Innwa-Ads-Banner-1-1170X200

ချစ်လှစွာသော မန်ချက်စတာယူနိုက်တက်ထံပရိတ်သတ်များသို့ ပေးစာ- Bruno Fernandes ( Captain of Man United) အပိုင်း ၂

Ana ကို ကျွန်တော်တို့ ၁၆၊ ၁၇၊ ၁၈ နှစ်သားကတည်းက သိခဲ့တာ။ ဆယ်ကျော်သက်အရွယ်မှာ ဆုံခဲ့ကြတယ်၊ ပထမဆုံးတွေ့ဆုံချိန်မှာ ကျွန်တော်က ဘောလုံးသမားအနေနဲ့ ပိုက်ဆံမရခဲ့ဘူး၊ သူမကတော့ စနေနေ့တွေမှာ futsal အားကစားလက်ရွေးစင်အဖြစ် အလုပ်ကောင်းကောင်းရခဲ့တယ်။ သူမက စနေနေ့တစ်နေ့တည်းမှာ သုံးကြိမ်လေးကြိမ် ဆက်တိုက်ကစားလေ့ရှိပြီး တနင်္ဂနွေနေ့တိုင်းမှာ ရုပ်ရှင်ရုံကို သွားကြတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ ပိုက်ဆံသိပ်မရှိလို့ Ana ကပဲ ရုပ်ရှင်လက်မှတ်တွေကို ပေးချေခဲ့ရတယ်။ ညစာစားဖို့ အပြင်ထွက်တဲ့အခါမှာလည်း အတူတူပါပဲ။ ပီဇာဆိုင်မှာတောင် သူမပဲ ပေးချေခဲ့ရတယ်။ အသက် ၁၇ နှစ်မှာ အီတလီကိုပြောင်းတဲ့အခါ ပထမနှစ်မှာ လေ့ကျင့်ရေးစခန်းမှာနေခဲ့ပြီး အထက်တန်းပြီးတဲ့အခါ ၁၈ နှစ်မှာ သူမက ကျွန်တော့်နောက်ကို လိုက်လာခဲ့တယ်။ ပထမဆုံးနေ့ကတည်းက ဒီအိပ်မက်ကို ကျွန်တော်တို့ အတူတကွ လိုက်စားခဲ့ကြတာ။ဒါကြောင့် ကျွန်တော် ပျော်လွန်းလို့ ငိုခဲ့ရတာဟာ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းတစ်ခုလုံးကြောင့်ပါ။

Ana၊ ဒီအမှတ်တရက မင်းအတွက်ပါ… Udinese က အားကစားဒါရိုက်တာက အသင်းညစာစားပွဲမှာရှိနေချိန် ကျွန်တော့်ကို ဖုန်းခေါ်ပြီး သူတို့ ကျွန်တော့်ကို မလိုချင်တော့ဘူးလို့ ပြောခဲ့တဲ့အချိန်ကို မှတ်မိသေးလား။ ညစာစားပွဲကနေ ထွက်သွားပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့အကြောင်း မှတ်မိသေးလား။ ဟိုတယ်ခန်းထဲမှာ ငိုနေတဲ့အချိန်ကို မှတ်မိသေးလား။ မင်းဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား။ ဆက်သွားပါ။ ဒါဟာ မင်းရဲ့အိပ်မက်ပါ။ ဘယ်တော့မှမမေ့ပါဘူး။

အခု ကျွန်တော်တို့ ဘယ်မှာရှိနေကြတယ်ဆိုတာ ကြည့်လိုက်ပါ… ခက်ခဲတဲ့အချိန်တွေဟာ ကျွန်တော်တို့ကို ဘယ်တော့မှ မချိုးနှိမ်နိုင်ခဲ့ဘူး။ ကြီးပြင်းလာတဲ့အခါ ဒီအိပ်မက်ဟာ အမြဲတမ်း တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ခဲ့တယ်။ ကျွန်တော့်မှာ အရန်လုပ်ဖို့ တွေးထားတာ၊ အခြားစိတ်ဝင်စားမှုတွေ မရှိခဲ့ဘူး။ ကျောင်းမှာ နေ့လည်စာစားချိန် ကျွန်တော့်စိတ်ထဲမှာရှိတဲ့ တစ်ခုတည်းသောအရာက ကျောင်းကအပြင်ကို ပထမဆုံးထွက်ပြီး အကြီးတန်းကလေးတွေ မရောက်ခင် ဘောလုံးကွင်းကို “ သိမ်းပိုက်” ဖို့ပဲဖြစ်တယ်။ ဒီကလေးတွေက ဖက်ရှင်အကြောင်းပြောနေကြတာ၊ မနက်ဖြန်ကျောင်းကိုဘာဝတ်သွားရမလဲဆိုတာကို စိုးရိမ်နေကြတာတွေကို အခုမြင်ရတော့ ကျွန်တော်ရယ်မောမိတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်နဲ့ ကျွန်တော့်သူငယ်ချင်းတွေ ကျောင်းကိုဝတ်ဆင်သွားတဲ့အရာက ဂျင်းဘောင်းဘီတွေနဲ့ futsal ဖိနပ်တွေပဲဖြစ်လို့ပါ။ နေ့တိုင်း နေ့လည်စာစားချိန် ရွှံ့ထဲမှာကစားနေကြတယ်၊ ဂရုမစိုက်ကြဘူး။ ခရစ္စမတ်တုန်းက Ricardinho အတွက် သူတို့ပြုလုပ်ပေးတဲ့ Nike futsal ဖိနပ်တွေရခဲ့တယ်။ (Ricardinho ကိုမသိရင် အခု YouTube ကိုသွားကြည့်ကြည့်ပါ။ ကျွန်တော်က တကယ်ပဲ ဒီဖိနပ်တွေကို သတ်ခဲ့တယ်။ စုတ်ပြတ်သတ်အောင်စီးပြီး ဘောလုံးကန်ခဲ့တာပါ။ သူတို့အေးချမ်းစွာ အနားယူပါစေ။

