Innwa-Ads-Banner-1-1170X200

လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူ Jurrien Timber

ရာသီစ ပွဲခုနှစ်ပွဲကြာပြီးချိန်… Arsenal ဟာ Premier League ထိပ်ဆုံးနေရာသို့ ပြန်ရောက်ရှိနေပါပြီ။
တစ်ပွဲတည်းသာ ရှုံးနိမ့်ထာပြီး ၁၄ဂိုးထိ သွင်းယူနိုင်ခဲ့တယ်။ အခြားမည်သည့်အသင်းထက်မဆို ပေးဂ်ိုးအနည်းဆုံး အသင်းလဲဖြစ်ပါတယ်။

Liverpool ယိုင်နဲ့နေချိန်… Manchester City လည်း နလန်ထာခါစ အချိန်ဆိုတော့ အင်္ဂလန်တစ်ဝှမ်းရှိ စကားစုများဟာလည်း ပိုမိုကျယ်လောင်လာခဲ့ပါပြီ။- ရုတ်တရက်ဆိုသလို လူတိုင်းက တူညီတဲ့မေးခွန်းကိုမေးနေကြတယ် – “ဒီတစ်ကြိမ်မှာတော့ Arsenal ရဲ့နှစ်ဖြစ်မလား?”ဒီတစ်ကြိမ်ဟာ မျှော်လင့်ချက်မဟုတ်တည်ဆောက်မှုပုံစံဖြစ်ပါတယ်။. ဒီတစ်ကြိမ်မှာတော့ မှားယွင်းတဲ့မျှော်လင့်ချက်တစ်ခုလိုမခံစားရတော့ပါဘူး။
Gunners အသင်းဟာ ဟန်ချက်ညီပြီး ရင့်ကျက်ကာ မရပ်မနားတိုက်ခိုက်နေတယ်။ Mikel Arteta ရဲ့အသင်းဟာ ခံစစ်ကနေ တိုက်စစ်အထိ ပြည့်စုံလွန်းနေတယ်။

Viktor Gyökeres လို အမှန်တကယ်လိုအပ်နေတဲ့striker တစ်ဦးရှိလာပြီ။Sakaကို ဖိအားပေးနိုင်မယ့် Noni Madueke လဲ အတော်လေးကောင်းနေသလို Eberechi Eze နဲ့ Martin Zubimendi တို့ကလည်း သူတို့ဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ဆိုတာ ပြသထားနိုင်တယ်။Piero Hincapié တို့လို ကောင်းမွန်တဲ့ ကစားသမားတွေကလဲ ဒဏ်ရာကသက်သာလာတာနဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ဖို့အဆင်သင့်ပါ။

အဲ့ဒီကစားကောင်းတွေများစွာထဲကမှ အသစ်လို့ပဲဆိုရမလား၊ အဟောင်းလို့ပဲဆိုရမလား၊ အဟောင်းပဲဆိုပါတော့။ ဒဏ်ရာပြဿနာကနေ လုံးဝကင်းလွတ်ခဲ့ပြီဖြစ်တဲ့ Jurrien Timberဟာ အာဆင်နယ်အတွက် အဓိက ခြေစွမ်းပြပြီး ပရိသတ်တွေ သိပ်သတိမထားမိနေတဲ့ ကစားသမားလဲဖြစ်ပါတယ်။ ဒတ်ချ်လူမျိုး Timber ဟာ အရင်က Premier League ပထမဆုံးပွဲမှာ ACL ဒဏ်ရာနဲ့ထွက်ခဲ့ရသူဖြစ်ပေမယ့် အခုတော့ Arsenal ရဲ့ နှစ်ပေါင်းများစွာအတွင်း အပြည့်စုံဆုံးနဲ့အစွမ်းထက်ဆုံး ညာနောက်ခံလူဖြစ်လာနေပါပြီ။

