Innwa-Ads-Banner-1-1170X200

ကားလမ်းမ​ပေါ်မှာ ရေသန့်ဘူးရောင်းရင်း စီးရီးအေရဲ့တန်ကြေးကြီး ကစားသမားဖြစ်လာခဲ့သူ

Victor Osimhen ဟာ ဥရောပရဲ့ အကြောက်ရဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့တာထက် စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုရှိနေပါတယ်။ဘောလုံးသမား မဖြစ်က သူဟာ လာဂို့စ်မြို့ရဲ့ ယာဉ်ကြောပိတ်နေတတ်တဲ့ လမ်းများပေါ် ပြေးလွှားနေခဲ့တဲ့ ကောင်လေးတစ်ဦးပါ။ Olusosun ရပ်ကွက်ထဲက ဘဝဟာ မလွယ်ကူခဲ့ပါဘူး။ သူ့မိသားစုဟာ အမှိုက်ပုံဘေးမှာ နေထိုင်ခဲ့ရပြီး၊ စားပွဲပေါ်အစားအစာတင်နိုင်ဖို့အတွက် Victor ဟာ နေ့စဉ်နေ့တိုင်း သူ့အစ်ကိုနဲ့အတူ ခရီးသည်တွေကို ရေသန့်ဗူး၊ သတင်းစာရောင်းခဲ့ရပါတယ်။ သူ့အမေ ကွယ်လွန်ပြီးနောက် သူ့ဖခင် အလုပ်ပြုတ်သွားချိန်မှာတော့ အောင်မြင်ဖို့ထက် ရှင်သန်ကျန်ရစ်ဖို့ကသာ တစ်ခုတည်းသော ပန်းတိုင်ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ကားဟွန်းသံတွေနဲ့ ဖုန်ထူတဲ့လေထုကြားထဲမှာတော့ အိပ်မက်တစ်ခု စတင်ခဲ့ပါတယ်။ Victor ဟာ အဝတ်စုတ်တွေ၊ ဗူးတွေနဲ့ လုပ်ထားတဲ့ ပလတ်စတစ်ဘောလုံးတွေကို ခေါက်လုံး ကစားလေ့ရှိပြီး ညဉ့်နက်တဲ့အထိ ခြေဗလာနဲ့ ကစားခဲ့ပါတယ်။ သူရဲ့ ကြမ်းတမ်းတဲ့ ဘဝကို လူတွေက လှောင်ပြောငါငြင်းပယ်ခဲ့ကြပေမယ့်၊ သူ့မှာ ထူးခြားတဲ့ အရာတစ်ခုရှိခဲ့ပါတယ် – ဆာလောင်မှုပါ။ စားစရာအတွက် ဆာလောင်မှုတင်မကဘဲ၊ ပိုကြီးမားတဲ့ အရာအတွက် ဆာလောင်မှုပါ။ ဒီဆာလောင်မှုကြောင့်ပဲ လူရွေးချယ်ပွဲကို ခရီးစရိတ် မတတ်နိုင်ခဲ့တာကြောင့် မိုင်၄၀ခရီးကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လမ်းလျှောက်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံ လူငယ်အသင်းတွေမှာ စမ်းသပ်ကစားခွင့်အတွက်လည်း အားထုတ်ခဲ့ပါတယ်။ တစ်ခါတစ်ရံ မိုင်ပေါင်းများစွာ လမ်းလျှောက်ရတယ်၊ တစ်ခါတစ်ရံ ဘတ်စ်ကားတွေပေါ် တိတ်တဆိတ် ခိုးတက်ခဲ့တယ်၊ ဒါတွေအားလုံးက ဘောလုံးလေးတစ်လုံးနောက် လိုက်ဖို့အတွက်ပါ။

