လူတွေက ၂၀၁၀ ပြည့်လွန်နှစ်တွေက Liverpoolရဲ့ ခံစစ်ကာကွယ်သမားတွေအကြောင်း ပြောကြတဲ့အခါသွေး၊ ချွေးနဲ့ မီးတောက်တွေရဲ့ အမှတ်တရကို အမြဲဆောင်ခဲ့တဲ့ အမည်တစ်ခုရှိပါတယ်… Martin Škrtel ပါ…ဂတုံးအမြဲတုံးထားပြီး… ကြောက်ရွံ့မှုကိုတောင် ဖြတ်ထုတ်နိုင်မယ့်မျက်လုံးတွေနဲ့ Slovak လူမျိုး စစ်သူကြီးတစ်ယောက်ပေ့ါ။အသင်းတံဆိပ်အတွက် သွေးချွေးကျခဲ့သူ၊ ဘယ်တော့မှ မခိုမကပ် ကစားခဲ့သူတစ်ယောက်ဆိုလဲမမှားပါဘူး။
ဒါပေမယ့်… ဒီဇာတ်လမ်းက… Drogba ဒါမှမဟုတ် Rooney တို့ကို တားဆီးခဲ့ရတဲ့ Martin Škrtel အကြောင်း မဟုတ်ပါဘူး။ ဒါကတော့… သူဘာတွေ လုပ်နေသလဲ ဆိုတဲ့ အကြောင်းပါ။ ဘာကြောင့်လဲဆိုတော့… ဘောလုံးသမားအများစုဟာ အနားယူပြီးတဲ့နောက် တိတ်ဆိတ်တဲ့ ဘဝတွေထဲ ပျောက်ကွယ်သွားတတ်ကြပေမယ့် Škrtel ရဲ့ ဒုတိယဇာတ်လမ်းကတော့ ဂိုးတွေ ၊ဆုတံဆိပ်တွေအတွက်မဟုတ်ဘဲ. ရည်ရွယ်ချက်နဲ့ အမွေအနှစ်အတွက်လို့ဆိုလို့ရပါတယ်။
ထိပ်တန်းဘောလုံးကမ္ဘာကနေ အနားယူလိုက်တဲ့အခါ လူအများစုက ဒါဟာ ဇာတ်လမ်းရဲ့ အဆုံးသတ်ပဲလို့ ထင်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ကို ရယူပြီးခဲ့သူ၊Liverpool အတွက် ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့သူ၊ Slovakia အသင်းကို ဦးဆောင်ခဲ့သူ၊ ဥရောပရဲ့ အကြီးကျယ်ဆုံးသော စင်မြင့်
ထက်တွေမှာ ကစားခွင့်ရခဲ့သူမို့လို့ပါ။
ဒါပေမယ့်… နောက်ပိုင်းမှာ ဖြစ်လာတဲ့ အရာတွေကတော့ ကွဲပြားခြားနားသွားပါတယ်။ ဘောလုံးကကနေ လှည့်ထွက်သွားမယ့်အစား Škrtel ကတစ်ခုခုကို ပြန်လည်ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်တယ်…
၂၀၂၂ ခုနှစ်မှာ İstanbul Başakşehir ကနေ ထွက်ခွာပြီး Slovakia မှာ သူ့ရဲ့ နောက်ဆုံးပရိုဖက်ရှင်နယ်ပွဲတွေကို ကစားခဲ့ပါတယ်။ သူဟာ Spartak Trnava ကို ပြန်လည်ဝင်ရောက်ခဲ့တယ်။သူ့ရဲ့ ပရိုဖက်ရှင်နယ်ခရီးစဉ် စတင်ခဲ့ရာ ကလပ်အသင်းပါပဲ။အဲ့ဒီမှာ သူဟာ ကလပ်အသင်းရဲ့ သမိုင်းမှတ်တိုင်ထဲမှာ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့တယ် – အသက် ၃၇ နှစ်အရွယ်မှာတောင် ရုန်းကန်လှုပ်ရှားမှုတွေ ဆက်လက်ရှိနေဆဲပါ။ အဲ့ဒီရာသီမှာပဲ… သူဟာ Spartak ကို Slovak Cup ဆုအောင်မြင်ဖို့ ကူညီပေးနိုင်ခဲ့တယ်။ Liverpool မှာ သူကစားခဲ့တာကို ကြည့်ပြီး ကြီးပြင်းလာခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ဆုတံဆိပ်တော့ ရယူန်ိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါဟာ စာဆိုတစ်ယောက်ရေးသလို လှပတဲ့ အဆုံးသတ်တစ်ခုပါပဲ.။ စစ်သူကြီးဟာ အိမ်ပြန်လာခဲ့ပြီး နောက်ဆုံးတစ်ကြိမ်အတွက် အောင်ပွဲခံနိုင်ခဲ့တာပေါ့။