ချို့ယွင်းချက်ကနေ ပြန်လည်စတင်ခြင်းအထိ

Timber ရဲ့အင်္ဂလန်မှာပထမဆုံးရာသီဟာ သူ့ကိုကျိုးပဲ့စေခဲ့တယ်။ ပထမဆုံးပွဲမှာပဲ ACL ဒဏ်ရာရခြင်းဟာ… ကစားသမားအများစုအတွက်တော့ အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒါပေမယ့် Timber အတွက်ကတော့ ဝန်ခံပြောမထားတဲ့ကောင်းချက်တစ်ခုဖြစ်လာတယ်။ သူဟာ ဒီပြန်လည်နာလန်ထူရေးကာလအတွင်းမှာ အင်္ဂလိပ်ဘောလုံးအကြောင်းကို သင်ယူခဲ့တယ်။ ဆီလျော်အောင်လုပ်ခဲ့တယ်။ ရသမျှအကုန် သင်ကြားစုပ်ယူခဲ့တယ်။ Premier League ရဲ့ တောက်ပနေတဲ့မီးရောင်တွေအောက်မှာမဟုတ်ဘဲ တိတ်ဆိတ်စွာပဲ လေ့လာမှုနဲ့၊ သည်းခံမှုကို ပေါင်းစည်းနိုင်ခဲ့ပါတယ်။

သူကွင်းထဲပြန်ရောက်လာတဲ့အခါမှာ Ajax ကရောက်လာတဲ့ကစားသမားဟောင်းမဟုတ်တော့ဘူး ပိုပြီးတော့ဉာဏ်ကောင်းလာတယ်။ အေးဆေးတည်ငြိမ်လာပြီး Mikel Arteta ရဲ့ နည်းဗျူဟာမြောက် စနစ်နဲ့ လုံးဝကိုက်ညီနေတယ်။ ပြီးခဲ့တဲ့ရာသီက သူဟာ လိဂ်ပွဲ ၂၇ ပွဲစလုံးစတင်ကစားခွင့်ရခဲ့ပြီး သူ့နည်းသူ့ဟန်နဲ့ပြန်ဝင်လာနိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူဟာပွဲတိုင်းမှာရှိနေတယ် ။- ပရီးမီးယားလိဂ်၇ ပွဲလုံးပါဝင်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ Premier League မှာအကောင်းဆုံးညာနောက်ခံလူဆိုတာလဲ ငြင်းမရပါဘူး။

ဗဟိုခံစစ်ကနေ ညာနောက်ခံလူ အဖြစ်သို့

Ajax မှာတုန်းက Timber ဟာ ခေတ်မီဘောလုံးကစားတတ်တဲ့ ခံစစ်ဗဟိုကစားသမားအဖြစ်သိခဲ့ကြတယ်။အလယ်တန်းကစားသမားတစ်ယောက်လိုပေးပို့တတ်တဲ့ ခံစစ်ကစားသမားတစ်ယောက်၊
ခံစစ်အတွင်းကနေတိုက်စစ်စတင်နိုင်ပြီး ပွဲစဉ်တစ်ခုလုံးရဲ့ကစားဟန်ကိုထိန်းချုပ်နိုင်သူပါ။ ဒါပေမယ့် Arteta အောက်မှာတော့ သူ့ရဲ့ပြောင်းလဲမှုကကြီးမားတယ်။ William Saliba နဲ့ Gabriel Magalhães တို့ ဗဟိုခံစစ်မှာခိုင်ခိုင်မာမာရှိနေတဲ့အခါ Arteta ကအခု ခံစစ်လိုင်းတစ်လျှောက် ဗဟ်ိုခံစစ်မှူး ၄ ယောက်သုံးပုံစံကို နှစ်သက်လာတယ်။ Calafiori နဲ့ Timber လည်းပါဝင်ခဲ့တယ်။ တစ်ယောက်စီကို ကွင်းလယ်တန်းထဲဝင်ဖို့၊ ဖိကစားဖို့၊ တိုက်ခိုက်ဖို့၊ နေရာတိုင်းမှာ အင်အားသာလွန်မှုဖန်တီးဖို့ ယုံကြည်ထားကြတယ်။

