတာကိုပါ။

အဆုံးမှာတော့… ဘောလုံးဟာ ရိုးရှင်းတဲ့ ဂိုးအရေအတွက်တွေကို ကျော်လွန်သွားပါပြီ။
ဒီဂိုးတွေ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို နားလည်ဖို့ဆီကို ရွေ့လျားနေပါတယ်။
xG နဲ့ xGOT ကြားက ကွာခြားချက်… အလားအလာနဲ့ အကောင်အထည်ဖော်မှုကြားက ကွာဟချက်မှာပဲ… တကယ့် အလှတရားက နေရာယူထားပါတယ်။

ဒါဟာ ဒီနေ့ခေတ် ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ ဇာတ်လမ်းပါပဲ…
စွမ်းအားထက် တိကျမှု။
အရှိန်အဟုန်ထက် နေရာချထားမှု။
ပြီးတော့… ကစားသမားကောင်းတွေကို… ကစားသမားကြီးတွေနဲ့ ခွဲခြားပေးတဲ့ တိတ်ဆိတ်နေတတ်တဲ့ ကျွမ်းကျင်မှုပါပဲ။”

author avatar
Innwas Editor