ဒါပေမယ့်… Škrtel ရဲ့ ဇာတ်လမ်းက အဲ့ဒီမှာတင် ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး။သူ့မှာ ထပ်ပြီး ပေးဆပ်စရာတွေ ရှိနေသေးတယ်။၂၀၂၄ ခုနှစ်မှာ… သူ့ကို Slovakia ရဲ့ ရည်မှန်းချက်အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်ခုဖြစ်တဲ့ DAC 1904 Dunajská Streda ရဲ့ အားကစားဒါရိုက်တာ အဖြစ် ခန့်အပ်ခံခဲ့ရတယ်။ဒါဟာမလွယ်ကူတဲ့ ကဏ္ဍတစ်ခုပါပဲ။ သူဟာ.အဆောက်အဦတွေ ထူထောင်ဖို့ လူငယ်တွေရဲ့ ပါရမီကို ဖော်ထုတ်ဖို့ ၊ကစားသမားဖလှယ်ရေးတွေကို စီမံခန့်ခွဲဖို့၊ မျိုးဆက်သစ်တွေကို ပရိုဖက်ရှင်နယ်စိတ်ဓာတ် သင်ကြားပေးဖို့ လိုအပ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ တကယ့်ကို ဘောလုံ အာဇာနည်စိတ်ဓာတ်က ဘယ်လိုပုံစံမျိုးလဲဆိုတာ မြင်ဖူးခဲ့သူဖြစ်တဲ့ Martin Škrtel ထက်ပိုပြီး သင့်တော်တဲ့သူ ဘယ်သူရှိမလဲ?
လပေါင်းများစွာ ဒီကဏ္ဍမှာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်.သူဟာ စိန်ခေါ်မှုအသစ်တစ်ခုဆီကို ဆက်လက်ရွေ့လျားသွားခဲ့တယ်။ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ Škrtel ဟာ Spartak Trnava မှာ အားကစားဒါရိုက်တာ ရာထူးကို ထမ်းဆောင်ခဲ့တယ်.။ တစ်ခါက ခံစစကဏ္ဍကို ဦးဆောင်ခဲ့သူ ကစားသမားဟာ… အခုတော့ ကလပ်ရဲ့ အနာဂတ်ကို ဦးဆောင်နေတာပါ.။ သူဟာ… ရေရှည် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ချမှတ်ဖို့ စတင်ခဲ့တယ်။ Slovakia ဘောလုံးကို ခေတ်မီအောင် ကူညီပေးခဲ့တယ်။ ကလပ်အသင်းငယ်လေးတွေနဲ့ ဥရောပပြိုင်ပွဲတွေကြားက ကွာဟချက်ကို ပေါင်းကူးပေးခဲ့တယ်…
Škrtel က… Slovak လူငယ်ကစားသမားတွေကို “ အောင်မြင်မှုဆိုတာ ကံကောင်းခြင်းမဟုတ်ဘူး… ဒါဟာ စည်းကမ်းတွေပါ” ဆိုတဲ့ စိတ်ဓာတ်မျိုး ပေးချင်တယ်လို့ အင်တာဗျူးတွေမှာ ပြောဆိုခဲ့ဖူးတယ်။ဒီသတင်းစကားဟာ… သူတစ်ခါက Liverpool ရဲ့ နောက်တန်းမှာ ယူဆောင်ခဲ့တဲ့ အရာက်ိုထင်ဟပ်နေခဲ့ပါတယ်။ တိုးတက်ဖို့၊ ရုန်းကန်ဖို့၊ ဦးဆောင်ဖို့ ဆိုတဲ့ မရပ်မနား စိတ်ဆန္ဒပါပဲ…
