Innwa-Ads-Banner-1-1170X200

Pogba အတွက် လက်ခုပ်သံတစ်ချက်

လွန်ခဲ့တဲ့ နှစ်နှစ်က Pogba ဇာတ်လမ်းဟာ ပြီးဆုံးသွားခဲ့ပြီလို့ထင်ခဲ့ကြတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားကနေ. သူချစ်ရတဲ့ ပွဲတွေမှာ သူမပါဘဲ ထိုင်ကြည့်နေရတဲ့ လူတစ်ယောက် အထိဖြစ်သွားခဲ့တယ်။ဒဏ်ရာတွေ၊ အငြင်းပွါးဖွယ်ရာကိစ္စတွေ၊နောက်ဆုံးမှာ အားလုံးကို အဆုံးသတ်သွားစေနိုင်တဲ့ တာမြစ်ဆေး သုံးစွဲမှုတွေက သူ့ကစားသမားဘဝကို ရိုက်ချိုးခဲ့တယ်။ ဒါတွေဟာ သူ့အမှတ်အသား၊ သူ့ကစားဟန်၊ သူ့ယုံကြည်မှုတွေပါ ဆုံးရှုံးခဲ့ရတယ်။”

တစ်ချိန်က Pogba ဟာ နေရာတိုင်းမှာရှိခဲ့တယ်… ဘောလုံးမီဒီယာကို ကြီးစိုးရင်း၊ ဆုတံဆိပ်တွေ မြှောက်ရင်း၊ ပြင်သစ်ကို ကမ္ဘာ့ဖလားအောင်ပွဲတွေဆီ ခေါ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျော်ကြားမှုဆိုတာ မီးလျှံလိုပဲ။ မြန်မြန်လောင်ကျွမ်းတတ်တယ်။ Juventus မှာ သူ့ရဲ့ ဒုတိယအကြိမ် ပြန်ကစားရမယ့်အခွင့်ရေးဟာ အိပ်မက်ကနေ ကပ်ဘေးတစ်ခုအထိ ဖြစ်သွားခဲ့တယ်။

ဒဏ်ရာတွေက သူ့ခန္ဓာကိုယ်ကို ချိုးဖဲ့ခဲ့တယ်၊ ဝေဖန်မှုတွေက သူ့စိတ်အားထက်သန်မှုကို ချိုးဖဲ့ခဲ့တယ်။ ဒါ့အပြင် လေးနှစ်တာ ပိတ်ပင်ခံရမှုကြီးကမိုးကြိုးပစ်သလိုစုတ်ပြတ်သွားခဲ့ရတယ်။သတင်းခေါင်းစဉ်တွေ မရှိ၊ အောင်ပွဲခံတဲ့ဟန်တွေ မရှိပဲဖြစ်ခဲ့တယ်။ တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်ရင်း မျှော်လင့်ချက်အတွက် လိုက်ပြေးနေတဲ့ လူတစ်ယောက်သာ ရှိခဲ့တော့တယ်။

လူတွေက လှောင်ပြောင်ကြတယ်။
‘သူ ပြီးဆုံးသွားပြီ’ လို့ ဆိုကြတယ်။
ဒါပေမယ့် Pogba ကတော့… တိတ်တဆိတ်၊ ခေါင်းမာစွာနဲ့ပဲ… နားမထောင်ဖို့ ငြင်းဆန်ခဲ့တယ်။”

နှစ်နှစ်တာကာလ ၊ ဘောလုံးသမားတစ်ယောက်အတွက် ဒီအချိန်ဟာ ဘယ်လောက်ကြာမလဲဆိုတာ သင်သိလား။ ကွင်းထဲမဝင်ရတာ နှစ်နှစ်။ ပရိသတ်ရဲ့ လက်ခုပ်သံမကြားရတာ နှစ်နှစ်။ တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်ရင်း ကိုယ့်အသက်ရှူသံတွေသာ ကြားနေရတဲ့ နှစ်နှစ်။ အိမ်မက်ဆိုးပါပဲ။ Jesse Lingard လို မိတ်ဆွေတွေကတော့ သူ့ကို ဘယ်တော့မှ မေ့မသွားခဲ့ဘူး။ ‘ဆက်တောက်ပ စမ်းပဲကွာ’ လို့ အားပေးစကားဆိုခဲ့တယ်။

ဒီမက်ဆေ့ချ်ငယ်လေးထဲမှာ… နှစ်ပေါင်းများစွာကြာခဲ့တဲ့ မိတ်ဆွေရင်းရဲ့ သဘောထားတွေ ပါဝင်နေခဲ့ပြီး ဒါဟာ လူတိုင်းကို သတိရစေတယ်။အခုတော့… အချိန်ရောက်ပြီ။Monaco။ ကစားသမားဘဝအခန်းသစ်တစ်ခုပါ။ ဒါပေမယ့် Pogba အတွက်ကတော့… ဒါဟာ Spot Light အတွက် မဟုတ်တော့ဘူး။ဒါဟာ စိတ်နှလုံးသားအတွက်ပါ။ သူဟာ အေးဆေး
တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ ပွဲထွက်လာမယ်။ ကကွက်မပြ၊ စကားမပြော သူ့ခြေထောက်အောက်က ဘောလုံးလေးတစ်လုံးသာ ရှိတယ်။ ခြေထောက်တွေလေးလံနေကောင်းလေးလံနေမယ်.။ အရှိန်ဟာ အရင်လို မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် ဘောလုံးပေးပို့မှုတိုင်းဟာ မက်ဆေ့ချ်တစ်ခုပါပဲ – ‘ငါ ဒီမှာ ရှိနေတုန်းပဲ’။ ပရိသတ်က လက်ခုပ်တီးကြတယ်။
လက်ခုပ်တီးသံ တစ်ချက်။ ဒါဟာ ဘောလုံးအပေါ် စိတ်အားထက်သန်မှုရှိတဲ့ဒါလူတစ်ယောက်အတွက်ပါ။

Pogba ဟာ အရင်ကလို ကစားသမားမျိုး မဟုတ်တော့ဘူး… သူဟာ ပိုရင့်ကျက်လာခဲ့ပြီ။
အားလုံးဆုံးရှုံးခဲ့ရတဲ့ အရသာကိုသူခံစားခဲ့ရပြီ။ဒါဟာ လူတစ်ယောက်ကို ပြောင်းလဲသွားစေတယ်။
ပွဲတိုင်းဟာ လက်ဆောင်တစ်ခုပဲ။ သူက ဒါကို သိနေပြီ… ပြီးတော့ ဒါကို ခံစားပြီး ကစားနေတယ်။ နှစ်နှစ်အတွင်း ပထမဆုံးပွဲပြန်ကစားတော့မှာဖြစ်တယ်။. ဒီနေရာကို ရောက်လာဖို့ သူဘာတွေခံစားခဲ့ရလို့ပါ။ Pogba အတွက် လက်ခုပ်သံတစ်ချက်တီးပေးကြပါ။