Timber ဟာ ညာဘက်ခြမ်းကိုကာကွယ်ရုံသက်သက်မဟုတ်ဘူး။ – ပိုင်ဆိုင်စိုးမိုးထားတယ်။ သူဟာ ဦးဆောင်သူတစ်ယောက်လို ရှေ့ထွက်ပြီး အလယ်တန်းနဲ့တိုက်စစ်ကိုချိတ်ဆက်ပေးတယ်၊ အရင်ကခံစစ်ကာကွယ်ရေးအခန်းကဏ္ဍဖြစ်ခဲ့တာကို ဖန်တီးမှုအခန်းကဏ္ဍအဖြစ်ပြောင်းလဲပစ်ခဲ့တယ်။

အသံတွေရဲ့နောက်က ဂဏန်းတွေ

ဒေတာတွေကကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်ကိုပြောပြနေတယ်။Timber မှာ ဒီရာသီ ဘောလုံးထိချက်၄၀၀ ကျော် ရှိနေပြီ။ နောက်တန်းကစားသမားအားလုံးထဲမှာ စတုတ္ထနေရာမှာရှိတယ်။ သူ့မှာ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ထိတွေ့မှု ၂၄ ကြိမ် လည်းရှိတယ်၊ ပရီးမီးယားလိဂ်ထဲက အခြားမည်သည့်နောက်တန်းကစားသမားထက်မဆို ၈ ကြိမ်ပိုများတယ်။ ဒါကမတော်တဆမဟုတ်ပါဘူး။ Arteta ရဲ့ဒီဇိုင်းက နောက်တန်းကစားသမားတွေကို အတွင်းဘက်ထိဝင်ခိုင်းပြီး Zoning ချဲ့နိုင်သမျှ ချဲ့ခိုင်းထားတာကြောင့်ပါ။ ဒါကြောင့် Saka (သို့) Madueke တို့တိုက်စစ်ဗဟိုချက်ကိုရောက်သွားတဲ့အခါ Timber ကထွက်ပေါက်ဖြစ်လာတယ်။ ပြိုင်ဘက်ခံစစ်ကို Timber က overload ဝင်လုပ်ပြီး ဆန့်ထုတ်တယ်။ နေရာလွတ်တွေထဲကနေဖြတ်ပြီး Arsenal ကိုတိုက်စစ်မှာ အပိုဆောင်းနေရာယူပေးတယ်။

Arsenal ရဲ့တိုက်စစ် ၃၉% က ဒီရာသီညာဘက်ခြမ်းကနေလာတယ်ဆိုတာမဆန်းတော့ပါဘူး – လိဂ်ထဲမှာ တတိယအမြင့်ဆုံးအချိုးအစားဖြစ်တယ်။ သူဟာ ပွဲစဉ် ၁ ကနေ ၇ အထိ အခွင့်အရေး ၈ ချက် ဖန်တီးပြီးပြီ။ Premier League နောက်တန်းကစားသမားအားလုံးထဲမှာအများဆုံးဖြစ်တယ်။ ပိုပြီးအထင်ကြီးစရာကောင်းတာက Timber ဟာ ခံစစ်ကစားသမားအနေနဲ့ပဲနယ်တီယူပေးနိုင်ခဲ့တဲ့တစ်ယောက်တည်းသောခံစစ်ကစားသမားဖြစ်တယ်။Timber ဟာ Liverpool အတွက် Trent Alexander-Arnold ဖြစ်ခဲ့သလိုဖြစ်လာတယ်။အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတိုင်းရဲ့စတင်ရာမှာ သူရှိတယ်။ ဒါပေမယ့် Trent ထက်ပိုကောင်းတာ ခံစစ်ပိုင်းပါ။

မီးမောင်းထိုးပြမှုမရှိသော နံရံ

Timber ကိုပိုပြီးအထင်ကြီးစရာကောင်းစေတာက သူဟာ တိုက်စစ်ပိုင်းသိသိသာသာလိုက်နေရသည့်တိုင် ခံစစ်ပိုင်းမှာလဲ လုံဝ မလျော့ပါဘူး။ အခြားသူတွေကတိုက်စစ်မှာပဲတောက်ပနေချိန်မှာ Timber ရဲ့ဟန်ချက်ညီမှုက သူ့ကိုကွဲထွက်နေစေခဲ့တယ်။

