Innwa-Ads-Banner-1-1170X200

Chelsea Vs Liverpool Preview

စနေ့ည မြန်မာစံတော်ချိန် ၁၁နာရီမှာ ယှဉ်ပြိုင်ကစားကြမယ့် ပရိသတ်တွေစောင့်နေကြတဲ့ပွဲကောင်းတစ်ပွဲရှိပါတယ်။ အဲဒီပွဲတစ်ခုကတော့ Liverpool နဲ့ Chelseaတို့ ထိပ်တိုက်တွေ့ဆုံကြမယ့် Premier League ပွဲစဉ် ၇ပဖြစ်ပါတယ်။ Arne Slot နဲ့ Enzo Maresca တို့ထိပ်တိုက်ရင်ဆိုင်ကြမယ့်ပွဲလို့ ဆိုနိုင်ပါတယ်။

Liverpool အတွက်ကတော့ ဒီပွဲဟာ အရှုံးတွေကမေရုန်းကန်ရမယ့်ဖြစ်ပါတယ်။ Crystal Palace ကို ရှုံးနိမ့်ထားပြီး Champions League မှာလည်း Galatasaray အခြေအနေမကောင်းတဲ့ညကို ကြုံခဲ့ရပါတယ်။ အထူးသဖြင့် goalkeeper Alisson Beckerဒဏ်ရာရတာဟာ ဒီ Chelsea ပွဲအတွက် Liverpool ကို ခက်ခဲစေမယ့် အချက်ပါ။ Alisson မရှိတဲ့အချိန်မှာ Giorgi Mamardashvili ဟာ goalkeeper အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ La Liga မှာ ထူးထူးခြားခြားစွမ်းဆောင်ခဲ့ပေမယ့် Premier League လို မြန်နှုန်းမြင့်၊ ဖိအားများတဲ့ ပွဲစဉ်တွေမှာ အောင်မြင်နိုင်မလားဆိုတာ တကယ့်
အရေးကြီးမယ့်စမ်းသပ်ချက်ပဲဖြစ်ပါတယ်။ Liverpool အနေနဲ့ Jeremie Frimpong နဲ့ Kerkez တို့ခြေစွမ်းပြဖို့ ကြိုးစားမယ့်အချိန်မှာ Dominik Szoboszlai ကိုလည်း slot အနေနဲ့ အကျိုးရှိအောင် အသုံးချရမှာဖြစ်ပါတတယ်။ ဒါပေမယ့် လိုအပ်ချက်ကတော့ လုံခြုံစွာ ခံစစ်ကာကွယ်နိုင်မယ့် စနစ်တစ်ခုပါ။ Florian Wirtz လည်း form မကောင်းတဲ့အတွက်ဒီပွဲမှာလူစားဝင်ကစားသမားအဖြစ်ထ မျှော်လင့်ရတယ်။

ပြိုင်ဘက်Chelsea အတွက်လည်း အချိန်ကောင်းမဟုတ်ပါဘူး။ Cole Palmer လို Star Player ကို ဆုံးရှုံးထားရမှာဖြစ်တဲ့အတွက် creative option အားနည်းနေမှာသေချာပါတယ်။ Trevoh Chalobah ကလည်း အနီကတ်နဲ့ ပွဲပယ်ခံထားရတာကြောင့် မပါဝင်နိုင်ပါဘူး။ Enzo Maresca အတွက်တော့ အဲဒီလို key player တွေမရှိပေမယ့် နဲ့ လူငယ်ကစားသမားတွေနဲ့ tactical အပြောင်းအလဲအသစ်တွေ စမ်းသပ်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။Chelsea အနေနဲ့တော့ Enzo Fernandez ကို ကွင်းလယ်မှာ ထုံးစံအတိုင်းထောက်တိုင်အဖြစ်အသုံးချရမှာဖြစ်ပါတယ်။ Estevaoကို creative လိုအပ်ချက်ဖြည့်ဖို့ အသုံးချမယ်လို့ သတင်းထွက်နေတာကြောင့် အဓိကကစားသမားအဖြစ်ပါဝင်လာနိုင်ပါတယ်။ ဒိပွဲအတွက် နည်းဗျူဟာတစ်ခုထဲသာမက tactical decision များစွာ သေချာအောင် တာဝန်ယူရမှာပါ။ Chelsea ရဲ့ ခံစစ်ကာကွယ်ရေးမှာ Levi Colwill၊ Wesley Fofana တို့မရှိတာကြောင့် Benoît Badiashile တစ်ဦးတည်း ရှိတာကြောင့် အလွန်အားနည်းနေတာတွေ့ရတယ်။

Opta ရဲ့ ခန့်မှန်းချက်အရတော့ Liverpool ဟာ ၄၂% အနိုင်ရနိုင်ချေရှိပေမယ့် ပွဲစဉ်ပေါ်မူတည်ပြီး သရေ သို့မဟုတ် ရှုံးနိမ့်မှုလဲဖြစ်နိုင်ပါသေးတယ်။ Sports Mole ကလည်း ဒီပွဲကို ၁-၁ အဖြေမထွက်မယ်လို့ ခန့်မှန်းထားပါတယ်။
ပွဲရဲ့ Key Point တွေကို ပြောရမယ်ဆိုရင် –
1. Mamardashvili ဘယ်လို စွမ်းဆောင်မလဲ
2. Chelsea ခံစစ်ကာကွယ်ရေး တည်ငြိမ်မှု
3. Creative spark အနေနဲ့ ဘယ်အသင်းက ပိုမိုထိရောက်မလဲ
4. Liverpool အနေနဲ့ consecutive lossသုံးပွဲ ဆက်မှာလား ဒါတွေက Key pointဖြစ်လာမှာပါ။

ဒီပွဲစဉ်အတွင်းမှာ သေချာစွာ ထိထိရောက်ရောက် ကစားနိုင်မယ်ဆိုရင် Liverpool က အိမ်ပြန်လမ်းကို အနိုင်ရနိုင်မယ်။ ဒါပေမယ့် Chelsea ကလည်း Stamford Bridge မှာ အအားစိုက်ကစားကြမယ်ဆိုရင် မထင်ထားလောက်တဲ့ အံ့သဩဖွယ်ရလဒ်မျိုးထွက်နိုင်မှာဖြစ်ပါတယ်။