သူ့ရဲ့ အခွင့်ရေးဖြစ်လာမယ့်အချိန်က Nigeria ရဲ့ U-17 အမျိုးသားအသင်း ရဲ့ Scout ရပ်ကွက်ထဲရောက်လာပြီးချိန်ဖြစ်ခဲ့တယ်။ ၂၀၁၅ ခုနှစ်၊ Chile နိုင်ငံမှာကျင်းပတဲ့ U-17 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ၊ တစ်ခါက လမ်းမပေါက်က လူတွေကို ရေရောင်းခဲ့ရတဲ့ ကောင်လေးဟာ နိုင်ငံ့သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပါတယ် ။ ဆယ်ဂိုးသွင်းပြီး Golden Boot ဆုနဲ့အတူ ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဥရောပကနေ ကမ်းလှမ်းချက်တွေ လိုက်ပါလာခဲ့ပြီး Osimhen ဟာ ဂျာမနီက Wolfsburg အသင်းကို ချိတ်ခဲ့ပါတယ်။ ဒါပေမယ့် အိပ်မက်ဆိုးကြီးက မြန်မြန်ဆန်ဆန်ပဲ ခက်ခဲမှုတွေ ပြောင်းသွားပါတယ်။ ဒဏ်ရာတွေ၊ အထီးကျန်မှုတွေနဲ့ ချမ်းစိမ့်စိမ့်ရာသီဥတုတွေက အရာအားလုံးကို သံသယဝင်စေခဲ့ပါတယ်။ လူအများကတော့ သူဟာ ဘယ်တော့မှ မအောင်မြင်နိုင်ခဲ့တဲ့ အာဖရိကမျိုးဆက်တွေလို ပျောက်ကွယ်သွားမယ်လို့ ထင်ခဲ့ကြပါတယ်။

ဒါပေမယ့် Osimhen ဟာ လက်လျှော့ဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူဟာ ဘယ်လ်ဂျီယမ်ကို ပြောင်းရွှေ့ခဲ့ပြီး၊ ပြင်သစ်က Lille အသင်းကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာတော့ သူရဲ့ မရပ်မနား ကြိုးစားမှုနဲ့ ကြောက်ရွံ့မှုမရှိတဲ့ စိတ်ထားတွေ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ လပိုင်းအတွင်းမှာပဲ သူဟာ အပတ်စဉ် ဂိုးတွေ သွင်းနေခဲ့ပါတယ်။ မကြာခင်မှာပဲ အီတလီက ခေါ်ယူလာခဲ့ပါတယ်။ Napoli အသင်းက ယူရိုသန်းပေါင်း ၇၀ ကျော် ပေးပြီး သူ့ကို ဝယ်ယူလိုက်တဲ့အခါ – သူ့ကို အာဖရိကရဲ့ အဈေးကြီးဆုံး ကစားသမားအဖြစ် ပြောင်းလဲစေခဲ့ပါတယ် – လူတွေက သူဟာ ဖိအားကို ခံနိုင်ရည်ရှိမလားလို့ တွေးခဲ့ကြပါတယ်။ သူဟာ ခံနိုင်ရည်ရှိရုံတင်မကဘဲ အောင်နိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ သူဟာ Napoli အသင်းကို နှစ် ၃၀ အတွင်း ပထမဆုံး Serie A ချန်ပီယံဆု ရရှိအောင် ဦးဆောင်နိုင်ခဲ့ပြီး၊ လာဂို့စ်က လမ်းမပေါ်မှာ တစ်ခါက ပြသခဲ့တဲ့ စိတ်အားထက်သန်မှုအတိုင်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဂိုးသွင်းပြီး ဝမ်းသာပျော်ရွှင်မှုတိုင်းရဲ့ နောက်ကွယ်မှာ၊ ကစားကွင်းပေါ်မှာ သူဝတ်ဆင်တဲ့ မျက်နှာဖုံးတိုင်းရဲ့ နောက်ကွယ်မှာ၊ လက်မလျှော့ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ဇာတ်လမ်းရှိပါတယ်။ နာကျင်မှုကို စွမ်းအင်အဖြစ် ပြောင်းလဲခဲ့တဲ့ ကောင်လေးပါ။ ဒီနေ့ Victor Osimhen ဟာ ဘောလုံးသမားတစ်ဦးတင်မကတော့ပါဘူး – လမ်းထောင့်တွေမှာ ပစ္စည်းရောင်းချနေတဲ့ သန်းပေါင်းများစွာသော ကလေးတွေအတွက် မျှော်လင့်ချက်ရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်နေပါပြီ။ အိပ်မက်တွေဟာ ဘယ်နေရာကမှာမဆို စတင်နိုင်တယ်ဆိုတာကို ယုံကြည်စေတဲ့ သူ့ဘဝဟာ ကျွန်တော်တို့ကို သတိရစေတာက ကျွမ်းကျင်မှုက တံခါးဖွင့်ပေးတယ်၊ ဒါပေမယ့် ဇွဲလုံ့လကသာ အပြီးသို့ ရောက်အောင်ပို့ဆောင်တယ်ဆိုတာပါပဲ။