သူဟာ ထိပ်တိုက်ကျော်ဖြတ်မှုကို တာဆီးန်ိုင်ခဲ့တာ ၂၅ ကြိမ်ထိ ရှိတယ်။ နောက်တန်းကစားသမားတွေထဲမှာ Tyrick Mitchell ပြီးရင်ဒုတိယ၊ စုစုပေါင်းပရီးမီးယားလိဂ်ထဲမှာဆိုတတိယနေရာမှာရှိတယ်။ သူ့ကို ပြ်ိုင်ဘက်ကစားသမားတွေ ၄ ကြိမ်သာ ကျော်နိုင်ခဲ့တယ်။ အောင်မြင်မှုနှုန်း ၈၆% ကျော်နဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

သူဟာ မဆင်မခြင်ဘယ်အရာမှ မလုပ်ဘူး – အရာအားလုံးကို ချ်ိန်စားကိုက်မှန်အောင်လုပ်တယ်။အန္တရာယ်ကိုစောစောသိအောင်ကြိုဖတ်တယ်၊ ပေးပို့မှုလမ်းကြောင်းတွေကိုဖြတ်တယ်။ တစ်ယောက်ချင်းစီကျော်ဖြတ်မှုတိုင်းမှာ ဒတ်ချ်သားက အေးဆေးတည်ငြိမ်မှုကိုယူဆောင်လာနိုင်ခဲ့တယ်။

ညာနောက်ခံလူ ပုံစံအသစ်

လွန်ခဲ့တဲ့ နှစ်တွေထဲPremier League ရဲ့အကောင်းဆုံးညာနောက်ခံလူတွေထဲမှာ အာဆင်နဖဘ်သူမပါခဲ့ဘူး။ Trent Alexander-Arnold က ဖန်တီးနိုင်စွမ်း၊ Reece James က ကိုယ်ခန္ဓာသန်စွမ်းမှု၊ Pedro Porro က တိုက်စစ်စွမ်းရည်၊ Daniel Muñoz က ပြင်းထန်မှု စတာတွေနဲ့သာ ပြည့်နေခဲ့တာပါ။ ဒါပေမယ့် အခုတော့ Timber ကဒီစာရင်းကိုပြန်လည် သတ်မှတ်နေပြီး။

Timber က အပေါ်မှာဖော်ပြထားတဲ့ သူတွေအားလုံးရဲ့အားသာချက်တွေကိုပေါင်းစပ်ထားတယ် –
အလယ်တန်းတစ်ယောက်ရဲ့ပေးပို့မှုအကွာအဝေး၊ ဗဟိုခံစစ်တစ်ယောက်ရဲ့ဗီဇ၊ မမောမပန်း အားထုတ်ကစားန်ိုင်တဲ့ စွမ်းရည်တွေကိုပေါင်းစပ်ထားတယ်။ ခေတ်သစ်ဘောလုံးမှာရှားပါးတဲ့မျိုးစိတ်ပါပဲ။

ဥရောပရဲ့အကောင်းဆုံးတွေနဲ့ရပ်တည်နေခြင်း

အင်္ဂလန်ကိုကျော်လွန်ပြီးတော့လည်း Timber ရဲ့နာမည်ကထိပ်တန်းအသိုင်းအဝိုင်းထဲမှာရှိတယ်။
PSG ရဲ့ Achraf Hakimi၊ Barcelona ရဲ့ Jules Koundé တို့ဟာ လက်ရှိမှာသူ့ရဲ့အနီးဆုံးပြိုင်ဘက်တွေပါ။ သုံးယောက်စလုံးမှာ တူညီတဲ့ပေါင်းစပ်လက္ခဏာရှိတယ် – ခံစစ်အကာအကွယ်၊ ဖန်တီးသူ၊ နဲ့ ထိန်းချုပ်သူတစ်ယောက်တည်းပါ။