တစ်စုံတစ်ခုကြောင့် အမေက အိမ်ထဲမှာနေခိုင်းတဲ့အခါ Sega (သို့) PlayStation မှာ ဘောလုံးကစားနေမိတယ်။ FIFA အကြောင်းပြောနေတာပါ။ ဂန္ထဝင်တွေအကြောင်းပြောနေတာ။ Championship Manager နဲ့ Pro Evolution Soccer တို့ပါ။ Facu. Roberto Larcos. Castolo. Koko. Minanda. Master League ရဲ့ ဂန္တဝင်တွေပါ။ ပန်းခြံရောက်ချိန်တိုင်း “ Man Red” ကို အောင်မြင်မှုဆီခေါ်ဆောင်နေခဲ့တယ်။ပန်းခြံရောက်နေချိန်မှာရော? ဒါဟာ ကျွန်တော့်အတွက် အပျော်ဆုံးနေရာပါပဲ။

ပေါ်တူဂီမှာ သူတို့ပထမဆုံးလုပ်ခဲ့တဲ့ မြက်ခင်းတုပါတဲ့ ပထမဆုံးပန်းခြံတွေထဲက တစ်ခုဟာ Porto မှာရှိတဲ့ ကျွန်တော့်အိမ်နားမှာရှိတယ်။ သဲနဲ့ရောထားတဲ့ astro ဖြစ်တယ်။ ကျွန်တော်တို့က “ O Sintético” လို့ခေါ်တယ်။ အခုတစ်ခါတစ်လေ အိမ်ပြန်တဲ့အခါ အဲဒီကိုမောင်းသွားပြီး အတိတ်ရဲ့ပျော်ရွှင်ကို ခံစားဖို့ ကားရပ်ထားတယ်။ အဲဒီပန်းခြံမှာ ဖခင်တစ်ယောက်က သူ့သားနဲ့အတူ ဘောလုံးကန်နေတာကိုမြင်ရင် ကျွန်တော်တို့ရဲ့မယုံနိုင်စရာကောင်းတဲ့အချိန်တွေ အားလုံးကို တွေးမိတယ် – ကျွန်တော်တို့ကစားခဲ့တဲ့သူငယ်ချင်းတွေ၊ ပြိုင်ဘက်တွေ၊ 5 vs 5ကစားပွဲတွေ၊ အတိတ်ကအချိန်တွေကနေ လွမ်းဆွတ်စရာအားလုံး၊ “ ဒီနေ့ငါက Cristiano!” လို့ပြောနေချိန်၊ မင်းသူငယ်ချင်းတွေက “ ငါက Messi! ငါက Deco! ငါက Figo!” လို့ပြောနေချိန်တွေပေါ့။ဘောလုံးအကြောင်းကို ချစ်ကြိုက်နေချိန်မှာလေ၊ သိတယ်နော်။ O Sintético ဆိုတာ မြင့်မြတ်တဲ့နေရာတစ်ခုပါ။ တစ်နေ့မှာ ကျွန်တော့်သားလေး နည်းနည်းကြီးလာရင် သူ့ကိုအဲဒီမှာ ကစားဖို့ခေါ်သွားမယ်။ပြီးတော့
တစ်နေ့မှာ နှစ်ပေါင်းများစွာကြာပြီး သူကြီးပြင်းလာတဲ့အခါ အဲဒီပန်းခြံကို ကားမောင်းသွားပြီး “ ဒီမှာ ငါသူငယ်ချင်းတွေနဲ့ ကစားခဲ့တယ်” လို့ပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်။

“ ဒီမှာ ငါစိတ်ကူးယဉ်အိမ်မက်စခဲ့တာ” ဆိုတောင် ပြောကောင်းပြောနိုင်မယ်။

ဒီသဲကွင်းပေါ်က ကလေးတစ်ယောက်အနေနဲ့ တစ်နေ့မှာ United အတွက်ကစားရမယ်လို့ ကျွန်တော်မြင်ယောင်ခဲ့တယ်။ သိသာထင်ရှားတာက Cristiano ခေတ်နဲ့ ၂၀၀၄ ဥရောပဖလားနဲ့ ၂၀၀၈ Champions League ခေတ်မှာ မွေးဖွားလာတဲ့ ကလေးတိုင်းဟာ ဒီအရူးအမူးအိပ်မက်တူတူကို ရှိခဲ့ကြမှာပါ။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့… ဘယ်လိုပြောရမလဲ။ ဒါဟာ အရူးအမူးမဟုတ်ခဲ့ဘူး။ ဒါဟာ ရှည်လျားတဲ့ ခရီးရဲ့ ခြေလှမ်းတစ်ခုလိုပဲ ကြည့်ခဲ့တယ်။ အရမ်းကို ရှည်လျားတဲ့ ခရီးတစ်ခုပေါ့။ ဒါပေမယ့် ဒါမဖြစ်ခင်အထိ ကျွန်တော် မရပ်ခဲ့ဘူး။

ဒါကြောင့် ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော့်ကိုယ်စားလှယ်က ဖုန်းခေါ်ပြီး United က ကျွန်တော့်ကိုလိုချင်တယ်လို့ပြောတဲ့အခါ အိပ်မက်ပြည့်သွားခဲ့တယ်။