Innwa-Ads-Banner-1-1170X200

Haalnd ရဲ့ စိန်ခေါ်သံ

ဒါဟာ နော်ဝေးအတွက် သာမန်လေ့ကျင့်ရေးနေ့တစ်နေ့ပါပဲ… ဒါပေမယ့် အသံတစ်ခု training ဆင်းရင်းထွက်လာခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အာရုံကို ပြောင်းလဲသွားစေခဲ့တယ်။
Erling Haaland ကရုတ်တရက်
“မင်းတို့ ပြေးဖို့ မစသေးဘူးလား” ဆိုတဲ့ စကားပါ။ စကားပြောလေများနေတဲ့ အသင်းဖော်တွေအကုန်ရုတ်တရက် အသိဝင်လာတယ်။ Norwayအသင်း training ဆင်းနေတဲ့ videoမှာ ကြားလိုက်ရတာပါ။ ဒီစကားလုံးတွေဟာ ကွင်းပြင်တစ်ခုလုံးမှာ ပဲ့တင်ထပ်နေခဲ့တယ်။ဒေါသမထွက်ဘူး။ရိုင်းရိုင်းစိုင်းစိုင်းလည်း မဟုတ်ဘူး။ ဒါပေမယ့်… အမှန်တရားကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ဒီခဏတာအခိုက်အတန့်မှာပဲ၊ ခေါင်းဆောင်မှုဆိုတာ တကယ်တော့ ဘယ်လိုပုံစံမျိုးလဲဆိုတာ မြင်တွေ့လိုက်ရတယ်။

Haaland ဟာ ကျော်ကြားမှုနောက်ကို လိုက်နေတဲ့ ကစားသမားမျိုး ဘယ်တော့မှမဟုတ်ခဲ့ဘူး။သူဟာ ပါရမီရှင်တစ်ယောက်ပါ — အနိုင်နဲ့ အရှုံးကို ခွဲခြားသတ်မှတ်ပေးတဲ့ အသေးစိတ်အချက်တိုင်း၊ လှုပ်ရှားမှုတိုင်း၊ စက္ကန့်တိုင်းကို စွဲလမ်းနေသူတစ်ယောက်ပါ။သူဟာ သူ့ရဲ့ နိုင်ငံအသင်းနဲ့ လေ့ကျင့်တဲ့အခါမှာတော့ ဒီစိတ်ဓာတ်က ပိုပြီးတောင် တောက်လောင်နေတတ်တယ်။ နော်ဝေးအသင်းကြီး နောက်ဆုံး အဓိကပြိုင်ပွဲကြီးတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တာ ၂၀၀၀ ပြည့်နှစ်ကတည်းကပါ။Haaland အတွက်ကတော့ ဒါဟာ စိန်ခေါ်မှုတစ်ရပ်ပါ။

သူသိပါတယ်… ဘာတွေဖြစ်နိုင်တယ်ဆိုတာကို။ သူသိပါတယ်… ကမ္ဘာကြီးက စောင့်ကြည့်နေတယ်ဆိုတာကို။
ပြီးတော့ သူသိပါတယ်… အနိုင်ရလိုစိတ်ဆာလောင်မွတ်သိပ်မှုမရှိတဲ့ ပါရမီဟာ… ဘာမှမဟုတ်ဘူးဆိုတာကို။

လေ့ကျင့်ရေးမှာ သူအော်လိုက်တဲ့စကားဟာ မထေမဲ့မြင်ပြုတာမျိုးမဟုတ်ဘူး — ဒါဟာ နိုးကြားလာစေဖို့ ခေါင်းလောင်းသံတစ်ချက်ပါ။ သူပြောခဲ့စကား “ကျွန်တော်တို့ ထိပ်ဆုံးကိုရောက်ချင်ရင်… လမ်းပဲလျှောက်လို့မရပါဘူး။ ပြေးရမှာပါ။” သိပ်တန်ဖိုးရှိတဲ့စကားပါ။

ဒါဟာ Haaland ရဲ့ ခေါင်းဆောင်လိုစိတ်ပါ။ သူဟာ ဂိုးသွင်းပေးနိုင်တဲ့သူတင်မကဘူး၊ စံချိန်စံညွှန်းတွေ ချမှတ်ပေးနိုင်တဲ့သူလည်းဖြစ်နေတယ်။ပြေးနေတဲ့ ခြေလှမ်းတိုင်း၊ ပို့နေတဲ့ ဘောလုံးတိုင်း၊ သွင်းလိုက်တဲ့ဂိုးတိုင်းဟာ အဓိပ္ပာယ်တစ်ခုခုရှိရမယ်။

Cristiano Ronaldo နဲ့ Zlatan Ibrahimović တို့လို ကစားသမားတွေဟာ တစ်ချိန်က ဒီလိုစွမ်းအားတွေနဲ့ပဲ သူတို့အသင်းကို ဦးဆောင်ခဲ့ကြတာပါ။ ပြင်းထန်တယ်၊ တောင်းဆိုမှုမြင့်မားတယ်၊ မတားဆီးနိုင်ဘူး။ အခု Haaland ဟာ ဒီလမ်းကိုလျှောက်နေ တယ်။ အသက် ၂၅ နှစ်ရောက်လာချိန်မှာ သူဟာ ဘောလုံးသမားတစ်ယောက်ထက် ပိုတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာနေပြီ။သူဟာ နော်ဝေးရဲ့ ယုံကြည်ချက်ကို ကိုယ်စားပြုနေတဲ့ သင်္ကေတတစ်ခု — သာမန်အဆင့်ကို လက်မခံချင်တဲ့ အသံတစ်သံ ဖြစ်လာနေပြီ။

တစ်ချို့က ဒါကို ကြမ်းတမ်းတယ်လို့ ခေါ်ကောင်းခေါ်ကြမယ်။
ဒါပေမယ့် အမှန်တရားကရော…
ဒါဟာ Haaland ရဲ့ အနိုင်ဆာလောင်စိတ်ပါပဲ။ သူ့အသင်းအပေါ်ထားတဲ့ စိတ်၊ သူ့နိုင်ငံအပေါ်ထားတဲ့ စိတ်၊ သူ့ကို ဒီလိုဖြစ်လာစေခဲ့တဲ့ ဘောလုံးအားကစားအပေါ်ထားတဲ့ Passionပါပဲ။
သူအားထုတ်ရတယ်… ဘာဖြစ်လို့လဲဆိုတော့ သူဂရုစိုက်လို့ပါ။
သူတောင်းဆိုတယ်… ဘာဖြစ်လို့လဲဆိုတော့ သူယုံကြည်လို့ပါ။

တစ်နေ့မှာ… နော်ဝေးအသင်းကြီး နောက်ဆုံးအောင်မြင်မှုရလာခဲ့ရင် သူတို့ဟာ ဒီအခိုက်အတန့်ကို ပြန်လည်သတိရကြမယ်။ ပြီးတော့ အောင်မြင်မှုရဲ့ အစဟာ လေ့ကျင့်ရေးကွင်းထဲက အော်သံတစ်သံကနေ စတင်ခဲ့တယ်ဆိုတာ သဘောပေါက်သွားကြမယ်။

“မင်းတို့ ပြေးဖို့ မစသေးဘူးလား”