ဒါပေမယ့် Premier League အတွင်းမှာတော့…
Timber ကလက်ရှိမှာထိပ်ဆုံးတစ်ကိုယ်တည်းရပ်တည်နေတယ်။သူ့ရဲ့တစ်သမတ်တည်းဖြစ်မှု၊ ဟန်ချက်ညီမှု၊ နဲ့ နည်းဗျူဟာမြောက်ရင့်ကျက်မှုတို့က သူ့ကိုအခြားသူတွေထက် မြှင့်တင်ပေးထားနိုင်
တယ်။ သူကသူ့အလုပ်ကိုလုပ်ရုံသက်သက်မဟုတ်ဘူး – ပြန်လည်တီထွင်နေတယ်။

Arsenal ရဲ့အထူးပြုလက္ခဏာအသစ်ရဲ့သင်္ကေတ

လူတွေ Arsenal ရဲ့ချန်ပီယံလုမှုအကြောင်းပြောတဲ့အခါ…သူတို့ကဂိုးတွေ၊ ကစားသမားအသစ်တွေ၊ နဲ့တိုးတက်လာတဲ့စိတ်ဓာတ်ကိုပြောကြတယ်။ ဒါပေမယ့် တကယ့်ဇာတ်လမ်း – မမြင်ရတဲ့နှလုံးခုန်သံ – က Timber လိုကစားသမားတွေမှာတည်ရှိတယ်။ သူက Arteta ရဲ့ Arsenal ကို စည်းကမ်း၊ ဉာဏ်ရည်ဉာဏ်သွေး၊ နဲ့ တိတ်ဆိတ်တဲ့ယုံကြည်မှု တို့နဲ့ က်ိုယ်စားပြုထားတယ်။ သူဟာခေါင်းကြီးသတင်းတွေ မလိုအပ်ဘူး။ သူက သံစုံတီးဝိုင်း တီးခတ်နေတဲ့ တူရိယာသမားတွေရဲ့နောက်က တည်ငြိမ်တဲ့သူဖြစ်တယ်။

လွန်ခဲ့တဲ့နှစ်က Jurrien Timber ဟာ ကုသမှုကုတင်ပေါ်မှာအိပ်လျက်ရှိနေခဲ့တယ်၊ သူ့ရာသီက
မစတင်မီတည်းက ကျိုးပဲ့သွားခဲ့တယ်။ ဒီနေ့မှာတော့ သူက Arsenal ရဲ့တိတ်ဆိတ်တဲ့ခေါင်းဆောင်ဖြစ်နေပြီ။ သူကစနစ်တစ်ခုအလုပ်လုပ်အောင် တည်ဆောက်ပေးနိုင်ဘောလုံးသမားမျိုးပါ။ အသင်းကောင်းတွေကို ချန်ပီယံအသင်းတွေဖြစ်အောင်ပြောင်းလဲတဲ့ ကစားသမားမျိုးပါ။ ဒါကြောင့် Arsenal ကဒီရာသီမှာအဆုံးထိသွားမယ်ဆိုရင် ကြာမြင့်စွာမျှော်လင့်ခဲ့ရတဲ့ Premier League ဆုတံဆိပ်ကိုမြှောက်မယ်ဆိုရင်၊ ချီးကျူးဂုဏ်ပြုမှုတွေဟာ နာမည်ကြိီးကြယ်ပွင့်တွေဆီရောက်သွားလိမ့်မယ် ။Saka၊ Ødegaard၊ Gyökeres တို့အတွက်ပေါ့။ ဒါပေမယ့် နက်ရှိုင်းစွာမှာတော့ ဘောလုံးကိုနားလည်သူတွေသိကြမှာပါ -ဒါဟာ Timber ပါ၊ ညာဘက်မှာရှိတဲ့တိတ်ဆိတ်တဲ့စက်မှုအင်ဂျင်ဟာ…အရာအားလုံးကိုအဆင်ပြေအောင်လုပ်ပေးခဲ့တာပါ။