စီမံခန့်ခွဲမှုကဏ္ဍအပြင်ဘက်မှာ… Škrtel ဟာ… ဘောလုံးရဲ့ စင်ကြယ်သော ပုံစံကိုလည်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်။ သူ့ရဲ့ ကလေးဘဝ ဇာတိမြို့ဖြစ်တဲ့ FK Hajskala Ráztočno ကို ပြန်သွားပြီး အဲ့ဒီမှာ ကစားခဲ့တယ်။ သူ့ရဲ့ ဘောလုံးခရီးစဉ် စတင်ခဲ့ရာ အခမဲ့ကလပ်အသင်းငယ်လေးပါ။ ပရိသတ်ကြီးကြီးမားမားမရှိတီဗီကင်မရာတွေ မရှိ၊လူထုဘောလုံးသက်သက်ပါ။ အဲ့ဒီမှာ… Škrtel ဟာ နံပါတ် ၁၀ အလယ်တန်း ကစားသမားအဖြစ်တောင် ကစားခဲ့တယ်။ သူဟာ အခုတော့ ပျော်ရွှင်မှုကို လိုက်ရှာနေတာပါ။ ကလေးဘဝတုန်းက ဘာကြောင့် ဘောလုံးစကစားခဲ့တယ်ဆိုတာ ကျွန်တော် မှတ်မိတယ်၊ ဘောလုံးကိုချစ်လို့ပါ” လို့ တစ်ခါက ပြောခဲ့ဖူးတယ်။
ဒီ Slovak ကျေးရွာလေးထဲမှာ… လူတွေက ပရီးမီးယားလိဂ်ကနေ ကျရှုံးသွားတဲ့ ကြယ်ပွင့်တစ်
ယောက်လို့ မြင်ကြတာမဟုတ်ဘူး။ သူတို့ကတော့… အိမ်ပြန်လာပြီး အားကစားကို ချစ်မြတ်နိုးလို့ ဆက်ကစားနေတဲ့ သူတို့ထဲက တစ်ယောက်အဖြစ် မြင်နေကြတာပါ။
သင့်အနေနဲ့ Škrtel ရဲ့ အနားယူပြီးနောက် ခရီးစဉ်ကို ကြည့်ရှုမယ်ဆိုရင်… ဒါဟာ ကြော်ငြာစာသားတွေ ၊စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ပြည့်နေတာ မဟုတ်ပါဘူး။ ဒါ့အစား… ပိုပြီးနက်ရှိုင်းတဲ့ အရာတစ်ခုခုနဲ့ ပြည့်နေတာပါ။. သစ္စာရှိမှု. သူဟာ သူလာခဲ့ရာနေရာကို သစ္စာရှိခဲ့တယ်.၊သူ့ကို ဒီလိုဖြစ်အောင် ပြုလုပ်ပေးခဲ့တဲ့ ဘောလုံးအပေါ်သစ္စာရှိခဲ့တယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့်… ဘောလုံးဟာ ကျော်ကြားမှုအတွက်ပဲဆိုတာကို သိနေကြတဲ့ ခေတ်သစ်ကစားသမားတွေအတွက် စံနမူနာတစ်ခု
ဖြစ်လာခဲ့တယ်။
ဒီနေ့အချိန်မှာ Martin Škrtel ဟာ.Anfield မှာ ဟစ်ကြွေးနေတဲ့ ခံစစ်သမား အဖြစ်နဲ့ မရှိတော့ပါဘူး။သူဟာ သင်ကြားပြသပေးသူ၊ ဘောလုံး ဒါရိုက်တာ၊ ခေါင်းဆောင် တစ်ခုခုကို ဆက်လက်ကာကွယ်နေဆဲပါ.။ဒါပေမယ့်.ဒီတစ်ကြိမ်မှာတော့… Slovak ဘောလုံးရဲ့ စိတ်ဓာတ်ကို ကာကွယ်နေတာပါ။ တစ်ခါက… သူဟာ ဂိုးတွေကို ရပ်တန့်ဖို့ ရုန်းကန်ခဲ့တယ်။ အခုတော့… သူဟာ အိပ်မက်တွေကို ဆောက်လုပ်ဖို့ ရုန်းကန်နေတယ်…
ဒါကြောင့်မို့လို့ Martin Škrtel ကို.အမြဲတမ်းအမှတ်ရနေကြမှာပါ။ Liverpool ရဲ့ သံမဏိလူသားအဖြစ်သာမက ဘယ်တော့မှ ရပ်တန့်မသွားခဲ့တဲ့ စစ်သူကြီးအဖြစ်နဲ့ပါ…